“သိကၡာ႐ွိ႐ွိ ခ်စ္ပါ” ( ခ်စ္သူရည္းစားထားသူတိုင္း မျဖစ္မေနဖတ္သင့္ေသာ စာ)

“သိကၡာ႐ွိ႐ွိ ခ်စ္ပါ”

ခ်စ္သူရည္းစားထားတယ္ဆုိတာက

တကယ္ေတာ့ ကုိယ့္သိကၡာနဲ႔အခ်စ္ကုိ

အလဲအလွယ္လုပ္လုိက္ရတာပါပဲ။

ခ်စ္သူရည္းစားထားတယ္ဆုိတာက

ေယာက်္ားေလးျဖစ္ျဖစ္ ၊ မိန္းကေလးျဖစ္ျဖစ္

ႏွစ္ဖက္စလုံး နစ္နာတာပါပဲ။

ကုိယ့္ဂုဏ္သိကၡာကုိ ရင္းႏွီးၿပီး ခ်စ္ခဲ့ၾကတာခ်င္းအတူတူ

အခန္႔မသင့္လုိ႔ လမ္းခြဲခဲ့ၾကရရင္

တစ္ေယာက္ကုိတစ္ေယာက္ အ႐ွက္ကြဲေအာင္

ထုိးႏွက္ေနဖုိ႔ထက္ သိကၡာ႐ွိဖုိ႔လုိပါတယ္။

ေယာက်္ားေလးက ငါ သူ႔ကုိ ဘယ္အဆင့္အထိ

က်ဴ းလြန္ခဲ့တာ ၊ မိန္းကေလးက အဆင့္မ႐ွိတဲ့ ေယာက်္ားလုိ႔

တစ္ေယာက္ကုိ တစ္ေယာက္ ပုတ္ခတ္ေနမယ့္အစား

စည္းေစာင့္ခဲ့ရင္ ႏွစ္ဖက္စလုံး ဂုဏ္သိကၡာ႐ွိပါတယ္။

“သိကၡာ႐ွိ႐ွိ ခ်စ္ပါ” ( ခ်စ္သူရည္းစားထားသူတိုင္း မျဖစ္မေနဖတ္သင့္ေသာ စာ) 2

အခ်စ္နဲ႔ ဘဝ တစ္ထပ္တည္းက်ဖုိ႔ မလြယ္ကူတဲ့ေခတ္မွာ

ေပါင္းစည္းရသည္ျဖစ္ေစ ၊ ခြဲခြာခဲ့ရသည္ျဖစ္ေစ

မိန္းကေလးေတြရဲ႕ အ႐ွက္ ၊ ေယာက်္ားတုိ႔ရဲ႕ဂုဏ္သိကၡာကုိ

အျပန္အလွန္တန္ဖုိးထားမွ သိကၡာ႐ွိတဲ့ အခ်စ္ျဖစ္မွာပါ။

အဲ့ဒါေၾကာင့္ သိကၡာ႐ွိ႐ွိ ခ်စ္ၾကၿပီး

လမ္းခြဲခဲ့ရမယ္ဆုိရင္လည္း ဂုဏ္သိကၡာ႐ွိ႐ွိ

ေက်ာခုိင္းၾကပါေနာ္။

ေလးစားစြာျဖင့္

ဇင္းနစ္​ မေကြး

===========

“သိက္ခာရှိရှိ ချစ်ပါ”

ချစ်သူရည်းစားထားတယ်ဆိုတာက

တကယ်တော့ ကိုယ့်သိက္ခာနဲ့အချစ်ကို

အလဲအလှယ်လုပ်လိုက်ရတာပါပဲ။

ချစ်သူရည်းစားထားတယ်ဆိုတာက

ယောကျ်ားလေးဖြစ်ဖြစ် ၊ မိန်းကလေးဖြစ်ဖြစ်

နှစ်ဖက်စလုံး နစ်နာတာပါပဲ။

ကိုယ့်ဂုဏ်သိက္ခာကို ရင်းနှီးပြီး ချစ်ခဲ့ကြတာချင်းအတူတူ

အခန့်မသင့်လို့ လမ်းခွဲခဲ့ကြရရင်

တစ်ယောက်ကိုတစ်ယောက် အရှက်ကွဲအောင်

ထိုးနှက်နေဖို့ထက် သိက္ခာရှိဖို့လိုပါတယ်။

ယောကျ်ားလေးက ငါ သူ့ကို ဘယ်အဆင့်အထိ

ကျူ းလွန်ခဲ့တာ ၊ မိန်းကလေးက အဆင့်မရှိတဲ့ ယောကျ်ားလို့

တစ်ယောက်ကို တစ်ယောက် ပုတ်ခတ်နေမယ့်အစား

စည်းစောင့်ခဲ့ရင် နှစ်ဖက်စလုံး ဂုဏ်သိက္ခာရှိပါတယ်။

အချစ်နဲ့ ဘဝ တစ်ထပ်တည်းကျဖို့ မလွယ်ကူတဲ့ခေတ်မှာ

ပေါင်းစည်းရသည်ဖြစ်စေ ၊ ခွဲခွာခဲ့ရသည်ဖြစ်စေ

မိန်းကလေးတွေရဲ့ အရှက် ၊ ယောကျ်ားတို့ရဲ့ဂုဏ်သိက္ခာကို

အပြန်အလှန်တန်ဖိုးထားမှ သိက္ခာရှိတဲ့ အချစ်ဖြစ်မှာပါ။

အဲ့ဒါကြောင့် သိက္ခာရှိရှိ ချစ်ကြပြီး

လမ်းခွဲခဲ့ရမယ်ဆိုရင်လည်း ဂုဏ်သိက္ခာရှိရှိ

ကျောခိုင်းကြပါနော်။

လေးစားစွာဖြင့်

ဇင်းနစ်​ မကွေး