၉ႏွစ္ပဲရွိေသးတဲ့ ၄တန္းေက်ာင္းသူေလး မုဒိမ္းက်င့္ခံရမႈျဖစ္

ယင္းမာပင္ၿမိဳ႕နယ္တြင္ ကေလးငယ္ ေက်ာင္းသူအား မုဒိန္းမႈက်ဴးလြန္သူအား ဖမ္းဆီးစစ္ေဆး

မံုရြာ၊ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၆ ရက္

ယင္းမာပင္ၿမိဳ႕နယ္၊ ေမာက္သရက္(ေရွ႕)႐ြာေန ဦးမ်ိဳးကိုဦး၊ ၂၇ႏွစ္၊ (ဘ)ဦးေမာင္ငယ္သည္ ဇနီးျဖစ္သူ မေဌးျမင့္ဝင္း၊ ညီမျဖစ္သူ မသႏၲာဦးတို႔ႏွင့္အတူ ေနအိမ္၌ရွိေနစဥ္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၅ ရက္ေန႔ ၁၂၀၀ အခ်ိန္ ညီမျဖစ္သူ မသႏၲာဦးမွ ေမာက္သရက္(ေျမာက္)႐ြာတြင္ ေနထိုင္ေသာ ၎၏ မိခင္ႏွင့္ ညီမျဖစ္ေသာ

၉ႏွစ္ပဲရွိေသးတဲ့ ၄တန္းေက်ာင္းသူေလး မုဒိမ္းက်င့္ခံရမႈျဖစ္ 2

မ****၊ ၉ႏွစ္၊ (ဘ)ဦးေမာင္ငယ္၊ ၄တန္း၊ မစႏၵာမိုး၊ ၄ ႏွစ္၊ ေမာင္ျဖစ္သူ ေမာင္ႏိုးငယ္၊ ၅ႏွစ္တို႔အား ဆန္သြားပို႔ရာ မ****၏ အမ်ိဳးသမီးအဂၤါမွ ေသြးမ်ားထြက္ေန သည္ကိုေတြ႕ရ၍ ေမးျမန္းရာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၄ ရက္ေန႔ ည ၇ နာရီ အခ်ိန္ တြင္ ညီမျဖစ္သူ မစႏၵာမိုး၊ ေမာင္ျဖစ္သူ ေမာင္ႏိုးငယ္တို႔ႏွင့္အတူ အိပ္ေပ်ာ္ေနစဥ္

၉ႏွစ္ပဲရွိေသးတဲ့ ၄တန္းေက်ာင္းသူေလး မုဒိမ္းက်င့္ခံရမႈျဖစ္ 3

ေမာက္သရက္ (ေရွ႕)႐ြာေန ေက်ာ္ဝင္းေဌး၊ ၃၅ႏွစ္၊ (ဘ)ဦးတင္ေမာ္၊ က်ပန္းလုပ္ကိုင္သူသည္ ေနအိမ္သို႔ေရာက္ရွိလာ၍ မ****၏ ပါးစပ္အား လက္ျဖင့္ပိတ္ကာ သားမယားအျဖစ္(၂)ႀကိမ္ ျပဳက်င့္ခဲ့ၿပီး ည ၁၀ နာရီ အခ်ိန္ တြင္ ေနအိမ္မွ ျပန္သြားခဲ့ေၾကာင္း ေျပာျပသိရွိခဲ႔ရပါသည္။

၉ႏွစ္ပဲရွိေသးတဲ့ ၄တန္းေက်ာင္းသူေလး မုဒိမ္းက်င့္ခံရမႈျဖစ္ 4

ညီမျဖစ္သူ မ****အား သားမယားအျဖစ္ျပဳက်င့္သူ ေက်ာ္ဝင္းေဌးအား ဥပေဒအရအေရးယူေပးရန္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၅ ရက္ေန႔ ညအခ်ိန္ ဦးမ်ိဳးကိုဦးမွ တရားလိုျပဳလုပ္တိုင္တန္းသျဖင့္ ယင္းမာပင္ၿမိဳ႕မရဲစခန္း(ပ)၂၅၄/၂၀၁၈၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆ အရ အမႈေရးဖြင့္၍ ရဲအုပ္ ေဇာ္မိုးလြင္မွ တရားခံဖမ္းဆီး ရမိခဲ႔ၿပီး စစ္ေဆးေဆာင္႐ြက္လ်က္ရွိပါသည္။

စစ္ကိုင္းတိုင္းေဒသႀကီးရဲတပ္ဖြဲ႕

#ေဗဒါမွဳခင္းရွဳေထာင့္

========

ယင်းမာပင်မြို့နယ်တွင် ကလေးငယ် ကျောင်းသူအား မုဒိန်းမှုကျူးလွန်သူအား ဖမ်းဆီးစစ်ဆေး

မုံရွာ၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်

ယင်းမာပင်မြို့နယ်၊ မောက်သရက်(ရှေ့)ရွာနေ ဦးမျိုးကိုဦး၊ ၂ရနှစ်၊ (ဘ)ဦးမောင်ငယ်သည် ဇနီးဖြစ်သူ မဌေးမြင့်ဝင်း၊ ညီမဖြစ်သူ မသန္တာဦးတို့နှင့်အတူ နေအိမ်၌ရှိနေစဉ် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ ၁၂၀၀ အချိန် ညီမဖြစ်သူ မသန္တာဦးမှ မောက်သရက်(မြောက်)ရွာတွင် နေထိုင်သော ၎င်း၏ မိခင်နှင့် ညီမဖြစ်သော

မ****၊ ၉နှစ်၊ (ဘ)ဦးမောင်ငယ်၊ ၄တန်း၊ မစန္ဒာမိုး၊ ၄ နှစ်၊ မောင်ဖြစ်သူ မောင်နိုးငယ်၊ ၅နှစ်တို့အား ဆန်သွားပို့ရာ မ****၏ အမျိုးသမီးအင်္ဂါမှ သွေးများထွက်နေ သည်ကိုတွေ့ရ၍ မေးမြန်းရာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ ည ၇ နာရီ အချိန် တွင် ညီမဖြစ်သူ မစန္ဒာမိုး၊ မောင်ဖြစ်သူ မောင်နိုးငယ်တို့နှင့်အတူ အိပ်ပျော်နေစဉ်

မောက်သရက် (ရှေ့)ရွာနေ ကျော်ဝင်းဌေး၊ ၃၅နှစ်၊ (ဘ)ဦးတင်မော်၊ ကျပန်းလုပ်ကိုင်သူသည် နေအိမ်သို့ရောက်ရှိလာ၍ မ****၏ ပါးစပ်အား လက်ဖြင့်ပိတ်ကာ သားမယားအဖြစ်(၂)ကြိမ် ပြုကျင့်ခဲ့ပြီး ည ၁၀ နာရီ အချိန် တွင် နေအိမ်မှ ပြန်သွားခဲ့ကြောင်း ပြောပြသိရှိခဲ့ရပါသည်။

ညီမဖြစ်သူ မ****အား သားမယားအဖြစ်ပြုကျင့်သူ ကျော်ဝင်းဌေးအား ဥပဒေအရအရေးယူပေးရန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ ညအချိန် ဦးမျိုးကိုဦးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ယင်းမာပင်မြို့မရဲစခန်း(ပ)၂၅၄/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်၍ ရဲအုပ် ဇော်မိုးလွင်မှ တရားခံဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့

#ဗေဒါမှုခင်းရှုထောင့်