. . .
. . .

အြန္လိုင္းသံုးရင္း ဖုန္းနဲ႔ စာရိုက္မ်ားတတ္တဲ့ ကိုကိုမမတိုင္း ဖတ္ျဖစ္ေအာင္ ဖတ္ၾကည့္ပါေနာ္..။

ဖုန္းနဲ႔ စာ႐ိုက္ေလ့ ရွိတဲ့သူေတြ ဒီစာေလး ဖတ္ၾကည့္ေနာ္

ဆယ္ေက်ာ္သက္လူငယ္ အမ်ားစုက ကြန္ပ်ဴတာ အသုံးျပဳျခင္းထက္ ဖုန္းအသုံးျပဳျခင္းက ပိုမ်ားပါတယ္။ လူငယ္ အမ်ားစုက လူမႈကြန္ယက္မ်ား အသုံးျပဳျခင္း ႏွင့္ online learning ေတြရွိတာေၾကာင့္ ဖုန္းနဲ႔ စာ႐ိုက္ျခင္းျဖင့္ အခ်ိန္ကုန္ေလ့ ရွိၾကပါတယ္။ ဖုန္းျဖင့္ စာ႐ိုက္ျခင္း၊ ဖုန္းေတြကိုပဲ အခ်ိန္တိုင္းၾကည့္ေနတတ္ျခင္းက လူငယ္ေတြမွာ က်န္းမာေရး ျပႆနာမ်ားစြာ ရွိလာႏိုင္ပါတယ္။

ဖုန္းေတြကိုပဲ အခ်ိန္တိုင္း ၾကည့္ၿပီး စာ႐ိုက္ေနေလ့ရွိတဲ့ လူငယ္ေတြက အိပ္ခ်ိန္ေတြ ေက်ာ္လြန္တတ္တဲ့အျပင္ မ်က္စိကိုပါ ထိခိုက္လာႏိုင္ပါတယ္။ ဒါ့အျပင္ လူေနမႈဘဝႏွင့္ တိုးတက္မႈ အခြင့္အလမ္းမ်ားကိုပါ အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ လူမႈကြန္ယက္ အသုံးမ်ားျခင္းကလည္း ပညာေရးကိုပါ ထိခိုက္ေစႏိုင္ပါတယ္။ အခ်ိန္တိုင္း ဖုန္းနဲ႔စာ႐ိုက္ဖို႔ ႀကိဳးစားေနသူေတြက အိပ္ခ်ိန္မွာလည္း ျပႆနာ ရွိပါတယ္။ အိပ္ေရးမဝျခင္းႏွင့္ ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားကိုလည္း ခံစားရမွာျဖစ္ပါတယ္။

လူငယ္ေတြ ဖုန္းျဖင့္ စာ႐ိုက္ျခင္းသည္ ဖုန္းေျပာခ်ိန္ ၊ သူငယ္ခ်င္းေတြနဲ႔ ေတြ႕ဆုံခ်ိန္ (သို႔) အီးေမးလ္ အသုံးျပဳခ်ိန္ေတြထက္ ပိုမ်ားေနပါတယ္။ ဖုန္းျဖင့္ စာ႐ိုက္မ်ားတဲ့ လူငယ္ေတြမွာ အမ်ားဆုံး ျဖစ္ေလ့ရွိတာကေတာ့ စိတ္ဖိစီးမႈ ၊ ေမာပန္းႏြမ္းနယ္မႈ နဲ႔ အျခားစိတ္ပိုင္းဆိုင္ရာ ျပႆနာေတြ ရွိလာႏိုင္ပါတယ္။ သူငယ္ခ်င္းေတြ (သို႔မဟုတ္) မိသားစုေတြနဲ႔ ေတြ႕ဆုံတဲ့အခ်ိန္ေတြႏွင့္ စာသင္ခန္းေတြမွာ ဖုန္းျဖင့္ စာ႐ိုက္ေနျခင္းက ပတ္ဝန္းက်င္ကို အေလးမထားရာ ေရာက္ပါတယ္။ ေပါင္းသင္းဆက္ဆံေရး မွာလည္း ညံ့လာႏိုင္ၿပီး ပတ္ဝန္းက်င္ကို ေလးစားမႈ၊ အာ႐ုံစူးစိုက္မႈလည္း ေလ်ာ့က်သြားပါတယ္။

ဒါ့အျပင္ ဖုန္းမွာပါတဲ့ Keyboard ေလးေတြက ေသးငယ္လြန္းတာေၾကာင့္ အာ႐ုံစိုက္ၿပီး စာ႐ိုက္တာ ၾကာလာတဲ့အခါ မ်က္လုံးကို သိသာစြာ ထိခိုက္ ပ်က္စီးေစပါတယ္။ ဒါ့အျပင္ လက္ေကာက္ဝတ္ နာက်င္ျခင္းႏွင့္ ဇက္ေၾကာတက္ျခင္းကိုလည္း ခံစားလာရမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဆယ္ေက်ာ္သက္ လူငယ္မ်ားအေနျဖင့္ လိုအပ္သည္ထက္ပို၍ ဖုန္းကို အသုံးမျပဳၾကဖို႔နဲ႔ ဖုန္းျဖင့္ စာ႐ိုက္ျခင္းကို အတိုင္းအတာ တစ္ခုအထိ ေရွာင္ရွားၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

အားလုံးပဲ စိတ္ခ်မ္းသာ ကိုယ္က်န္းမာၿပီး က်န္းမာေပ်ာ္႐ႊင္ၾကပါေစခင္ဗ်ာ။

သတင္းအရင္းအျမစ္ – Google

===========

ဖုန်းနဲ့ စာရိုက်လေ့ ရှိတဲ့သူတွေ ဒီစာလေး ဖတ်ကြည့်နော်

ဆယ်ကျော်သက်လူငယ် အများစုက ကွန်ပျူတာ အသုံးပြုခြင်းထက် ဖုန်းအသုံးပြုခြင်းက ပိုများပါတယ်။ လူငယ် အများစုက လူမှုကွန်ယက်များ အသုံးပြုခြင်း နှင့် online learning တွေရှိတာကြောင့် ဖုန်းနဲ့ စာရိုက်ခြင်းဖြင့် အချိန်ကုန်လေ့ ရှိကြပါတယ်။ ဖုန်းဖြင့် စာရိုက်ခြင်း၊ ဖုန်းတွေကိုပဲ အချိန်တိုင်းကြည့်နေတတ်ခြင်းက လူငယ်တွေမှာ ကျန်းမာရေး ပြဿနာများစွာ ရှိလာနိုင်ပါတယ်။

ဖုန်းတွေကိုပဲ အချိန်တိုင်း ကြည့်ပြီး စာရိုက်နေလေ့ရှိတဲ့ လူငယ်တွေက အိပ်ချိန်တွေ ကျော်လွန်တတ်တဲ့အပြင် မျက်စိကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒါ့အပြင် လူနေမှုဘဝနှင့် တိုးတက်မှု အခွင့်အလမ်းများကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်။ လူမှုကွန်ယက် အသုံးများခြင်းကလည်း ပညာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အချိန်တိုင်း ဖုန်းနဲ့စာရိုက်ဖို့ ကြိုးစားနေသူတွေက အိပ်ချိန်မှာလည်း ပြဿနာ ရှိပါတယ်။ အိပ်ရေးမဝခြင်းနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်း ခံစားရမှာဖြစ်ပါတယ်။

လူငယ်တွေ ဖုန်းဖြင့် စာရိုက်ခြင်းသည် ဖုန်းပြောချိန် ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံချိန် (သို့) အီးမေးလ် အသုံးပြုချိန်တွေထက် ပိုများနေပါတယ်။ ဖုန်းဖြင့် စာရိုက်များတဲ့ လူငယ်တွေမှာ အများဆုံး ဖြစ်လေ့ရှိတာကတော့ စိတ်ဖိစီးမှု ၊ မောပန်းနွမ်းနယ်မှု နဲ့ အခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ သူငယ်ချင်းတွေ (သို့မဟုတ်) မိသားစုတွေနဲ့ တွေ့ဆုံတဲ့အချိန်တွေနှင့် စာသင်ခန်းတွေမှာ ဖုန်းဖြင့် စာရိုက်နေခြင်းက ပတ်ဝန်းကျင်ကို အလေးမထားရာ ရောက်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး မှာလည်း ညံ့လာနိုင်ပြီး ပတ်ဝန်းကျင်ကို လေးစားမှု၊ အာရုံစူးစိုက်မှုလည်း လျော့ကျသွားပါတယ်။

ဒါ့အပြင် ဖုန်းမှာပါတဲ့ Keyboard လေးတွေက သေးငယ်လွန်းတာကြောင့် အာရုံစိုက်ပြီး စာရိုက်တာ ကြာလာတဲ့အခါ မျက်လုံးကို သိသာစွာ ထိခိုက် ပျက်စီးစေပါတယ်။ ဒါ့အပြင် လက်ကောက်ဝတ် နာကျင်ခြင်းနှင့် ဇက်ကြောတက်ခြင်းကိုလည်း ခံစားလာရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဆယ်ကျော်သက် လူငယ်များအနေဖြင့် လိုအပ်သည်ထက်ပို၍ ဖုန်းကို အသုံးမပြုကြဖို့နဲ့ ဖုန်းဖြင့် စာရိုက်ခြင်းကို အတိုင်းအတာ တစ်ခုအထိ ရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကျန်းမာပျော်ရွှင်ကြပါစေခင်ဗျာ။

သတင်းအရင်းအမြစ် – Google