သိန္းတစ္ေသာင္းဆုရွင္ ရုတ္တရက္ ကြယ္လြန္သြားရျခင္းအေၾကာင္း

ေဝါၿမိဳ႕မွ က်ပ္သိန္းတစ္ေသာင္းဆုရွင္ ရုတ္တရက္ ကြယ္လြန္

၂၁ ႀကိမ္ေျမာက္ေအာင္ဘာေလ က်ပ္သိန္းတစ္ေသာင္းဆုရွင္ ဦးက်င္ရိန္သည္ ယေန႔နံနက္ ၂ နာရီခန္႔က ေဝါၿမိဳ႕ရွိ ၎၏ေနအိမ္၌ ေလျပြန္သလိပ္ကပ္ရာမွ ရုတ္တရက္ ကြယ္လြန္သြားေၾကာင္း သတင္းရရွိသည္။

ဦးက်င္ရိန္သည္ လူႀကီးေရာဂါမ်ားျဖစ္ေသာ အသက္ရွဴၾကပ္ျခင္း၊ ႏွလုံးအေမာေဖာက္ျခင္းေရာဂါမ်ားကို နာတာရွည္ခံစားေနရသူလည္းျဖစ္ေၾကာင္း ၎၏မိသားစုဝင္မ်ားထံမွ သိရသည္။

သိန္းတစ္ေသာင္းဆုရွင္ ရုတ္တရက္ ကြယ္လြန္သြားရျခင္းအေၾကာင္း 2

၂၁ ျကိမ္ေျမာက္ သိန္းေပါင္းတစ္ေသာင္း ေအာင္ဘာေလထီဆုရွင္ ဦးက်င္ရိန္ကို ၁၉၃၁ ခုနွစ္တြင္ပုသိမ္ျမို့ အသည္ျကီးရပ္ကြက္ ဝက္ျကီးတန္း၌ တရုတ္ေသြးေနွာေသာ အဘဦးေမာင္ဝမ္နွင့္ ျမန္မာအမ်ိုးသမီး အမိေဒၚခင္ေအးတို့မွ ေမြးဖြားခဲ့ေျကာင္း သိရသည္။

အသက္ ၁၈ နွစ္တြင္ တပ္မေတာ္ထဲဝင္ေရာက္ခဲ့၍ အမွတ္ ၄ ေသနတ္ကိုင္တပ္တြင္ တာဝန္ထမ္းေဆာင္ခဲ့ျပီး ဝန္ထမ္းသဘာဝ ေျပာင္းေရွြ့ေနထိုင္ခဲ့ရျပီး ပဲခူးနယ္ဘက္တြင္ တာဝန္ထမ္းေဆာင္ေနစဉ္ အသက္ ၂၅ နွစ္ခန့္တြင္ ေဝါျမို့သူနွင့္ အိမ္ေထာင္က်ျပီး သားသမီးေျခာက္ဦး ရွိခဲ့ေျကာင္း သိရသည္။

ထို့ေနာက္တပ္မေတာ္တြင္ ၂၂ နွစ္တာဝန္ထမ္းေဆာင္ခဲ့ျပီး ၁၉၇၀ ခုနွစ္တြင္ တပ္မေတာ္မွ ပင္စင္ယူခဲ့၍ လက္ရွိအခ်ိန္တြင္ သမီးသံုးဦးသာ က်န္ရွိေ့တာ့ျပီး သမီးျဖစ္သူ အလယ္တန္းျပ ေက်ာင္းဆရာမအိမ္တြင္ ေျမးငယ္တစ္ဦးနွင့္အတူ မိသားစုသံုးဦး အတူေနထိုင္ခဲ႔ေၾကာင္း သိရသည္။

သိန္းတစ္ေသာင္းဆုရွင္ ရုတ္တရက္ ကြယ္လြန္သြားရျခင္းအေၾကာင္း 3

ေအာင္ဘာေလ က်ပ္သိန္းတစ္ေသာင္းဆုမ်ားကို ပဲခူးတိုင္းေဒသႀကီးမွႏွစ္ႀကိမ္ဆက္တိုက္ ဆြတ္ခူးခဲ့ရာတြင္ ၂၀ ႀကိမ္ေျမာက္ သိန္းတစ္ေသာင္းဆုကို အသက္ ၇၄ ႏွစ္အရြယ္ ပဲခူးၿမိဳ႕မွ ဦးစိန္ထြန္းက ဆြတ္ ခူးခဲ့ၿပီး ဒုတိယအျဖစ္ ၂၁ ႀကိမ္ေျမာက္တြင္ ေဝါၿမိဳ႕ရွိ အသက္ ၈၈ႏွစ္အရြယ္ ဦးက်င္ရိန္က ဆြတ္ခူးခဲ့ျခင္းလည္း ျဖစ္သည္။

ဓာတ္ပုံ- သန္းဝင္းႏိုင္

ထီမထြက္ခင္ ရက္မ်ားအတြင္း ရန္ကုန္ျမို့ ေက်ာက္တံခါးျမို့နယ္မွ ထီဖြင့္သည္ဟုထင္ကာ ဆူးေလဘိုးဘိုးျကီးကို ကြ်န္ေတာ့္မွာ လႉစရာသံုးစရာ ျပတ္ေနပါျပီ ထီေပါက္ေအာင္ ကူညီေပးရန္ ဆုေတာင္းခဲ့၍

ယခုကဲ့သို့ ထီေပါက္သည္ဟု ယံုျကည္ျပီး ထီေပါက္၍ ရရွိလာေသာ ေငြမ်ားကို သားသမီးမ်ားကို ခြဲေဝျပီး သားသမီးမ်ားနွင့္ တိုင္ပင္၍ အလႉအတန္းမ်ားလည္း ျပုလုပ္သြားမည္ျဖစ္ျပီး ဆူးေလဘုရားနွင့္ ဆူးေလဘိုးဘိုးျကီးကို အရင္ဆံုးလႉဒါန္းမည္ဟု သိရသည္။

============

ဝေါမြို့မှ ကျပ်သိန်းတစ်သောင်းဆုရှင် ရုတ်တရက် ကွယ်လွန်

၂၁ ကြိမ်မြောက်အောင်ဘာလေ ကျပ်သိန်းတစ်သောင်းဆုရှင် ဦးကျင်ရိန်သည် ယနေ့နံနက် ၂ နာရီခန့်က ဝေါမြို့ရှိ ၎င်း၏နေအိမ်၌ လေပြွန်သလိပ်ကပ်ရာမှ ရုတ်တရက် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

သိန္းတစ္ေသာင္းဆုရွင္ ရုတ္တရက္ ကြယ္လြန္သြားရျခင္းအေၾကာင္း 4

ဦးကျင်ရိန်သည် လူကြီးရောဂါများဖြစ်သော အသက်ရှူကြပ်ခြင်း၊ နှလုံးအမောဖောက်ခြင်းရောဂါများကို နာတာရှည်ခံစားနေရသူလည်းဖြစ်ကြောင်း ၎င်း၏မိသားစုဝင်များထံမှ သိရသည်။

၂၁ ကြိမ်မြောက် သိန်းပေါင်းတစ်သောင်း အောင်ဘာလေထီဆုရှင် ဦးကျင်ရိန်ကို ၁၉၃၁ ခုနှစ်တွင်ပုသိမ်မြို့ အသည်ကြီးရပ်ကွက် ဝက်ကြီးတန်း၌ တရုတ်သွေးနှောသော အဘဦးမောင်ဝမ်နှင့် မြန်မာအမျိုးသမီး အမိဒေါ်ခင်အေးတို့မှ မွေးဖွားခဲ့ကြောင်း သိရသည်။

အသက် ၁၈ နှစ်တွင် တပ်မတော်ထဲဝင်ရောက်ခဲ့၍ အမှတ် ၄ သေနတ်ကိုင်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဝန်ထမ်းသဘာဝ ပြောင်းရှွေ့နေထိုင်ခဲ့ရပြီး ပဲခူးနယ်ဘက်တွင် တာဝန်ထမ်းဆောင်နေစဉ် အသက် ၂၅ နှစ်ခန့်တွင် ဝေါမြို့သူနှင့် အိမ်ထောင်ကျပြီး သားသမီးခြောက်ဦး ရှိခဲ့ကြောင်း သိရသည်။

ထို့နောက်တပ်မတော်တွင် ၂၂ နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် တပ်မတော်မှ ပင်စင်ယူခဲ့၍ လက်ရှိအချိန်တွင် သမီးသုံးဦးသာ ကျန်ရှိေ့တာ့ပြီး သမီးဖြစ်သူ အလယ်တန်းပြ ကျောင်းဆရာမအိမ်တွင် မြေးငယ်တစ်ဦးနှင့်အတူ မိသားစုသုံးဦး အတူနေထိုင်ခဲ့ကြောင်း သိရသည်။

အောင်ဘာလေ ကျပ်သိန်းတစ်သောင်းဆုများကို ပဲခူးတိုင်းဒေသကြီးမှနှစ်ကြိမ်ဆက်တိုက် ဆွတ်ခူးခဲ့ရာတွင် ၂၀ ကြိမ်မြောက် သိန်းတစ်သောင်းဆုကို အသက် ၇၄ နှစ်အရွယ် ပဲခူးမြို့မှ ဦးစိန်ထွန်းက ဆွတ် ခူးခဲ့ပြီး ဒုတိယအဖြစ် ၂၁ ကြိမ်မြောက်တွင် ဝေါမြို့ရှိ အသက် ၈၈နှစ်အရွယ် ဦးကျင်ရိန်က ဆွတ်ခူးခဲ့ခြင်းလည်း ဖြစ်သည်။

ဓာတ်ပုံ- သန်းဝင်းနိုင်

ထီမထွက်ခင် ရက်များအတွင်း ရန်ကုန်မြို့ ကျောက်တံခါးမြို့နယ်မှ ထီဖွင့်သည်ဟုထင်ကာ ဆူးလေဘိုးဘိုးကြီးကို ကျွန်တော့်မှာ လှူစရာသုံးစရာ ပြတ်နေပါပြီ ထီပေါက်အောင် ကူညီပေးရန် ဆုတောင်းခဲ့၍

ယခုကဲ့သို့ ထီပေါက်သည်ဟု ယုံကြည်ပြီး ထီပေါက်၍ ရရှိလာသော ငွေများကို သားသမီးများကို ခွဲဝေပြီး သားသမီးများနှင့် တိုင်ပင်၍ အလှူအတန်းများလည်း ပြုလုပ်သွားမည်ဖြစ်ပြီး ဆူးလေဘုရားနှင့် ဆူးလေဘိုးဘိုးကြီးကို အရင်ဆုံးလှူဒါန်းမည်ဟု သိရသည်။