မြန်မာလူမျိုးတွေ ဘာကြောင့် အသက်တိုတာလဲ .. ?




ဈေးသက်သာလို့ ဆိုတဲ့ အကြောင်းပြချက် မပေးပါနဲ့ကျန်းမာ​ရေးအသိ မရှိဘဲ လျှာနဲ့စိတ်ကို အလိုလိုက်တာပါ




က​လေး​လေးတွေကြည့်တော့လည်းအရောင်စုံ အရသာစုံ အနံ့စုံ နဲ့လက်လီဈေး …. ၅၀ ကျပ်တန်လက္ကားဈေး ……၃၀ ကျပ် နဲ့ထုပ်လုပ်စားရိပ်..၂၀ ကျပ် လောက်ဘဲရှိတဲ့အချိုရည်မျိုးစုံ ၊ ဂျယ်လီခွက်ကြီးမျိုးစုံ နဲ့အချိုမူန့် နဲ့ ကြက်သားမှုန့် ရောမွေထားတဲ့လေဖောင်းမူန့်အစုံအရောင်စုံ အရသာစုံ အနံစုံ နဲ့ချိုချဉ်အစုံ​ ပီကေအစုံ နိုခဲအစုံ


မြန်မာလူမျိုးတွေ ဘာကြောင့် အသက်တိုတာလဲ .. ? 2









အိမ်ရှင်မတွေဟင်းချိုမူန့် ကြက်သားမှုန့်တွေထည့် ဆီအညံတွေနဲ့ဆီပြန်​ဟင်းတွေချက်ပြီးကိုယ်အရမ်းချစ်ရတဲ့ ကိုယ့်ယောင်္ကျား နဲ့ သားသမီးတွေကိုအိမ်က မီးဖို​ချောင်​ထဲမှာ အဆိပ်​ခတ်​နေကြတယ်




အဲ့ဒီတော့စားကောင်းပြီး လျှာထဲစွဲချင်တယ်ဆီမြုပ်ပြီး အရောင်လှချင်တယ်ဈေးကျတော့ ပေါလော ရှောလော သုံးချင်တယ် ဆိုတော့အချိုမူန့် များများပြည့်ဝဆီ အညံစားတွေနဲ့ဆေးဆိုးထားတဲ့ အရောင်တင်မူန့်တွေဘဲစားရတော့မှာပေါ့







Credit-.xyznews.

========

စာဖတ်ပျင်းပြီး အထွေထွေဗဟုသုတ အားနည်း၍အစားအ​သောက်​ ကျိန်​စာ သင့်နေသောရွှေမြန်မာများ

ရွှေမြန်​မာတွေရဲ့ ပျမ်​းမျှသက်တမ်းက ၅၇ နှစ်အာရှမှာ အနိမ့်ဆုံးဘဲ

အသက် ရှင်သန်ဖို့အတွက် နေစဉ်စားသောက်နေရတဲ့အစားအ​သောက်​တွေကို ကျန်​းမာ​ရေးအသိနဲ့ မချင့်ချိန်ဘဲစားသောက်ရင် ကိုယ့်ရဲ့ ကျန်​းမာ​ရေးထိခိုက်ရုံမျှ မကဘဲကိုယ့်ရဲ့ရင်သွေးတွေ ၊ ကလေးငယ်တွေရဲ့ အနာဂတ်​ပါအညွန့်ကျိုးသွားနိုင်ပါတယ်

စျေးသက်သာလို့ ဆိုတဲ့ အကြောင်းပြချက် မပေးပါနဲ့ကျန်​းမာ​ရေးအသိ မရှိဘဲ လျှာနဲ့စိတ်ကို အလိုလိုက်တာပါ

အခုဆိုအသက်​ ၄၀ နဲ့ အထက်​ တွေကို ကြည့်လိုက် မေးလိုက်ရင်ဟိုဟာက မတည့် ဒီဟာက စားလိုမရ နဲ့အရှင်လက်လက် ပြိတ္တာရောဂါ တွေဖြစ်တဲ့ဆီးချို ၊ သွေးချို ၊ သွေးတိုး ၊ နှလုံးသွေးကြောကျဉ်း စတဲ့ရောဂါတွေ မရှိတဲ့သူ ​တော်​​တော်​ကို ရှားလာတယ်

တဆင့်တက် အဲ့ဒီထက်ပိုဆိုးတဲ့အသဲကင်ဆာ ၊ အဆုပ်ကင်ဆာ ၊ ကျောက်ကပ်ကင်ဆာရောဂါတွေ အဖြစ် အရမ်းများလာတယ်

အသက် ၆၀ ကျော်တွေကြည့်လိုက်တော့အရိုးပါး အရိုးပွ နဲ့ သတိမေ့တဲ့ ရောဂါတွေ ဖြစ်နေကြတယ်

က​လေး​လေးတွေကြည့်တော့လည်းအရောင်စုံ အရသာစုံ အနံ့စုံ နဲ့လက်လီစျေး …. ၅၀ ကျပ်တန်လက္ကားစျေး ……၃၀ ကျပ် နဲ့ထုပ်လုပ်စားရိပ်..၂၀ ကျပ် လောက်ဘဲရှိတဲ့အချိုရည်မျိုးစုံ ၊ ဂျယ်လီခွက်ကြီးမျိုးစုံ နဲ့အချိုမူန့် နဲ့ ကြက်သားမှုန့် ရောမွေထားတဲ့လေဖောင်းမူန့်အစုံအရောင်စုံ အရသာစုံ အနံစုံ နဲ့ချိုချဉ်အစုံ​ ပီကေအစုံ နိုခဲအစုံ

ပြီးတော့အသားပုပ်ပေါင်းစုံ ကြာရှည်ခံဓါတုဆေးပေါင်းစုံ နဲ့လုပ်တဲ့ပင်လယ်စာလို့ခေါ်တဲအသားတုပေါင်းစုံ ၊ အကင်ပေါင်းစုံ တွေရဲကောင်းမူကြောင့်ပိန်​လှီလှီ ညှောင့်နာနာ နဲ့ ရှူနာ ရှိုက်ကုံးလေးတွေဖြစ်လို့

တချို ​ငွေ​ကြေးချမ်းသာပြီး ကျန်​းမာ​ရေးအသိမရှိတဲ့မိသားစုကကလေးတွေဆို ပိုဆိုးတယ

ကျောင်းကို မုန်​့ဖိုးအများကြီးပေး ထားတော့တွေ့သမျှ အသစ်ပေါ်တိုင်းဝယ်စားတယ်တွေသမျှ မသောက်ဖူးသေးတဲ့ အချိုရည်အစုံ သောက်ပြီးနာက်​ဆုံး ၁၂ နှစ် ၁၃ နှစ်သားလေးကိုကျောက်ကပ်ပျက်ပြီး ကျောက်ကပ်အလှူရှင် မရှိသေးလိုတပတ် တခါ အကြောဖောက်ပြီး ကျောက်ကပ်ဆေးနေရတဲ့ကလေးတွေ အများကြီးတွေ့ နေရတယ်

လူကြီးများ လေ့လာပါ သတိထားပါ ဆင်ချင်ပါ ပြီးရင်ကလေးတွေကို အကျိုးအကြောင်းပြောပြပြီး သင်ပေးပါ

ခက်တာက လူကြီးတွေ ကိုယ်​တိုင်​က မသိတာဘဲတချို အသိတရားနည်းတဲ့ လူကြီးတွေ ပြောသေးတယ်

” တသက်လုံး စားလာတာ အခုမှတော့ မစားဘဲမနေနိုင်ပေါင် သေမှသေရောဘဲ ” ဆိုတဲ့လူကြီးတွေ အများကြီးဘဲ

တရုတ်​ကြီးတယောက်ပြောတာ သွားသတိရတယ်

” နိတို့မြန်မာတွေ ကျန်​းမာ​ရေးအသိကိုမရှိဘူးဘိုင်းကနဲ့ လဲပြီးမသေရင်ပြီးရော အကုန်စားတယ်တဲ့ ”

နေစဉ်စားသောက်နေတဲ့ အစားအ​သောက်​တွေမှာအဆိပ်တွေ အဆိပ်တွေ

အိမ်ရှင်မတွေဟင်​းချိုမူန့် ကြက်သားမှုန့်တွေထည့် ဆီအညံတွေနဲ့ဆီပြန်​ဟင်​းတွေချက်ပြီးကိုယ်အရမ်းချစ်ရတဲ့ ကိုယ့်ယောကျင်္ား နဲ့ သားသမီးတွေကိုအိမ်က မီးဖို​ချောင်​ထဲမှာ အဆိပ်​ခတ်​နေကြတယ်

ချက်​ချင်​း မသေပေမယ့်တဖြည်​းဖြည်​း ကျန်​းမာ​ရေး ချို့တဲ့ကျန်​းမာ​ရေး မကောင်းတော့ ကျန်​းမာ​ရေးစရိပ်တွေကြောင့်စီးပွား​ရေးတွေ လုံးပါးပါးပြီးနောက်ဆုံး မိသားစုတစုလုံး ဘဝပျတ်သားသမီးတွေပါ အညွှန်တုန်းကုန်ပါလိပ်မယ်

ပြီးတော့ထုပ်လုပ်တဲ့သူတွေကို ဘယ်လို အရေးယူပါ ဘာညာနဲ့အစိုးရ ကိုချည်းဘဲ အပြစ် မ​ပြောပါနဲ့အစိုးရက တင်းတင်းကြပ်ကြပ် အရေးယူမူတွေလုပ်ထားတဲ့မူးယစ်ဆေး ဆိုတာတွေကိုတောင်မှအသိတရား နည်းပါးသူတွေက မရမကရှာဝယ်ပြီးသုံးစွဲနေကြသေးတာဘဲအသိတရားမရှိ သုံးစွဲသူတွေရှိနေသရွေ့ ထုပ်လုပ်ရောင်းချသူတွေရှိနေမှာပါဘဲ

ဟင်​းချို မူန့်လေး ကြက်သားမှုန့်လေးမှ မပါရင်စားမကောင်းဘူး လျှာထဲမစွဲဘူးအသားဟင်းချက်ရင် ဆီမြုပ်နေမှ ကောင်းတာဟင်းချက်ရင် အရောင် ရဲရဲလေးမှ လှတာ

အဲ့ဒီတော့စားကောင်းပြီး လျှာထဲစွဲချင်တယ်ဆီမြုပ်ပြီး အရောင်လှချင်တယ်စျေးကျတော့ ပေါလော ရှောလော သုံးချင်တယ် ဆိုတော့အချိုမူန့် များများပြည့်ဝဆီ အညံစားတွေနဲ့ဆေးဆိုးထားတဲ့ အရောင်တင်မူန့်တွေဘဲစားရတော့မှာပေါ့

အစိုးရက ထုတ်လုပ်သူတွေကိုဘယ်လိုဘဲ အရေးယူ အပြစ်​​ပေးနေပေမယ့်

ကျန်​းမာ​ရေး အသိတရားမရှိ စားသုံးသူတွေရှိနေသရွေ့ထုတ်လုပ်ရောင်းချသူတွေရှိနေမှာပါဘဲ

မှားတာပါရင်​လည်​း ​စေတနာအမှားမို့ ခွင်​့လွတ်​ပါ…..လိုတာရှိရင်​လည်​း​ အောက်​ကဖြည်​့​ပေးပါ…….

စိတ်​သ​ဘောထားချင်​းတိုက်​ဆိုင်​ရင်​ Share ​ပေးပါ….

မူရင်းတင်သူကို လေးစားစွာ credit ပေးပါတယ်

လိုင်းပေါ်တွေ့လို့ ကျန်းမာရေးအတွက် share ပေးတာဖြစ်ပါတယ်

Credit-.xyznews.