ညေနမိုုးခ်ဳပ္တာနဲ႔ အဲသည္တံတားေတြကိုု သာမာန္လူတစ္ေယာက္အေနနဲ႔ ျဖတ္သန္း သြားဖိုု႔ဆိုုတာ အေတာ္ေလးကိုု ရင္ေလးစရာပါ

ဆူးေလဘုရားရဲ႕ အေနာက္ဘက္မုခ္ဘက္မွာတည္ရွိတဲ့ လူ ကူးခံုးတံတားေပၚမွာ လူသံုးေယာက္အရက္ပုလင္းေတြေထာင္ထားၿပီးတံတားလက္ရန္းမွီကာ အုပ္စုဖြဲ႕ထိုင္ေနၾကပါတယ္။

ပါးစပ္ထဲက ကြမ္းတံေတြးကိုတံတားေပၚကို ပ်စ္ခနဲေထြးထုတ္လိုက္ၿပီး တံတားေပၚမွာ ျဖတ္သြားတဲ့ မိန္းကေလးေတြကို အၾကည့္နဲ႔တစ္မ်ိဳး၊ အေျပာနဲ႔တစ္မ်ိဳေစာ္ကား ေမာ္ကားျပဳမူပါေတာ့တယ္။သံုးေယာက္ေလာက္ ဝိုင္းဖြဲ႕ၿပီး ေျခပစ္လက္ပစ္ထိုင္ေနလိုက္ၾကတာ သံုးေပေလာက္ရွိတဲ့ တံတားက တစ္ေယာက္စာေလွ်ာက္လမ္းေတာင္ မက်န္ေတာ့ပါဘူး။

ဒါက ဆူးေလတံတားတစ္စင္းတည္းမဟုတ္ဘဲ ပန္းဆိုးတန္း၊ဗဟန္းစတဲ့ လူကူးခံုး တံတားအမ်ားစုမွာ အဲသည္လိုျဖစ္စဥ္ေတြရွိေနတာ ျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ည ၆းဝ၀ နာရီေက်ာ္ ၇းဝ၀ နာရီနီးပါးေရာက္ၿပီဆိုတာနဲ႔ ခံုးတံတားေတြရဲ႕ အတက္အဆင္း၊ တံတားလက္ရန္းေဘာင္နားေတြ၊ အေမွာင္က်တဲ့ေနရာေတြမွာ ဘီယာဘူးေတြ၊ အရက္ပုလင္းေတြေထာင္ကာ လူသြားလမ္းေတြရဲ႕ေဘးမွာကပ္လ်က္ သားထိုင္ၾကျပီး ေသာက္စားေပ်ာ္ပါးၾကပါတယ္။

ေသာက္စားမူးယစ္သူေတြဟာ အလင္းေရာင္မရရွိတဲ့ တံတားေထာင့္ေနရာေတြအျပင္ လူျမင္ကြင္းေတြမွာပါ ေပၚေပၚထင္ထင္ေသာက္စားၾကပါတယ္။ ျဖတ္သန္းသြားသမွ် မိန္းကေလးေတြဆိုရင္လည္း ကာယိေျႏၵပ်က္ျပားေအာင္ ပါးစပ္နဲ႔ စေနာက္ၾကပါတယ္။

‘ညေရာက္ရင္ စုလာၾကတာပဲ၊ သူတို႔ေတြကိုက ဒီေပၚတက္တက္ေသာက္ေန ၾကတာ၊ လူသြားလမ္းေတြမွာ အဲဒီအနံ႔ေတြေထာင္းေထာင္းထလို႔၊ အဲဒီအေပၚမွာက ညဘက္ဆို မူး႐ူးေနၾကတာျမင္မေကာင္းဘူး၊ အတြဲေတြကလဲ အမ်ိဳးမ်ိဳးပဲ႐ႈပ္ယွက္ခတ္ေနတာ အဲဒီအေပၚမွာလို႔ ဆူးေလခံုးတံတားအနီးမွာ ေဈးေရာင္းေနတဲ့ မအိအိသိန္းက ေျပာပါတယ္။

ညေနမိုုးခ်ဳပ္တာနဲ႔ အဲသည္တံတားေတြကိုု သာမာန္လူတစ္ေယာက္အေနနဲ႔ ျဖတ္သန္း သြားဖိုု႔ဆိုုတာ အေတာ္ေလးကိုု ရင္ေလးစရာပါ 2

အခ်ိဳ႕ေယာက်ာ္းေလးေတြဆိုရင္ အရက္ေသာက္ရင္း အက်ႌေတြခြ်တ္ထားၿပီး တံတား ေပၚမွာပိုးလိုးပက္လက္လဲေလ်ာင္းရင္း ပါးစပ္ကေနေအာ္ဟစ္ေနပါေသးတယ္။ခံုးတံတားေတြမွာပတ္ဝန္းက်င္အေဆာက္အအံုေတြရဲ႕ လွ်ပ္စစ္မီးအလင္းေရာင္နဲ႔သာ မွိန္ေဖ်ာ့ေဖ်ာ့လင္းတာပါ။

အဲသည္လိုျဖစ္ေနတာက ေနာင္တစ္ခ်ိန္မွာပိုမိုဆိုးရြားတဲ့ ျပစ္မႈေတြကိုဖိတ္ေခၚရာေရာက္တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚလွလွရီက ေျပာပါတယ္။

ၾကပ္မတ္သင့္တယ္‘အမ်ားသူငါသြားလာေနတဲ့ေနရာမ်ိဳးေတြမွာဒီလိုလူ႕က်င့္ဝတ္နဲ႔မကိုက္ညီတာေတြ လုပ္ေနတာကို သက္ဆိုင္ရာအာဏာပိုင္ေတြအေနနဲ႔ထိထိေရာက္ေရာက္တိုင္ပင္ၿပီး တာဝန္ရွိသူေတြအေနနဲ႔ ၾကပ္ၾကပ္မတ္မတ္စည္းကမ္းေတြထုတ္ထားသင့္တယ္၊ အဲဒီလိုေႏွာင့္ယွက္ခံရတဲ့ ျပည္သူေတြအေနနဲ႔လဲၿငိမ္ေနတာမ်ိဳးမဟုတ္ဘဲနဲ႔ သက္ဆိုင္ ရာကို ေသေသခ်ာခ်ာတိုင္ၾကားရမွာျဖစ္တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေနနဲ႔ ဒါ႐ိုက္တာ ေဒၚလွလွရီက ေျပာပါတယ္။

အခုဆိုရင္ ေငြသန္းနဲ႔ခ်ီကုန္က်ခံကာ ေဆာက္လုပ္ထားတဲ့ဆူးေလခံုးတံတားဟာ ညေနပိုင္းဆိုရင္ အရက္ဝိုင္းေတြ၊ဂစ္တာဝိုင္းေတြအျပင္ လမ္းေပၚမွာေနထိုင္တဲ့သူေတြ အခ်ိဳ႕ရဲ႕က်က္စားရာေနရာျဖစ္လာပါတယ္။ညေနမိုးခ်ဳပ္တာနဲ႔ အဲသည္တံတားေတြကို သာမန္လူတစ္ေယာက္အေနနဲ႔ျဖတ္သန္း သြားဖို႔ဆိုတာအေတာ္ေလးကို ရင္ေလးစရာပါလို႔ ကိုေနလင္းေထြးကဆိုပါတယ္။

‘ည႐ံုးျပန္ခ်ိန္ တစ္ခါတေလေနာက္က်တာမ်ိဳးလဲရွိတယ္၊ေတာ္႐ံုလူဆိုမျဖတ္ဘူး၊ မိန္းကေလးေတြအတြက္ပိုဆိုးတယ္လို႔ ကိုေနလင္းေထြးက ေျပာပါတယ္။ကိုေနလင္းေထြးက ဆူးေလတံတားအနီးမွာ ႏွစ္အေတာ္ၾကာၾကာေနထိုင္လာတဲ့သူျဖစ္ ပါတယ္။

ည ၆းဝ၀ နာရီေက်ာ္ေလာက္ရွိပါၿပီ။ ဆူးေလဘုရားရဲ႕ အေနာက္ဘက္မုခ္တည့္ တည့္မွာရွိတဲ့ လူကူးခံုးတံတားေပၚမွာ အသက္ ၂၀ ေက်ာ္အရြယ္ခန္႔ စကတ္တိုဝတ္ အမ်ိဳးသမီးႏွစ္ေယာက္ မိတ္ကပ္အေဖြးသားနဲ႔ ရပ္ေနပါတယ္။တံတားေပၚက ျဖတ္သြားျဖတ္လာရွိတဲ့ အမ်ိဳးသားေတြနားကိုစကားလိုက္ေျပာေနတဲ့ ပံုစံအေနအထားမ်ိဳး ေတြ႕ရပါတယ္။

အဲဒါကေတာ့ ျမန္မာႏိုင္ငံရဲ႕တစ္စ တစ္စႀကီးထြားလာေနတဲ့ ျပည့္တန္ဆာလုပ္ငန္း၊ တစ္နည္းအားျဖင့္ လိင္လုပ္သားလို႔ အမ်ားသံုးစြဲၾကတဲ့ ျပည့္တန္ဆာလုပ္ငန္းလုပ္ ကိုင္ၾကသူေတြ ျဖစ္ပါတယ္။ ကိုေနလင္းေထြးကေတာ့ လူငယ္ေတြ အနားစကားလိုက္ကပ္ကပ္ေျပာတယ္၊ ၿပီးရင္ ေဈးညႇိတယ္၊ ညီေလးယူမလားေမးတယ္၊ ဒါေတြက ထင္ထင္ရွားရွားမဟုတ္ေပမဲ့ ၾကာရင္ မေကာင္းဘူးေလလို႔ သူက ေျပာပါတယ္။ရန္ကုန္ၿမိဳ႕မွာ လူကူးခံုးတံတားေတြကေနမကူးဘဲ တံတားေအာက္ေနကူးရတဲ့အေၾကာင္း ရင္းထဲမွာ တံတားေတြမွာရွိေနတဲ့ စိတ္အေႏွာင့္အယွက္ျဖစ္စရာ လူေတြေၾကာင့္ျဖစ္ တယ္လို႔ မိန္းကေလးအခ်ိဳ႕ က ေျပာပါတယ္။

မလံုျခံဳဘူး‘ညဘက္ဆို အဲဒီတံတားေပၚမွာ အရက္ဝိုင္းေတြေရာ၊ အတြဲေတြေရာ႐ႈပ္ေနတာပဲ၊ အရက္ဝိုင္းေတြစုၿပီးေသာက္တယ္၊ ေသာက္ၿပီးရင္ ထားခဲ့တဲ့ ပုလင္းေတြကို စည္ပင္က မနက္ပိုင္းဆို လာရွင္းသြားတယ္၊ ဒါတင္မဟုတ္ေသးဘူး၊ အဲဒီေပၚမွာ လိုုင္းေပါင္းစံု ရွိေနတာ၊ ၿမိဳ႕က ၿမိဳ႕နဲ႔မတူေတာ့ဘူး၊ အိမ္ျပန္တဲ့ မိန္းကေလးေတြအတြက္လဲ သူတို႔ အိမ္ျပန္ခ်ိန္က မလံုျခံဳေတာ့ဘူးလို႔ ျပည္သူတစ္ဦးျဖစ္တဲ့ မျမတ္ျမတ္ေက်ာ္ကေျပာပါ တယ္။

႐ံုးဆင္းခ်ိန္မွာ မိန္းကေလးအခ်ိဳ႕ဆိုရင္ တံတားေပၚမွာရွိေနတဲ့ အရက္သမားေတြအျပင္ ေတာင္းရမ္းတဲ့သူေတြ၊ အိမ္ေျခယာမဲ့ေတြ၊ ျပည့္တန္ဆာေတြေၾကာင့္လူမွားၿပီး ဆြဲခံရမ လား၊ ဒါမွမဟုတ္ ဣေျႏၵပ်က္ေအာင္ ျပဳလုပ္ခံရမွာ ကိုလည္း စိုးရိမ္ၾကပါတယ္။

ျပည္လမ္းေပၚက ခံုးတံတားမွာဆိုရင္ မိန္းကေလးေတြရဲ႕ ေျခေထာက္ကိုဆြဲတာ၊ ကေလးေတြက လက္ထဲက ပိုက္ဆံအိတ္၊ ေငြစတာေတြကိုအတင္းလုယက္တဲ့ ျဖစ္ စဥ္မ်ိဳးေတြရွိခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕ရဲ႕ အမ်ိဳးသမီးအမ်ားစုဟာ ရက္တိုင္းလိုလို ႐ံုးဆင္းခ်ိန္၊ အိမ္ျပန္ခ်ိန္ေနာက္က် တက္ၾကပါတယ္။ အဲသည္လို ေနာက္က်လာတာနဲ႔ အမ်ိဳးသမီးေတြရဲ႕လံုးျခံဳေရးကလည္း ေန႔စဥ္နဲ႔အမွ် စိန္ေခၚမႈေတြနဲ႔ ၾကံဳေတြ႕ေနရ ပါတယ္။

‘ကြ်န္မတို႔႐ံုးျပန္ခ်ိန္က အၿမဲတမ္းေနာက္က်တတ္တယ္၊ ဒီတံတားေတြမွာ ညဘက္ဆို လူျပတ္တယ္၊ ေမွာင္တယ္၊ သူတို႔ေတြက တံတားေတြေပၚရဲ႕ေနရာတိုင္းလိုလိုမွာရွိတယ္၊ လမ္းျဖတ္သြားရင္ေတာင္ ေနာက္ကေနၾကည့္တဲ့ အၾကည့္ေတြက ကြ်န္မတို႔အတြက္ မလံုၿခံဳေတာ့ဘူးလို႔ ျပည္သူတစ္ဦးျဖစ္တဲ့ မေအးသက္ခိုင္က ေျပာပါတယ္။

Author – ဝင္းနႏၵာ Kumudra

===================

ဆူးလေဘုရားရဲ့ အနောက်ဘက်မုခ်ဘက်မှာတည်ရှိတဲ့ လူ ကူးခုံးတံတားပေါ်မှာ လူသုံးယောက်အရက်ပုလင်းတွေထောင်ထားပြီးတံတားလက်ရန်းမှီကာ အုပ်စုဖွဲ့ထိုင်နေကြပါတယ်။

ပါးစပ်ထဲက ကွမ်းတံတွေးကိုတံတားပေါ်ကို ပျစ်ခနဲထွေးထုတ်လိုက်ပြီး တံတားပေါ်မှာ ဖြတ်သွားတဲ့ မိန်းကလေးတွေကို အကြည့်နဲ့တစ်မျိုး၊ အပြောနဲ့တစ်မျိုစော်ကား မော်ကားပြုမူပါတော့တယ်။သုံးယောက်လောက် ဝိုင်းဖွဲ့ပြီး ခြေပစ်လက်ပစ်ထိုင်နေလိုက်ကြတာ သုံးပေလောက်ရှိတဲ့ တံတားက တစ်ယောက်စာလျှောက်လမ်းတောင် မကျန်တော့ပါဘူး။

ဒါက ဆူးလေတံတားတစ်စင်းတည်းမဟုတ်ဘဲ ပန်းဆိုးတန်း၊ဗဟန်းစတဲ့ လူကူးခုံး တံတားအများစုမှာ အဲသည်လိုဖြစ်စဉ်တွေရှိနေတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ည ၆းဝဝ နာရီကျော် ရးဝဝ နာရီနီးပါးရောက်ပြီဆိုတာနဲ့ ခုံးတံတားတွေရဲ့ အတက်အဆင်း၊ တံတားလက်ရန်းဘောင်နားတွေ၊ အမှောင်ကျတဲ့နေရာတွေမှာ ဘီယာဘူးတွေ၊ အရက်ပုလင်းတွေထောင်ကာ လူသွားလမ်းတွေရဲ့ဘေးမှာကပ်လျက် သားထိုင်ကြပြီး သောက်စားပျော်ပါးကြပါတယ်။

သောက်စားမူးယစ်သူတွေဟာ အလင်းရောင်မရရှိတဲ့ တံတားထောင့်နေရာတွေအပြင် လူမြင်ကွင်းတွေမှာပါ ပေါ်ပေါ်ထင်ထင်သောက်စားကြပါတယ်။ ဖြတ်သန်းသွားသမျှ မိန်းကလေးတွေဆိုရင်လည်း ကာယိန္ဒြေပျက်ပြားအောင် ပါးစပ်နဲ့ စနောက်ကြပါတယ်။

‘ညရောက်ရင် စုလာကြတာပဲ၊ သူတို့တွေကိုက ဒီပေါ်တက်တက်သောက်နေ ကြတာ၊ လူသွားလမ်းတွေမှာ အဲဒီအနံ့တွေထောင်းထောင်းထလို့၊ အဲဒီအပေါ်မှာက ညဘက်ဆို မူးရူးနေကြတာမြင်မကောင်းဘူး၊ အတွဲတွေကလဲ အမျိုးမျိုးပဲရှုပ်ယှက်ခတ်နေတာ အဲဒီအပေါ်မှာလို့ ဆူးလေခုံးတံတားအနီးမှာ ဈေးရောင်းနေတဲ့ မအိအိသိန်းက ပြောပါတယ်။

အချို့ယောကျာ်းလေးတွေဆိုရင် အရက်သောက်ရင်း အကျႌတွေချွတ်ထားပြီး တံတား ပေါ်မှာပိုးလိုးပက်လက်လဲလျောင်းရင်း ပါးစပ်ကနေအော်ဟစ်နေပါသေးတယ်။ခုံးတံတားတွေမှာပတ်ဝန်းကျင်အဆောက်အအုံတွေရဲ့ လျှပ်စစ်မီးအလင်းရောင်နဲ့သာ မှိန်ဖျော့ဖျော့လင်းတာပါ။

အဲသည်လိုဖြစ်နေတာက နောင်တစ်ချိန်မှာပိုမိုဆိုးရွားတဲ့ ပြစ်မှုတွေကိုဖိတ်ခေါ်ရာရောက်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ပြောပါတယ်။

ကြပ်မတ်သင့်တယ်‘အများသူငါသွားလာနေတဲ့နေရာမျိုးတွေမှာဒီလိုလူ့ကျင့်ဝတ်နဲ့မကိုက်ညီတာတွေ လုပ်နေတာကို သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ထိထိရောက်ရောက်တိုင်ပင်ပြီး တာဝန်ရှိသူတွေအနေနဲ့ ကြပ်ကြပ်မတ်မတ်စည်းကမ်းတွေထုတ်ထားသင့်တယ်၊ အဲဒီလိုနှောင့်ယှက်ခံရတဲ့ ပြည်သူတွေအနေနဲ့လဲငြိမ်နေတာမျိုးမဟုတ်ဘဲနဲ့ သက်ဆိုင် ရာကို သေသေချာချာတိုင်ကြားရမှာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေနဲ့ ဒါရိုက်တာ ဒေါ်လှလှရီက ပြောပါတယ်။

အခုဆိုရင် ငွေသန်းနဲ့ချီကုန်ကျခံကာ ဆောက်လုပ်ထားတဲ့ဆူးလေခုံးတံတားဟာ ညနေပိုင်းဆိုရင် အရက်ဝိုင်းတွေ၊ဂစ်တာဝိုင်းတွေအပြင် လမ်းပေါ်မှာနေထိုင်တဲ့သူတွေ အချို့ရဲ့ကျက်စားရာနေရာဖြစ်လာပါတယ်။ညနေမိုးချုပ်တာနဲ့ အဲသည်တံတားတွေကို သာမန်လူတစ်ယောက်အနေနဲ့ဖြတ်သန်း သွားဖို့ဆိုတာအတော်လေးကို ရင်လေးစရာပါလို့ ကိုနေလင်းထွေးကဆိုပါတယ်။

‘ညရုံးပြန်ချိန် တစ်ခါတလေနောက်ကျတာမျိုးလဲရှိတယ်၊တော်ရုံလူဆိုမဖြတ်ဘူး၊ မိန်းကလေးတွေအတွက်ပိုဆိုးတယ်လို့ ကိုနေလင်းထွေးက ပြောပါတယ်။ကိုနေလင်းထွေးက ဆူးလေတံတားအနီးမှာ နှစ်အတော်ကြာကြာနေထိုင်လာတဲ့သူဖြစ် ပါတယ်။

ည ၆းဝဝ နာရီကျော်လောက်ရှိပါပြီ။ ဆူးလေဘုရားရဲ့ အနောက်ဘက်မုခ်တည့် တည့်မှာရှိတဲ့ လူကူးခုံးတံတားပေါ်မှာ အသက် ၂၀ ကျော်အရွယ်ခန့် စကတ်တိုဝတ် အမျိုးသမီးနှစ်ယောက် မိတ်ကပ်အဖွေးသားနဲ့ ရပ်နေပါတယ်။တံတားပေါ်က ဖြတ်သွားဖြတ်လာရှိတဲ့ အမျိုးသားတွေနားကိုစကားလိုက်ပြောနေတဲ့ ပုံစံအနေအထားမျိုး တွေ့ရပါတယ်။

အဲဒါကတော့ မြန်မာနိုင်ငံရဲ့တစ်စ တစ်စကြီးထွားလာနေတဲ့ ပြည့်တန်ဆာလုပ်ငန်း၊ တစ်နည်းအားဖြင့် လိင်လုပ်သားလို့ အများသုံးစွဲကြတဲ့ ပြည့်တန်ဆာလုပ်ငန်းလုပ် ကိုင်ကြသူတွေ ဖြစ်ပါတယ်။ ကိုနေလင်းထွေးကတော့ လူငယ်တွေ အနားစကားလိုက်ကပ်ကပ်ပြောတယ်၊ ပြီးရင် ဈေးညှိတယ်၊ ညီလေးယူမလားမေးတယ်၊ ဒါတွေက ထင်ထင်ရှားရှားမဟုတ်ပေမဲ့ ကြာရင် မကောင်းဘူးလေလို့ သူက ပြောပါတယ်။ရန်ကုန်မြို့မှာ လူကူးခုံးတံတားတွေကနေမကူးဘဲ တံတားအောက်နေကူးရတဲ့အကြောင်း ရင်းထဲမှာ တံတားတွေမှာရှိနေတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ လူတွေကြောင့်ဖြစ် တယ်လို့ မိန်းကလေးအချို့ က ပြောပါတယ်။

မလုံခြုံဘူး‘ညဘက်ဆို အဲဒီတံတားပေါ်မှာ အရက်ဝိုင်းတွေရော၊ အတွဲတွေရောရှုပ်နေတာပဲ၊ အရက်ဝိုင်းတွေစုပြီးသောက်တယ်၊ သောက်ပြီးရင် ထားခဲ့တဲ့ ပုလင်းတွေကို စည်ပင်က မနက်ပိုင်းဆို လာရှင်းသွားတယ်၊ ဒါတင်မဟုတ်သေးဘူး၊ အဲဒီပေါ်မှာ လိုုင်းပေါင်းစုံ ရှိနေတာ၊ မြို့က မြို့နဲ့မတူတော့ဘူး၊ အိမ်ပြန်တဲ့ မိန်းကလေးတွေအတွက်လဲ သူတို့ အိမ်ပြန်ချိန်က မလုံခြုံတော့ဘူးလို့ ပြည်သူတစ်ဦးဖြစ်တဲ့ မမြတ်မြတ်ကျော်ကပြောပါ တယ်။

ရုံးဆင်းချိန်မှာ မိန်းကလေးအချို့ဆိုရင် တံတားပေါ်မှာရှိနေတဲ့ အရက်သမားတွေအပြင် တောင်းရမ်းတဲ့သူတွေ၊ အိမ်ခြေယာမဲ့တွေ၊ ပြည့်တန်ဆာတွေကြောင့်လူမှားပြီး ဆွဲခံရမ လား၊ ဒါမှမဟုတ် ဣန္ဒြေပျက်အောင် ပြုလုပ်ခံရမှာ ကိုလည်း စိုးရိမ်ကြပါတယ်။

ပြည်လမ်းပေါ်က ခုံးတံတားမှာဆိုရင် မိန်းကလေးတွေရဲ့ ခြေထောက်ကိုဆွဲတာ၊ ကလေးတွေက လက်ထဲက ပိုက်ဆံအိတ်၊ ငွေစတာတွေကိုအတင်းလုယက်တဲ့ ဖြစ် စဉ်မျိုးတွေရှိခဲ့ပါတယ်။

ရန်ကုန်မြို့ရဲ့ အမျိုးသမီးအများစုဟာ ရက်တိုင်းလိုလို ရုံးဆင်းချိန်၊ အိမ်ပြန်ချိန်နောက်ကျ တက်ကြပါတယ်။ အဲသည်လို နောက်ကျလာတာနဲ့ အမျိုးသမီးတွေရဲ့လုံးခြုံရေးကလည်း နေ့စဉ်နဲ့အမျှ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရ ပါတယ်။

‘ကျွန်မတို့ရုံးပြန်ချိန်က အမြဲတမ်းနောက်ကျတတ်တယ်၊ ဒီတံတားတွေမှာ ညဘက်ဆို လူပြတ်တယ်၊ မှောင်တယ်၊ သူတို့တွေက တံတားတွေပေါ်ရဲ့နေရာတိုင်းလိုလိုမှာရှိတယ်၊ လမ်းဖြတ်သွားရင်တောင် နောက်ကနေကြည့်တဲ့ အကြည့်တွေက ကျွန်မတို့အတွက် မလုံခြုံတော့ဘူးလို့ ပြည်သူတစ်ဦးဖြစ်တဲ့ မအေးသက်ခိုင်က ပြောပါတယ်။

Author – ဝင်းနန္ဒာ Kumudra