ဘဏ္၀န္ထမ္းကို အုပ္စုဖြဲ႔႐ုိက္ႏွက္မႈ ရဲအေရးမပိုင္သျဖင့္အမွဳဖြင့္လက္ခံေပးျခင္းမရွိ

ဘဏ္၀န္ထမ္းကို အုပ္စုဖြဲ႔႐ုိက္ႏွက္မႈ ရဲအေရးမပိုင္သျဖင့္အမွဳဖြင့္လက္ခံေပးျခင္းမရွိ

ဧရာ၀တီဘဏ္၀န္ထမ္းကို အုပ္စုဖြဲ႔႐ုိက္ႏွက္မႈ ရဲအေရးမပိုင္သျဖင့္ ႐ုိက္ႏွက္ခံရသူက တရားရံုးသို႔ ဦးတိုက္ေလွ်ာက္္အမွဳဖြင့္၊ က်ဴးလြန္သူမ်ားကို စစ္ေဆးေမးျမန္ေနဟုဆို

ေကာ႔ေသာင္ၿမိဳ႕နယ္၊ အဏၰ၀ါရပ္ကြက္၊ ကမ္းနားလမ္း၊ ၿမိဳ႕မေစ်းအနီးရွိ ဧရာ၀တီဘဏ္၀န္ထမ္း ၁ ဦးအား ဒီဇင္ဘာ ၂ ရက္ေန႔ ည ၁ နာရီအခ်ိန္ခန္႔က အုပ္စုဖြဲ႔ရိုက္ႏွက္ခဲ့သူ ၄ ဦးကို အေရးယူေပးပါရန္ ကာယကံရွင္က တရားရံုးတြင္ ဦးတိုက္ေလွ်ာက္အမွဳဖြင့္ထားေၾကာင္း သိရသည္။

ဘဏ္၀န္ထမ္းကို အုပ္စုဖြဲ႔႐ုိက္ႏွက္မႈ ရဲအေရးမပိုင္သျဖင့္အမွဳဖြင့္လက္ခံေပးျခင္းမရွိ 2

အုပ္စုဖြဲ႔႐ုိက္ႏွက္မႈနဲ႔ပတ္သက္၍ ကာယံကံရွင္ ဦးေက်ာ္စြာ၀င္းက အခင္းျဖစ္ပြားခ်ိန္တြင္ ၿမိဳ႕မရဲစခန္းရံုးသို႔ ခ်က္ခ်င္းသြားေရာက္အမႈဖြင့္ေသာ္လည္း ရဲအေရးမပိုင္သည့္အမႈျဖစ္သည္ဟုဆိုကာ အမွဳဖြင့္လက္ခံေပးျခင္းမရွိဘဲ ျငင္းဆိုလိုက္ေၾကာင္း ၎ကေျပာသည္။

ဦးေက်ာ္စြာ၀င္းအား ၀ိုင္း၀န္း႐ုိက္ႏွက္သူမ်ားတြင္ အဏၰ၀ါရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး၊ နယ္ထိန္း ဒုရဲအုပ္ႏွင့္ မီးသတ္တပ္ဖြဲ႔၀င္ ၂ ဦးတို႔ ပါ၀င္ေၾကာင္း သိရသည္။

“အခင္းျဖစ္ပြားၿပီး ကြ်န္ေတာ္ သက္ဆိုင္ရာရဲစခန္းမွာ ခ်က္ခ်င္းသြားေရာက္ အမႈဖြင္႔ပါတယ္။ ဒါေပမယ့္ ရဲေရးမပိုင္တဲ့အမႈဆိုၿပီး အမႈဖြင့္လက္ခံေပးျခင္းမရွိလို႔ ဒီဇင္ဘာ ၃ ရက္ေန႔မွာ တရားရံုးမွာ အမႈနဲ႔ပတ္သက္သူ ၄ ဦးကို ဦးတိုက္ေလွ်ာက္အမွဳဖြင့္ထားပါတယ္”ဟု ဦးေက်ာ္စြာ၀င္းက ေျပာၾကားသည္။

ဘဏ္၀န္ထမ္းကို အုပ္စုဖြဲ႔႐ုိက္ႏွက္မႈ ရဲအေရးမပိုင္သျဖင့္အမွဳဖြင့္လက္ခံေပးျခင္းမရွိ 3

ယင္းသို႔ တရားရံုးတြင္ ဦးတိုက္ေလွ်ာက္အမႈဖြင့္ခဲ့သျဖင့္ လက္ရွိတြင္ အဏၰ၀ါရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး၊ နယ္ထိန္း ဒုရဲအုပ္ႏွင့္ မီးသတ္တပ္ဖြဲ႔၀င္ ၂ ဦး စုစုေပါင္း ၄ ဦးတို႔ကို စံုစမ္းစစ္ေနၿပီျဖစ္ေၾကာင္း သိရသည္။

ေရႊၿမိတ္သား

News Watch

========

ဘဏ်ဝန်ထမ်းကို အုပ်စုဖွဲ့ရိုက်နှက်မှု ရဲအရေးမပိုင်သဖြင့်အမှုဖွင့်လက်ခံပေးခြင်းမရှိ

ဧရာဝတီဘဏ်ဝန်ထမ်းကို အုပ်စုဖွဲ့ရိုက်နှက်မှု ရဲအရေးမပိုင်သဖြင့် ရိုက်နှက်ခံရသူက တရားရုံးသို့ ဦးတိုက်လျှောက််အမှုဖွင့်၊ ကျူးလွန်သူများကို စစ်ဆေးမေးမြန်နေဟုဆို

ကော့သောင်မြို့နယ်၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၊ မြို့မစျေးအနီးရှိ ဧရာဝတီဘဏ်ဝန်ထမ်း ၁ ဦးအား ဒီဇင်ဘာ ၂ ရက်နေ့ ည ၁ နာရီအချိန်ခန့်က အုပ်စုဖွဲ့ရိုက်နှက်ခဲ့သူ ၄ ဦးကို အရေးယူပေးပါရန် ကာယကံရှင်က တရားရုံးတွင် ဦးတိုက်လျှောက်အမှုဖွင့်ထားကြောင်း သိရသည်။

အုပ်စုဖွဲ့ရိုက်နှက်မှုနဲ့ပတ်သက်၍ ကာယံကံရှင် ဦးကျော်စွာဝင်းက အခင်းဖြစ်ပွားချိန်တွင် မြို့မရဲစခန်းရုံးသို့ ချက်ချင်းသွားရောက်အမှုဖွင့်သော်လည်း ရဲအရေးမပိုင်သည့်အမှုဖြစ်သည်ဟုဆိုကာ အမှုဖွင့်လက်ခံပေးခြင်းမရှိဘဲ ငြင်းဆိုလိုက်ကြောင်း ၎င်းကပြောသည်။

ဦးကျော်စွာဝင်းအား ၀ိုင်းဝန်းရိုက်နှက်သူများတွင် အဏ္ဏဝါရပ်ကွက် အုပ်ချုပ်ရေးမှူး၊ နယ်ထိန်း ဒုရဲအုပ်နှင့် မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးတို့ ပါဝင်ကြောင်း သိရသည်။

“အခင်းဖြစ်ပွားပြီး ကျွန်တော် သက်ဆိုင်ရာရဲစခန်းမှာ ချက်ချင်းသွားရောက် အမှုဖွင့်ပါတယ်။ ဒါပေမယ့် ရဲရေးမပိုင်တဲ့အမှုဆိုပြီး အမှုဖွင့်လက်ခံပေးခြင်းမရှိလို့ ဒီဇင်ဘာ ၃ ရက်နေ့မှာ တရားရုံးမှာ အမှုနဲ့ပတ်သက်သူ ၄ ဦးကို ဦးတိုက်လျှောက်အမှုဖွင့်ထားပါတယ်”ဟု ဦးကျော်စွာဝင်းက ပြောကြားသည်။

ယင်းသို့ တရားရုံးတွင် ဦးတိုက်လျှောက်အမှုဖွင့်ခဲ့သဖြင့် လက်ရှိတွင် အဏ္ဏဝါရပ်ကွက် အုပ်ချုပ်ရေးမှူး၊ နယ်ထိန်း ဒုရဲအုပ်နှင့် မီးသတ်တပ်ဖွဲ့ဝင် ၂ ဦး စုစုပေါင်း ၄ ဦးတို့ကို စုံစမ်းစစ်နေပြီဖြစ်ကြောင်း သိရသည်။

ရွှေမြိတ်သား

News Watch