ရာဧကရာဇ္မင္း၏ ခုႏွစ္ရက္ သားသမီး ေဟာစာတမ္း

(21.10.2018) မွ (27.10.2018) ခုႏွစ္ရက္ သားသမီး ေဟာစာတမ္း….

ပုထုဇဥ္ျဖစ္တဲ့ လူသားပီပီ ကိုယ္ေလွ်ာက္ရမယ့္ ခရီး႐ွည္ႀကီးဟာ ၾကမ္းမလား ၊ လန္းမလား စဥ္းစားၾကည့္ၾကမွာပါ ၊ (အပ်က္) ကိုမႈ စဥ္းစားသူ မ႐ွိသေလာက္ နည္းမည္ ထင္ပါသည္ ။ တကယ္မွာ မနက္ျဖန္ ေရႊထုပ္ႀကီး ရမည္ဟူေသာ (အျဖစ္) တရားထက္…. မနက္ျဖန္ (ေငြ) က်ေပ်ာက္မည္ဆိုေသာ (အပ်က္) တရားက ပို၍ အေရးႀကီးေၾကာင္း…

(တနဂၤေႏြ) သားသမီးမ်ားအတြက္ အေဟာ…

အတိုက္အခံ ျပႆနာ မကင္းသည့္ ေငြေၾကးပိုင္း အက်ဳိးရွိ ကံေကာင္းမႈမ်ား ေတြ႕ႀကံဳလာမည္ ။ အခြင့္အေရးေကာင္းမ်ား ေပၚေပါက္လာေသာ္လည္း ဝီရိယအားနည္းမႈေၾကာင့္ လြဲေခ်ာ္ေနမည္ ။ ျဖစ္လိုသည္က တစ္မ်ဳိး ၊ ျဖစ္လာသည္က တစ္ဖံု ႀကံဳရတတ္သည္ ။

လုပ္ငန္းခြင္တြင္ ဘာပဲလုပ္လုပ္ ေအာင္ျမင္မႈကို ရပါလိမ့္မည္ ။ ေရရွည္ ဒုကၡေပးေနၾကသူမ်ားေၾကာင့္ ျဖစ္ေပၚလာတတ္သည့္ ျပႆနာမ်ားကို သတိထားေနပါ ။ ေျပာစကား ဆိုစကား အရာမဝင္ ျဖစ္ေနတတ္၍ လူအမ်ားႏွင့္ ျငင္းခံု ေျပာဆိုျခင္းကို ဆင္ျခင္သင့္သည္ ။

ရာဧကရာဇ္မင္း၏ ခုႏွစ္ရက္ သားသမီး ေဟာစာတမ္း 2

ငယ္ရြယ္သူမ်ား အခ်စ္ေရးကံေခမႈ မ်ားျပား၍ စိတ္ဖိစီးမႈ မၾကာခဏ ေတြ႕ႀကံဳတတ္သည္ ။ ျပႆနာရွာသည့္ ခ်စ္သူအေပၚ အေလွ်ာ့ေပး အနစ္နာခံ ေနရတတ္သည္ ။ အိမ္ေထာင္ရွင္မ်ား မိသားစု ေအးခ်မ္းေအာင္ ေနပါ ။ စကားမ်ားတာ ၊ ရန္ျဖစ္တာ ၊ ဆူပူတာျဖစ္လွ်င္ လာဘ္ပိတ္တတ္သည္ ။

ယၾတာ ။ ။ လူသြားလမ္း ၊ ဓမၼာရံု ရင္ျပင္ေတာ္မ်ားတြင္ တံျမက္စည္းလွည္းပါ ။

(တနလာၤ) သားသမီးမ်ားအတြက္ အေဟာ…

မိမိ လုပ္ကိုင္ေနရသည့္ အလုပ္သည္ မိမိတြင္ ပညာခန္းဆိုင္ရာ ကၽြမ္းက်င္မႈ မရွိသျဖင့္ ဝန္ထုပ္ဝန္ပိုး ျဖစ္ေနေပလိမ့္မည္ ။ ျပႆနာတစ္ခုၿပီးတစ္ခု ရင္ဆိုင္ရမည္ ။ ယခုအေတာအတြင္း စိတ္မရွင္းသည္ကိစၥ ေဝခြဲဆံုျဖတ္ရန္ ခက္သည့္ကိစၥတစ္ခု ႀကံဳရတတ္သည္ ။

မဟုတ္သတင္း ၊ မမွန္သတင္း အလႊင့္ခံရတတ္သည္ ။ အနီးကပ္ရန္ရွိသည္ ။ ဝန္ထမ္းမ်ား နယ္ေဝးရပ္ျခားသို႔ ေျပာင္းေရြ႕ခံရတတ္သည္ ။ အႀကီးအကဲ မိသားစုအသိုင္းအဝန္းျဖင့္ နားလည္းမႈ လြဲေခ်ာ္ေနမည္ ။

ငယ္ရြယ္သူမ်ား အခ်စ္ေရးမွာ တက်က္က်က္ ရန္ျဖစ္ေနရ တတ္သည္ ။ သေဘာထားေျပာင္းသည့္ ခ်စ္သူကို သတိထားပါ ။ အိမ္ေထာင္ရွင္မ်ား သံသယ အေတြးမ်ားျဖင့္ ျပႆနာရွာ ခံရတတ္သည္ ။ တစ္ေယာက္ႏွင့္ တစ္ေယာက္ အလစ္မေပး ၊ သံသယနွင့္ ေစာင့္ၾကည့္ေနမည္ ။

ယၾတာ ။ ။ ဘုရားတစ္ဆူကို သြားၿပီး ပန္းအႏြမ္းေတြ ပန္းေျခာက္ေတြ ၊ ဖေယာင္းတိုင္ ထြန္းထားတဲ့ အမႈိက္သရိုက္ေတြ ရွင္းလင္းပါ ။

(အဂၤါ) သားသမီးမ်ားအတြက္ အေဟာ…

ရုတ္တရက္ မထင္မွတ္သည့္ အခြင့္အေရးေကာင္း အေျခအေနေကာင္းမ်ား ေတြ႕ႀကံဳေပၚေပါက္လာၿပီး ၊ မိမိ၏ ဂုဏ္သတင္း ထင္ေပၚ ေက်ာ္ေစာမည္ ။ လူအမ်ား အာရံုမထားေသာ စီးပြားေရးလုပ္ငန္းကို ဆင္ေျခတံုးတရားျဖင့္ စြန္႔စားလႈပ္ရွားမႈတို႔ အဆင္ေျပလိမ့္မည္ ။

လွ်ပ္တစ္ျပတ္ ေပၚေပါက္လာတတ္သည့္ အႀကံဥာဏ္ ေကာင္းမ်ားေၾကာင့္ ေငြေၾကးကံ အထူေကာင္းမည္ ။ လုပ္ငန္းကိစၥမ်ားအတြက္ ခရီးေဝးမ်ား သြားလာရၿပီး အက်ဳိးရွိမည္ ။ ေခါင္းအံု ၊ ေခါင္းကိုက္ ၊ ဇက္ေၾကာထိုးကလြဲလို႔ က်န္းမာေရး ေကာင္းေနမည္ ။

ငယ္ရြယ္သူမ်ား အခက္အခဲမ်ား ေက်ာ္ျဖတ္ရန္ ခ်စ္သူထံမွ အကူအညီေကာင္းမ်ား ရရွိမည္ ။ ရင္ခုန္သံ စည္းခ်က္ ထပ္တူညီစြာျဖင့္ ေရႊေရာင္ အနာဂါတ္မ်ား ေက်ာ္ျဖတ္ခြင္ရရွိမည္ ။

အိမ္ေထာင္ရွင္မ်ား အတိတ္ကိုလွန္ၿပီး အနားေဟာင္းကို မထိုးဆြမိေအာင္ သတိျပဳ၍ ေရွာင္ပါ ။ မေရွာင္ႏိုင္က ေမာင္ႏွင့္မယ္ လမ္းခြဲရတတ္ပါသည္ ။

ယၾတာ ။ ။ ေက်ာင္းသား ၊ ေက်ာင္းသူမ်ားကို စာအုပ္ႏွင့္ စာေရးကရိယာ လွဴဒါန္းပါ ။

(ဗုဒၶဟူး) သားသမီးမ်ားအတြက္ အေဟာ…

ပစ္တိုင္းေထာင္ကဲ့သို႔ အၿမဲတမ္း တည့္မတ္ တည္ၿငိမ္စြာ ေထာင္ေနပါလိမ့္မည္ ။ အေျပာေကာင္းသူက မိမိစီးပြားေရး ရည္ရြယ္ခ်က္ ေအာင္ျမင္မႈကို ေရွ႕သို႔ တြန္းပို႔ႏိုင္သကဲသို႔ ၊ ေနာက္သို႔လည္း ျပန္ဆြဲႏိုင္၏။

စာခ်ဳပ္စာတမ္းႏွင့္ ပတ္သက္၍ လည္းေကာင္း ၊ ေငြေၾကးကိစၥႏွင့္ ပတ္သက္၍ လည္းေကာင္း မၾကာခဏ စကားအေျခအတင္ ေျပာေနရတတ္သည္ ။ မိမိႏွင့္ သက္ဆိုင္မႈမရွိေသာ ကိစၥမ်ားတြင္ ပါဝင္ ကူညီေပးျခင္းကို ေရွာင္ပါ ။ ေလာကဓံတရားတို႔က သင့္ကို နည္းလမ္း အမ်ဳိးမ်ဳိးႏွင့္ အားစမ္းေနပါလိမ့္မည္ ။

ငယ္ရြယ္သူမ်ား ခ်စ္သူအေပၚ ဗိုလ္က် အႏိုင္ယူလိုစိတ္မ်ားေနမည္ ။ ခ်စ္သူမရွိေသးသူမ်ားလည္း အခ်စ္ လက္တည့္ မစမ္းသင့္ပါ ။ အိမ္ေခထာင္ရွင္မ်ား မိမိအိမ္ေထာင္ဖက္အေပၚ အျမင္မၾကည္လင္မႈမ်ား ရွိေနမႈေၾကာင့္ ရန္တက်က္က်က္ ျဖစ္ရတတ္မည္ ။

ယၾတာ ။ ။ ခရီးသြားမည့္ သူမ်ားကို အစာအဟာရလွဴ၍ ဆုေတာင္းပါ ။

(ၾကာသပေတး) သားသမီးမ်ားအတြက္ အေဟာ..

အဆင္မေျပမႈမ်ားေၾကာင့္ စိတ္ပိုင္းဆိုင္ရာ ဒဏ္ရာဒဏ္ခ်က္မ်ား ေပါက္ဖြားရွင္သန္ လာတတ္သည္ ။ လူမႈေရး အေပ်ာ္အပါး ကိစၥမ်ားအတြက္ ဂုဏ္သတင္း ညိွးႏြမ္းရတတ္သည္ ။ မိသားစုအတြင္း စိတ္ညစ္စရာမ်ား တစ္ပူေပၚ တစ္ပူဆင့္ျဖစ္ေနလိမ့္မည္ ။

ရည္မွန္းခ်က္ ၊ ရည္ရြယ္ခ်က္ ႀကီးမားလြန္းေသာ္လည္း လက္ေတြ႕မွာ အေကာင္အထည္ ေဖာ္ရန္ အခက္အခဲေတြ႕ရတတ္သည္ ။ စမ္းတဝါးဝါး ေလွ်ာက္လွမ္းေနရလိမ့္မည္ ။ ျဖစ္ေပၚလ်က္ရွိသည့္ ျပႆနာမ်ားကို ေျဖရွင္းၿပီးသည့္တိုင္ေအာင္ အျငင္းအခုန္ျဖစ္မႈမ်ားကို သတိထားေနပါ ။

ငယ္ရြယ္သူမ်ား အခ်စ္ေရးမွာ ခ်စ္သူက ေတာထဲက က်ားထက္ ရက္စက္သူ ျဖစ္ေနတတ္သည္ ။ နားလည္းမႈ လြဲေခ်ာ္ေနခ်ိန္ ျဖစ္ၿပီး အမုန္းအရိပ္ဆိုး မ်ားၾကား ခြဲခြာသြားရတတ္သည္ ။ အိမ္ေထာင္ရွင္မ်ား ညိွႏိႈင္းရန္ ၾကန္႔ၾကာမည္ ၊ အိမ္ေထာင္ေရး တုိက္ပြဲမ်ား ဆင္ႏႊဲေနရမည္ ။

ယၾတာ ။ ။ ပိေတာက္ညြန္႔ ဘုရားလွဴပါ ။

(ေသာၾကာ) သားသမီးမ်ားအတြက္ အေဟာ…

လူလိမ္လူေကာက္မ်ား အမွတ္မထင္ ေရာက္လာတတ္သည္ ။ သူတစ္ပါးအမႈ အာမခံ မျပဳသင့္ပါ ။ သူတစ္ပါးက အမႈဆင္ အကြက္ဆင္ နာမည္ဖ်က္ တတ္သည္ ။ မအူမလည္ ျပႆနာမ်ားကို တစ္ခုမဟုတ္ တစ္ခု ႀကံဳရတတ္သည္ ။

တစ္ခုထက္ပိုေသာ လုပ္ငန္းမ်ားကို ေလွ်ာ့ခ်ပါ ။ ေငြေၾကး ျပန္႔လြင့္ေနၿပီး ထိေရာက္မႈမရွိ ျဖစ္ေနမည္ ။ လက္ေတြ႕ႏွင့္ စိတ္ကူး ၊ မတူညီမႈမ်ားစြာ ႀကံဳရ ဆံုရတတ္သည္ ။ ဆႏၵႏွင့္ ဘဝ တစ္ထပ္တည္း က်မေနတတ္ေပ ။ ေတ့လြဲမ်ား မၾကာခဏ ႀကံဳရတတ္သည္ ။

ငယ္ရြယ္သူမ်ား အခ်စ္ေရးကိစၥမွာ အျမင္က်ယ္က်ယ္ျဖင့္ စင္စင္ၾကယ္ၾကယ္ ခ်စ္ခြင့္ ႀကံဳရတတ္သည္ ။ လွပလြန္းေသာ အခ်စ္အိပ္မက္ကေလး တစ္ခုကို ျမွားနတ္ေမာင္က ဖန္ဆင္းေပးပါလိမ့္မည္ ။

အိမ္ေထာင္ရွင္မ်ား မိဘေဆြမ်ဳိးမ်ား ၾကားမွာ ႀကိတ္မွိတ္ သည္းခံေနရမည္ ။ အစစ သူ႔မ်က္ႏွာၾကည့္၍ လုပ္ကိုင္ေနရသျဖင့္ ဘဝကို မေက်မနပ္ ျဖစ္ေနမည္ ။

ယၾတာ ။ ။ ခေရညြန္႔ ဘုရားကပ္လွဴပါ ။

ရာဧကရာဇ္မင္း၏ ခုႏွစ္ရက္ သားသမီး ေဟာစာတမ္း 3

(စေန) သားသမီးမ်ားအတြက္ အေဟာ…

စိတ္ကူးသစ္မ်ား ေမြးဖြားျဖစ္တည္၍ အနာဂတ္ ဆႏၵမ်ားဆီသို႔ ခရီးဆက္ ရြက္လႊင္ခြင့္ ရရွိမည္ ။ ေလ့လာဆည္းပူထားေသာ အသိပညာ အတတ္ပညာ မ်ားကို အသံုးခ်ခြင့္ ရရွိေပလိမ့္မည္ ။ ရပ္ေဝးမွ အဆက္အသြယ္ သတင္းစကား ေကာင္းမ်ား ၾကားရတတ္သည္ ။

သြားရမည့္ ခရီးတစ္ခုအတြက္ တက္ႂကြေနတတ္သည္ ။ ေပါ့ေပါ့ဆဆေတာ့ မေနပါႏွင့္ မမွားေတာ့လည္း မမွားလို႔ ၊ အမွား ပါလာၿပီးဆိုရင္လည္း ဘာလုပ္လုပ္ အဆင္မေျပတာမ်ဳိး ႀကံဳရတတ္သည္ ။

ငယ္ရြယ္သူမ်ား မိမိခ်စ္သူ စည္းမထားမႈ သစၥာမဲ့မႈမ်ားအတြက္ သူငယ္ခ်င္း အခ်င္းခ်င္းက ရန္သူေတြ ျဖစ္သြားတတ္သည္ ။ ဘဝဒဏ္ရာ ဒဏ္ခ်က္ေတြေၾကာင့္ ခ်စ္ရမွာ ေၾကာက္ေနေသာ္လည္း အားကိုးရမည့္ သူကို တမ္းတေနမည္ ။

အိမ္ေထာင္ရွင္မ်ား မိမိအိမ္တြင္ ညဥ့္အိပ္ညဥ့္ေန ဧည့္သည္မ်ားကို လက္မခံသင့္ပါ ။ သူတစ္ပါး ျပႆနာ အိမ္ေပၚ ပါလာမည္ ။ အပိုကုန္ေငြ မ်ားမည္ ။

ယၾတာ ။ ။ ေနအိမ္ ဘုရားေက်ာင္းေဆာင္ သန္႔ရွင္းေရး လုပ္ပါ ။ ဘုရား ေရသပၸာယ္ပါ ။

မိမိတို႔ရဲ႕ မိတ္ေဆြ သူငယ္ခ်င္းမ်ားကို ဖတ္႐ႈေစခ်င္ရင္ (like and share) လုပ္ေပးျခင္းျဖင့္ ကူညီပါ မွ်ေဝေပးၾကပါ ခင္ဗ်ာ ။

သင္တို႔၏ အက်ဳိးကို လိုလားေသာ…

🔯 ဆရာဧကရာဇ္မင္း 🔯

(တဲေရာ့ ၊ ေဗဒ ၊ လကၡဏာ)

===============

(21.10.2018) မှ (27.10.2018) ခုနှစ်ရက် သားသမီး ဟောစာတမ်း….

ပုထုဇဉ်ဖြစ်တဲ့ လူသားပီပီ ကိုယ်လျှောက်ရမယ့် ခရီးရှည်ကြီးဟာ ကြမ်းမလား ၊ လန်းမလား စဉ်းစားကြည့်ကြမှာပါ ၊ (အပျက်) ကိုမှု စဉ်းစားသူ မရှိသလောက် နည်းမည် ထင်ပါသည် ။ တကယ်မှာ မနက်ဖြန် ရွှေထုပ်ကြီး ရမည်ဟူသော (အဖြစ်) တရားထက်…. မနက်ဖြန် (ငွေ) ကျပျောက်မည်ဆိုသော (အပျက်) တရားက ပို၍ အရေးကြီးကြောင်း…

(တနင်္ဂနွေ) သားသမီးများအတွက် အဟော…

အတိုက်အခံ ပြဿနာ မကင်းသည့် ငွေကြေးပိုင်း အကျိုးရှိ ကံကောင်းမှုများ တွေ့ကြုံလာမည် ။ အခွင့်အရေးကောင်းများ ပေါ်ပေါက်လာသော်လည်း ဝီရိယအားနည်းမှုကြောင့် လွဲချော်နေမည် ။ ဖြစ်လိုသည်က တစ်မျိုး ၊ ဖြစ်လာသည်က တစ်ဖုံ ကြုံရတတ်သည် ။

လုပ်ငန်းခွင်တွင် ဘာပဲလုပ်လုပ် အောင်မြင်မှုကို ရပါလိမ့်မည် ။ ရေရှည် ဒုက္ခပေးနေကြသူများကြောင့် ဖြစ်ပေါ်လာတတ်သည့် ပြဿနာများကို သတိထားနေပါ ။ ပြောစကား ဆိုစကား အရာမဝင် ဖြစ်နေတတ်၍ လူအများနှင့် ငြင်းခုံ ပြောဆိုခြင်းကို ဆင်ခြင်သင့်သည် ။

ငယ်ရွယ်သူများ အချစ်ရေးကံခေမှု များပြား၍ စိတ်ဖိစီးမှု မကြာခဏ တွေ့ကြုံတတ်သည် ။ ပြဿနာရှာသည့် ချစ်သူအပေါ် အလျှော့ပေး အနစ်နာခံ နေရတတ်သည် ။ အိမ်ထောင်ရှင်များ မိသားစု အေးချမ်းအောင် နေပါ ။ စကားများတာ ၊ ရန်ဖြစ်တာ ၊ ဆူပူတာဖြစ်လျှင် လာဘ်ပိတ်တတ်သည် ။

ယတြာ ။ ။ လူသွားလမ်း ၊ ဓမ္မာရုံ ရင်ပြင်တော်များတွင် တံမြက်စည်းလှည်းပါ ။

(တနလာင်္) သားသမီးများအတွက် အဟော…

မိမိ လုပ်ကိုင်နေရသည့် အလုပ်သည် မိမိတွင် ပညာခန်းဆိုင်ရာ ကျွမ်းကျင်မှု မရှိသဖြင့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပေလိမ့်မည် ။ ပြဿနာတစ်ခုပြီးတစ်ခု ရင်ဆိုင်ရမည် ။ ယခုအတောအတွင်း စိတ်မရှင်းသည်ကိစ္စ ဝေခွဲဆုံဖြတ်ရန် ခက်သည့်ကိစ္စတစ်ခု ကြုံရတတ်သည် ။

မဟုတ်သတင်း ၊ မမှန်သတင်း အလွှင့်ခံရတတ်သည် ။ အနီးကပ်ရန်ရှိသည် ။ ဝန်ထမ်းများ နယ်ဝေးရပ်ခြားသို့ ပြောင်းရွေ့ခံရတတ်သည် ။ အကြီးအကဲ မိသားစုအသိုင်းအဝန်းဖြင့် နားလည်းမှု လွဲချော်နေမည် ။

ငယ်ရွယ်သူများ အချစ်ရေးမှာ တကျက်ကျက် ရန်ဖြစ်နေရ တတ်သည် ။ သဘောထားပြောင်းသည့် ချစ်သူကို သတိထားပါ ။ အိမ်ထောင်ရှင်များ သံသယ အတွေးများဖြင့် ပြဿနာရှာ ခံရတတ်သည် ။ တစ်ယောက်နှင့် တစ်ယောက် အလစ်မပေး ၊ သံသယနှင့် စောင့်ကြည့်နေမည် ။

ယတြာ ။ ။ ဘုရားတစ်ဆူကို သွားပြီး ပန်းအနွမ်းတွေ ပန်းခြောက်တွေ ၊ ဖယောင်းတိုင် ထွန်းထားတဲ့ အမှိုက်သရိုက်တွေ ရှင်းလင်းပါ ။

(အင်္ဂါ) သားသမီးများအတွက် အဟော…

ရုတ်တရက် မထင်မှတ်သည့် အခွင့်အရေးကောင်း အခြေအနေကောင်းများ တွေ့ကြုံပေါ်ပေါက်လာပြီး ၊ မိမိ၏ ဂုဏ်သတင်း ထင်ပေါ် ကျော်စောမည် ။ လူအများ အာရုံမထားသော စီးပွားရေးလုပ်ငန်းကို ဆင်ခြေတုံးတရားဖြင့် စွန့်စားလှုပ်ရှားမှုတို့ အဆင်ပြေလိမ့်မည် ။

လျှပ်တစ်ပြတ် ပေါ်ပေါက်လာတတ်သည့် အကြံဉာဏ် ကောင်းများကြောင့် ငွေကြေးကံ အထူကောင်းမည် ။ လုပ်ငန်းကိစ္စများအတွက် ခရီးဝေးများ သွားလာရပြီး အကျိုးရှိမည် ။ ခေါင်းအုံ ၊ ခေါင်းကိုက် ၊ ဇက်ကြောထိုးကလွဲလို့ ကျန်းမာရေး ကောင်းနေမည် ။

ငယ်ရွယ်သူများ အခက်အခဲများ ကျော်ဖြတ်ရန် ချစ်သူထံမှ အကူအညီကောင်းများ ရရှိမည် ။ ရင်ခုန်သံ စည်းချက် ထပ်တူညီစွာဖြင့် ရွှေရောင် အနာဂါတ်များ ကျော်ဖြတ်ခွင်ရရှိမည် ။

အိမ်ထောင်ရှင်များ အတိတ်ကိုလှန်ပြီး အနားဟောင်းကို မထိုးဆွမိအောင် သတိပြု၍ ရှောင်ပါ ။ မရှောင်နိုင်က မောင်နှင့်မယ် လမ်းခွဲရတတ်ပါသည် ။

ယတြာ ။ ။ ကျောင်းသား ၊ ကျောင်းသူများကို စာအုပ်နှင့် စာရေးကရိယာ လှူဒါန်းပါ ။

(ဗုဒ္ဓဟူး) သားသမီးများအတွက် အဟော…

ပစ်တိုင်းထောင်ကဲ့သို့ အမြဲတမ်း တည့်မတ် တည်ငြိမ်စွာ ထောင်နေပါလိမ့်မည် ။ အပြောကောင်းသူက မိမိစီးပွားရေး ရည်ရွယ်ချက် အောင်မြင်မှုကို ရှေ့သို့ တွန်းပို့နိုင်သကဲသို့ ၊ နောက်သို့လည်း ပြန်ဆွဲနိုင်၏။

စာချုပ်စာတမ်းနှင့် ပတ်သက်၍ လည်းကောင်း ၊ ငွေကြေးကိစ္စနှင့် ပတ်သက်၍ လည်းကောင်း မကြာခဏ စကားအခြေအတင် ပြောနေရတတ်သည် ။ မိမိနှင့် သက်ဆိုင်မှုမရှိသော ကိစ္စများတွင် ပါဝင် ကူညီပေးခြင်းကို ရှောင်ပါ ။ လောကဓံတရားတို့က သင့်ကို နည်းလမ်း အမျိုးမျိုးနှင့် အားစမ်းနေပါလိမ့်မည် ။

ငယ်ရွယ်သူများ ချစ်သူအပေါ် ဗိုလ်ကျ အနိုင်ယူလိုစိတ်များနေမည် ။ ချစ်သူမရှိသေးသူများလည်း အချစ် လက်တည့် မစမ်းသင့်ပါ ။ အိမ်ခေထာင်ရှင်များ မိမိအိမ်ထောင်ဖက်အပေါ် အမြင်မကြည်လင်မှုများ ရှိနေမှုကြောင့် ရန်တကျက်ကျက် ဖြစ်ရတတ်မည် ။

ယတြာ ။ ။ ခရီးသွားမည့် သူများကို အစာအဟာရလှူ၍ ဆုတောင်းပါ ။

(ကြာသပတေး) သားသမီးများအတွက် အဟော..

အဆင်မပြေမှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်များ ပေါက်ဖွားရှင်သန် လာတတ်သည် ။ လူမှုရေး အပျော်အပါး ကိစ္စများအတွက် ဂုဏ်သတင်း ညှိးနွမ်းရတတ်သည် ။ မိသားစုအတွင်း စိတ်ညစ်စရာများ တစ်ပူပေါ် တစ်ပူဆင့်ဖြစ်နေလိမ့်မည် ။

ရည်မှန်းချက် ၊ ရည်ရွယ်ချက် ကြီးမားလွန်းသော်လည်း လက်တွေ့မှာ အကောင်အထည် ဖော်ရန် အခက်အခဲတွေ့ရတတ်သည် ။ စမ်းတဝါးဝါး လျှောက်လှမ်းနေရလိမ့်မည် ။ ဖြစ်ပေါ်လျက်ရှိသည့် ပြဿနာများကို ဖြေရှင်းပြီးသည့်တိုင်အောင် အငြင်းအခုန်ဖြစ်မှုများကို သတိထားနေပါ ။

ငယ်ရွယ်သူများ အချစ်ရေးမှာ ချစ်သူက တောထဲက ကျားထက် ရက်စက်သူ ဖြစ်နေတတ်သည် ။ နားလည်းမှု လွဲချော်နေချိန် ဖြစ်ပြီး အမုန်းအရိပ်ဆိုး များကြား ခွဲခွာသွားရတတ်သည် ။ အိမ်ထောင်ရှင်များ ညှိနှိုင်းရန် ကြန့်ကြာမည် ၊ အိမ်ထောင်ရေး တိုက်ပွဲများ ဆင်နွှဲနေရမည် ။

ယတြာ ။ ။ ပိတောက်ညွန့် ဘုရားလှူပါ ။

(သောကြာ) သားသမီးများအတွက် အဟော…

လူလိမ်လူကောက်များ အမှတ်မထင် ရောက်လာတတ်သည် ။ သူတစ်ပါးအမှု အာမခံ မပြုသင့်ပါ ။ သူတစ်ပါးက အမှုဆင် အကွက်ဆင် နာမည်ဖျက် တတ်သည် ။ မအူမလည် ပြဿနာများကို တစ်ခုမဟုတ် တစ်ခု ကြုံရတတ်သည် ။

တစ်ခုထက်ပိုသော လုပ်ငန်းများကို လျှော့ချပါ ။ ငွေကြေး ပြန့်လွင့်နေပြီး ထိရောက်မှုမရှိ ဖြစ်နေမည် ။ လက်တွေ့နှင့် စိတ်ကူး ၊ မတူညီမှုများစွာ ကြုံရ ဆုံရတတ်သည် ။ ဆန္ဒနှင့် ဘဝ တစ်ထပ်တည်း ကျမနေတတ်ပေ ။ တေ့လွဲများ မကြာခဏ ကြုံရတတ်သည် ။

ငယ်ရွယ်သူများ အချစ်ရေးကိစ္စမှာ အမြင်ကျယ်ကျယ်ဖြင့် စင်စင်ကြယ်ကြယ် ချစ်ခွင့် ကြုံရတတ်သည် ။ လှပလွန်းသော အချစ်အိပ်မက်ကလေး တစ်ခုကို မြှားနတ်မောင်က ဖန်ဆင်းပေးပါလိမ့်မည် ။

အိမ်ထောင်ရှင်များ မိဘဆွေမျိုးများ ကြားမှာ ကြိတ်မှိတ် သည်းခံနေရမည် ။ အစစ သူ့မျက်နှာကြည့်၍ လုပ်ကိုင်နေရသဖြင့် ဘဝကို မကျေမနပ် ဖြစ်နေမည် ။

ယတြာ ။ ။ ခရေညွန့် ဘုရားကပ်လှူပါ ။

(စနေ) သားသမီးများအတွက် အဟော…

စိတ်ကူးသစ်များ မွေးဖွားဖြစ်တည်၍ အနာဂတ် ဆန္ဒများဆီသို့ ခရီးဆက် ရွက်လွှင်ခွင့် ရရှိမည် ။ လေ့လာဆည်းပူထားသော အသိပညာ အတတ်ပညာ များကို အသုံးချခွင့် ရရှိပေလိမ့်မည် ။ ရပ်ဝေးမှ အဆက်အသွယ် သတင်းစကား ကောင်းများ ကြားရတတ်သည် ။

သွားရမည့် ခရီးတစ်ခုအတွက် တက်ကြွနေတတ်သည် ။ ပေါ့ပေါ့ဆဆတော့ မနေပါနှင့် မမှားတော့လည်း မမှားလို့ ၊ အမှား ပါလာပြီးဆိုရင်လည်း ဘာလုပ်လုပ် အဆင်မပြေတာမျိုး ကြုံရတတ်သည် ။

ငယ်ရွယ်သူများ မိမိချစ်သူ စည်းမထားမှု သစ္စာမဲ့မှုများအတွက် သူငယ်ချင်း အချင်းချင်းက ရန်သူတွေ ဖြစ်သွားတတ်သည် ။ ဘဝဒဏ်ရာ ဒဏ်ချက်တွေကြောင့် ချစ်ရမှာ ကြောက်နေသော်လည်း အားကိုးရမည့် သူကို တမ်းတနေမည် ။

အိမ်ထောင်ရှင်များ မိမိအိမ်တွင် ညဉ့်အိပ်ညဉ့်နေ ဧည့်သည်များကို လက်မခံသင့်ပါ ။ သူတစ်ပါး ပြဿနာ အိမ်ပေါ် ပါလာမည် ။ အပိုကုန်ငွေ များမည် ။

ယတြာ ။ ။ နေအိမ် ဘုရားကျောင်းဆောင် သန့်ရှင်းရေး လုပ်ပါ ။ ဘုရား ရေသပ္ပာယ်ပါ ။

မိမိတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများကို ဖတ်ရှုစေချင်ရင် (like and share) လုပ်ပေးခြင်းဖြင့် ကူညီပါ မျှဝေပေးကြပါ ခင်ဗျာ ။

သင်တို့၏ အကျိုးကို လိုလားသော…

🔯 ဆရာဧကရာဇ်မင်း 🔯

(တဲရော့ ၊ ဗေဒ ၊ လက္ခဏာ)