မီဒီယာ-
ဒါပထမ အကြိမ်နော်——-တဲ့
Original Uploader
Credit……
==========
(၂၅)နှစ်တိုင်တိုင် ရန်မဖြစ်တဲ့လင်မယားရဲ့လျှို့ဝှက်ချက်။
အိမ်ထောင်ရှင်အမျိုးသားများ အထူးဂရုစိုက်ဖတ်ပေးစေချင်ပါတယ်။
အိမ်ထောင်သက်တမ်း”25″ပြည့်သည့်အထိမ်းအမှတ်ဖြင့်ပါတီပွဲကျင်းပနေသော စုံတွဲထံကို အင်တာဗျူးရန်မီဒီယာသမားတစ်ဦးရောက်လာခဲ့၏။
လူအတော်များများကလည်း (၂၅)နှစ်တိုင်တိုင်အသေးအမွှား ကိစ္စလေးတောင် စကားမများရန်မဖြစ်သော ၎င်းစုံတွဲ၏ လျှို့ဝှက်ချက်ကိုသိချင်နေကြ၏ ၎င်းစုံတွဲမှာ အချစ်ခင်ဆုံးသောစုံတွဲအဖြစ် မြို့တွင် ဂုဏ်သတင်း ကြီး၏။
ပါတီပွဲကျင်းပ နေစဉ် ရောက်ရှိ့လာသော မီဒီယာကခင်ပွန်းကို အင်တာဗျူးသည်။
မီဒီယာ-
ဟုတ်ကဲ့ အကိုတို့စုံတွဲဟာ အလွန်ချစ်ခင်တဲ့စုံတွဲအဖြစ်နဲ့နာမည် ကြီးတယ်နော် အာ့ဘာလျှို့ဝှက်ချက်တွေလည်းဆိုတာလေး စာဖတ်သူတွေသိရအောင် တစ်ချက်ပြောပြပါလား?
ခင်ပွန်း= ကျနော်တို့ မင်္ဂလာဆောင် ပြီးပြီးချင်းပေါ့လေဟုတ်ကဲ့ ကျနော်တို့စုံတွဲ ဟန်းနီးမွန်းထွက်ကြတယ်ပေါ့ဗျာ.. အဲ့ခရီးစဉ်ကလည်း တကယ့် တောင်တွေပေါများတဲ့ တောင်ကြီးကို သွားတာဗျာ့။
ကျနော်တို့လည်း ခရီးရောက်ရောက်ချင်း နေဖို့ထိုင်ဖို့နဲ့ အစီးအနင်းအတွက် မြင်းတစ်ယောက်တစ်ကောင်စီ ငှားကြတာပေါ့လေ။
ကျနော့်မြင်းကတော့ ဘားမှ ပြောစရာ မရှိ့ပါဘူး ဒါပေမယ့် ကျနော့်ဇနီးမြင်းက နဲနဲတော့ ကဂျီကဂျောင်ဗျာ့။
ကျနော့်ဇနီးလည်း ကျနော့်အရှေ့က သူ့မြင်းကိုသူစီးရင်းသွားနေစဉ်မှာဗျာ အဲ့မြင်းက ကျနော့် ဇနီးကို သူ့ကျောအပေါ်က ချလိုက်တယ်ဗျာ။
ကျနော့်ဇနီးလည်း သူဟာသူပြန်ထတယ် ပြီးတော့ မြင်းရဲ့ကျောအပေါ်မှာ တက်ထိုင်လိုက်တယ် ပြီးတော့တာ့ မြင်းရဲ့ကျောကိုလက်နဲ့အသာအရာ ပွတ်သပ်ပြီး ပြောတယ် ဒါ”ပထမ”အကြိမ်နော်။
မြင်းကိုစီးနှင်းရင်းသွားနေစဉ် အနည်းငယ် အကွာလောက်မှာ ကျနော့်ဇနီးကို အဲ့မြင်းက နောက်တစ်ခါ သူကျောအပေါ်က အောက်ကိုချလိုက်တယ်ဗျာ။
ကျနော့်ဇနီးလည်း မြင်းအပေါ်ကို မြန်မြန်ပြန်တက်ပြီးမြင်းရဲ့ကျောကို လက်နဲ့ပွတ်သပ်ပြီး ပြောတယ် ဒါ”ဒုတိယ”အကြိမ်နော်တဲ့။
ဒီလိုနဲ့မြင်းအပေါ်မှာ စီးနှင်းရင်းနဲ့ အနည်းငယ် အကွာဝေးလောက်ကို ရောက်တော့ ကျနော့်ဇနီးရဲ့မြင်းဟာ နောက်တစ်ခါ သူ့ကျောပေါ်ကနေ ကျနော့်ဇနီးကို အောက်ချလိုက်ပြန်တယ်။
ဒီတစ်ခါတော့ ကျနော့်ဇနီးဟာ ဘာတခွန်းမှမပြောပဲ တိတ်တိတ်လေး မိမိအိတ်ကိုဖွင့်လိုက်တယ် ပြီးတော့ သေနက်ကိုထုပ်လိုက်တယ် ပြီးတော့ မြင်းကို သေနက်နဲ့ပြစ်သတ်ပလိုက်တယ်။
ဒီဖြစ်စဉ်ကိုမြင်ပြီး ကျနော့်ဇနီးကို ကျနော်အသံကုန်အော်ဟစ်ပြီး ဆူတယ် ငေါက်တယ် ဇနီးကိုကျနော်ပြောတယ် “နင်ရူးနေပြီလားဟမ် တိရိစ္ဆာန် ဒါမျိုးလုပ်စရာလား ဟမ် သူဘာနားလည်လိုလည်း ဟမ်”။
ထိုစဉ် ကျနော့်ဇနီးက ကျနော့်ဘက်ကို လှည့်တယ်ကျနော့်မျက်နှာတည့်တည့်ကိုကြည့်တယ် ပြီးတာ့ကျနော့်ကိုပြောတယ်။
ဒါပထမ အကြိမ်နော်——-တဲ့
ကျနော်တို့ဇနီးမောင်နှံဟာ အဲ့နေ့မှ ယနေ့တိုင်သာယာတဲ့ ဘဝလေးကို အတူတူ ဖြတ်သန်းလာတာဆိုရင် (၂၅)နှစ်ရှိ့ပါပြီ။
Original Uploader
Credit……