ရှားတဲ့ မိန်းမ…
#Cr
=========
ရှားတဲ့ မိန်းမ…
လောကမှာ မိန်းမ မရှားဘူးလို့ အော်တတ်တဲ့ တစ်ချို့ကောင်တွေ ရှေ့ထွက်ခဲ့စမ်းပါ
တစ်ခုလောက် မေးကြည့်ချင်လို့
မိန်းမ ပေါတယ်ဆိုပြီး မင်းတို့ လိုချင်တိုင်း ရခဲ့ကြလို့လား?
မင်းတို့ လက်ထဲမှာ ကား ဖုန်း ပိုက်ဆံရှိနေတဲ့ အချိန်ဆိုရင် မိန်းမ ပေါရင် ပေါနေပါလိမ့်မယ်
ဒါပေမယ့် ကိုယ်ကိုတိုင်က မိန်းမ လိုချင်တာလား ဇနီးကောင်းကို ပိုင်ဆိုင်ချင်တာလား ပြန်သုံးသပ်သင့်တယ်
မိန်းမ မရှားဘူးဆိုတာ ဟုတ်တယ် ဒါမယ့်
မင်းအပေါ် သစ္စာတရားနဲ့ တန်ဖိုးရှိတဲ့ မိန်းမမျိုးတော့ ရှားတယ်
မင်းကို အချစ်စစ်နဲ့ ချစ်တတ်တဲ့ မိန်းမမျိုးတော့ ရှားတယ်
မင်းကို ခေါင်းပေါ်တင်ထားတဲ့ မိန်းမမျိုးတော့ ရှားတယ်
မင်းရဲ့ စကားတစ်ခွန်းကို အမိန့်လိုနားထောင်တတ်တဲ့ မိန်းမမျိုးတော့ ရှားတယ်
မင်းရဲ့ ကောင်းခြင်းဆိုးခြင်းတွေကို လက်ခံပေးနိုင်တဲ့ မိန်းမမျိုးတော့ ရှားတယ်
မင်းကို အောင်မြင်သည်ဖြစ်စေ ကျရှုံးနေသည်ဖြစ်စေ လက်တွဲမဖြုတ်တမ်းဖေးကူပေးမယ့် မိန်းမမျိုးတော့ ရှားတယ်
မင်းဘေးနားမှာ သေတဲ့အချိန်ထိ ကောင်းတူဆိုးဘက် ရှိနေပေးမယ့် မိန်းမမျိုးတော့ ရှားတယ်
အဲ့ဒီမိန်းမဟာ နောင်တစ်ချိန်မှာ မင်းရဲ့ ဇနီကောင်းဖြစ်လာမယ့်သူပါပဲ
#Cr