


သိန်းတစ်သောင်းဆုရှင် ဦးကျင်ရှိန် ရုတ်တရက် ကွယ်လွန်ရသည့် အကြောင်းအရင်း 2


ပဲခူး၊ ဒီဇင်ဘာ ၆။


သိန်းတစ်သောင်းဆုရှင် ဦးကျင်ရှိန် ရုတ်တရက် ကွယ်လွန်ရသည့် အကြောင်းအရင်း 3




#BagoWeeklyJournal

==========

သိန်းတစ်သောင်းဆုရှင် ဦးကျင်ရှိန် ရုတ်တရက် ကွယ်လွန်ရသည့် အကြောင်းအရင်း

သနားစရာ ထီပေါက်ပီး မစံစားရရှာပဲ ကျန်သူဒေ သာစံစားရ ကံတရားဒေပေါ့😭

ဝေါမြို့မှ ကျပ်သိန်းတစ်သောင်းဆုရှင် လေပြွန်သလိပ်ကပ်ရာမှ ရုတ်တရက် ကွယ်လွန်

ပဲခူး၊ ဒီဇင်ဘာ ၆။

၂၁ ကြိမ်မြောက်အောင်ဘာလေ ကျပ်သိန်းတစ်သောင်းဆုရှင် ဦးကျင်ရိန်သည် ယနေ့နံနက် ၂ နာရီခန့်က ဝေါမြို့ရှိ ၎င်း၏နေအိမ်၌ လေပြွန်သလိပ်ကပ်ရာမှ ရုတ်တရက် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

ဦးကျင်ရိန်သည် လူကြီးရောဂါများဖြစ်သော အသက်ရှူကြပ်ခြင်း၊ နှလုံးအမောဖောက်ခြင်းရောဂါများကို နာတာရှည်ခံစားနေရသူလည်းဖြစ်ကြောင်း ၎င်း၏မိသားစုဝင်များထံမှ သိရသည်။

အောင်ဘာလေ ကျပ်သိန်းတစ်သောင်းဆုများကို ပဲခူးတိုင်းဒေသကြီးမှနှစ်ကြိမ်ဆက်တိုက် ဆွတ်ခူးခဲ့ရာတွင် ၂၀ ကြိမ်မြောက် သိန်းတစ်သောင်းဆုကို အသက် ၇၄ နှစ်အရွယ် ပဲခူးမြို့မှ ဦးစိန်ထွန်းက ဆွတ် ခူးခဲ့ပြီး ဒုတိယအဖြစ် ၂၁ ကြိမ်မြောက်တွင် ဝေါမြို့ရှိ အသက် ၈၈ နှစ်အရွယ် ဦးကျင်ရိန်က ဆွတ်ခူးခဲ့ခြင်းလည်း ဖြစ်သည်။

ဓာတ်ပုံ- သန်းဝင်းနိုင်

#BagoWeeklyJournal