သမီးအရင္းကို အႀကိမ္ႀကိမ္အဓမၼျပဳက်င့္သည့္ ဖခင္အရင္းကိုအမိန္႔ခ်မွတ္လိုက္ျပီ

သမီးအရင္းကို အႀကိမ္ႀကိမ္အဓမၼျပဳက်င့္သည့္ ဖခင္အရင္းကို ေျမာင္းျမခရိုင္တရားရံုးမွ ေထာင္ဒဏ္ အႏွစ္ ၂၀ ခ်

အသက္မျပည့္ေသးသည့္ သမီးအရင္းျဖစ္သူကို အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ခဲ့သူ ကိုႏိုင္ (ခ) စန္းေအး ၊ အသက္( ၄၂ ) ႏွစ္အား ဧရာဝတီတိုင္းေဒသႀကီး ၊ ေျမာင္းျမခရိုင္တရားရံုးမွ ယေန႔ ဒီဇင္ဘာ (၆)ရက္ ေန႔လည္တြင္ ေထာင္ဒဏ္အႏွစ္ (၂၀) က်ခံေစရန္ အမိန္႔ခ်မွတ္လိုက္ေၾကာင္း သိရသည္။

ေျမာင္းျမၿမိဳ႕နယ္ ၊ ကညြတ္ကြင္းေက်းရြာအုပ္စု ၊ မယ္ဇလီစမ္းေက်းရြာေန မ ——- (၁၅)ႏွစ္သည္ မိခင္ထံမွ ဖခင္ရွိရာ မဂၤလာ ဒံုၿမိဳ႕နယ္၊ ေရႊနံသာေက်းရြာအုပ္စု ၊ ပုလဲ (၃) ရပ္ကြက္ တြင္သြားေရာက္ေနထိုင္ခဲ႔ရာမွ ၂၀၁၈ ခုႏွစ္ ေမလ (၂၉) ရက္တြင္ ဖခင္ျဖစ္သူမွ မိခင္ျဖစ္သူထံ ျပန္ပို႔ေပးမည္ေျပာကာ ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ ေျမာင္းျမၿမိဳ႕သို႔ ျပန္ပို႔ေပးခဲ့ေၾကာင္း သိရသည္။

ေျမာင္းျမၿမိဳ႕အေရာက္အေရာက္တြင္ ေျမာင္းျမၿမိဳ႕နယ္ ဖ်ာပံုစု ေတာထဲတြင္ တစ္ႀကိမ္ ၊ ေျမာင္းျမၿမိဳ႕ေရႊၾကယ္စင္ တည္းခိုခန္း တြင္ တစ္ႀကိမ္၊ ဝဲကေလးေက်းရြာေန အေဒၚျဖစ္သူထံ ႏွစ္ရက္ခန္႔ သြားေရာက္လည္ပတ္ခဲ႔ၿပီး ေျမာင္းျမၿမိဳ႕ ေရႊၾကယ္စင္ တည္းခို ခန္းတြင္ ျပန္လည္တည္းခိုကာ ေနာက္ထပ္ အႀကိမ္ႀကိမ္အဓမၼ က်ဴးလြန္ခဲ႔ကာ မိခင္ရွိရာ ေက်းရြာသို႔ ျပန္မပို႔ဘဲ မဂၤလာဒံု ေရႊနံ႔ သာေက်းရြာ သို႔ျပန္လည္ ေခၚေဆာင္ခဲ႔ေၾကာင္း သိရသည္။

သမီးအရင္းကို အႀကိမ္ႀကိမ္အဓမၼျပဳက်င့္သည့္ ဖခင္အရင္းကိုအမိန္႔ခ်မွတ္လိုက္ျပီ 2

ေနအိမ္သို႔ ျပန္လည္ေရာက္ရိွသည့္အခ်ိန္တြင္ မ ——– က မိေထြးျဖစ္သူႏွင့္ အကို အရင္းျဖစ္သူ ေက်ာ္မင္းသက္ကို အက်ိဳး အေၾကာင္း ေျပာျပရာမွ အကိုျဖစ္သူက မဂၤလာဒံုရဲစခန္းသို႔ သြားေရာက္တိုင္ၾကားခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ တရားခံ စန္းေအး(ခ)ကိုႏိုင္အား မဂၤလာဒံု ရဲစခန္းမွတဆင့္ ေျမာင္းျမရဲစခန္းသို႔ လႊဲေျပာင္းကာ ဖမ္းဆီးအမႈဖြင့္ ခဲ့ျခင္း ျဖစ္သည္။

ဖခင္ ျဖစ္သူ၏ လိင္ပိုင္းဆိုင္ရာကို ကာကြယ္ေစာင့္ေရွာက္မႈ ျပဳႏိုင္ရန္ တရားလိုဘက္မွ အကူအညီေတာင္းခံမႈေၾကာင့္ ေျမာင္းျမ ခရိုင္ အမ်ိဳးသမီးေရးရာအဖြဲ႕မွ တရားစြဲဆိုျခင္း၊ အမႈလိုက္ပါ ေဆာင္ရြက္ျခင္းတို႔ အခမဲ႔ ေဆာင္ရြက္ေပးခဲ႔ၿပီး ၂၀၁၈ ဒီဇင္ဘာ (၆) ရက္တြင္ ေျမာင္းျမခရိုင္တရားရံုး ၊ ဒုခရိုင္တရားသူႀကီး ေဒၚခင္ဝင္းႏိုင္က ရာဇသတ္ႀကီး ဥပေဒပုဒ္မ( ၃၇၆ ) သက္ငယ္ မုဒိမ္းမႈ ျဖင့္ ေထာင္ဒဏ္ အႏွစ္ (၂၀) ခ်မွတ္လိုက္ေၾကာင္း သိရသည္။

– ေက်ာ္စိုးမိုး – ဖ်ာပံု (အကုန္သိသတင္းဌာန)

==============

သမီးအရင်းကို အကြိမ်ကြိမ်အဓမ္မပြုကျင့်သည့် ဖခင်အရင်းကို မြောင်းမြခရိုင်တရားရုံးမှ ထောင်ဒဏ် အနှစ် ၂၀ ချ

အသက်မပြည့်သေးသည့် သမီးအရင်းဖြစ်သူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သူ ကိုနိုင် (ခ) စန်းအေး ၊ အသက်( ၄၂ ) နှစ်အား ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင်တရားရုံးမှ ယနေ့ ဒီဇင်ဘာ (၆)ရက် နေ့လည်တွင် ထောင်ဒဏ်အနှစ် (၂၀) ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

မြောင်းမြမြို့နယ် ၊ ကညွတ်ကွင်းကျေးရွာအုပ်စု ၊ မယ်ဇလီစမ်းကျေးရွာနေ မ ——- (၁၅)နှစ်သည် မိခင်ထံမှ ဖခင်ရှိရာ မင်္ဂလာ ဒုံမြို့နယ်၊ ရွှေနံသာကျေးရွာအုပ်စု ၊ ပုလဲ (၃) ရပ်ကွက် တွင်သွားရောက်နေထိုင်ခဲ့ရာမှ ၂၀၁၈ ခုနှစ် မေလ (၂၉) ရက်တွင် ဖခင်ဖြစ်သူမှ မိခင်ဖြစ်သူထံ ပြန်ပို့ပေးမည်ပြောကာ မော်တော်ဆိုင်ကယ်ဖြင့် မြောင်းမြမြို့သို့ ပြန်ပို့ပေးခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့အရောက်အရောက်တွင် မြောင်းမြမြို့နယ် ဖျာပုံစု တောထဲတွင် တစ်ကြိမ် ၊ မြောင်းမြမြို့ရွှေကြယ်စင် တည်းခိုခန်း တွင် တစ်ကြိမ်၊ ဝဲကလေးကျေးရွာနေ အဒေါ်ဖြစ်သူထံ နှစ်ရက်ခန့် သွားရောက်လည်ပတ်ခဲ့ပြီး မြောင်းမြမြို့ ရွှေကြယ်စင် တည်းခို ခန်းတွင် ပြန်လည်တည်းခိုကာ နောက်ထပ် အကြိမ်ကြိမ်အဓမ္မ ကျူးလွန်ခဲ့ကာ မိခင်ရှိရာ ကျေးရွာသို့ ပြန်မပို့ဘဲ မင်္ဂလာဒုံ ရွှေနံ့ သာကျေးရွာ သို့ပြန်လည် ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

နေအိမ်သို့ ပြန်လည်ရောက်ရှိသည့်အချိန်တွင် မ ——– က မိထွေးဖြစ်သူနှင့် အကို အရင်းဖြစ်သူ ကျော်မင်းသက်ကို အကျိုး အကြောင်း ပြောပြရာမှ အကိုဖြစ်သူက မင်္ဂလာဒုံရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံ စန်းအေး(ခ)ကိုနိုင်အား မင်္ဂလာဒုံ ရဲစခန်းမှတဆင့် မြောင်းမြရဲစခန်းသို့ လွှဲပြောင်းကာ ဖမ်းဆီးအမှုဖွင့် ခဲ့ခြင်း ဖြစ်သည်။

ဖခင် ဖြစ်သူ၏ လိင်ပိုင်းဆိုင်ရာကို ကာကွယ်စောင့်ရှောက်မှု ပြုနိုင်ရန် တရားလိုဘက်မှ အကူအညီတောင်းခံမှုကြောင့် မြောင်းမြ ခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ တရားစွဲဆိုခြင်း၊ အမှုလိုက်ပါ ဆောင်ရွက်ခြင်းတို့ အခမဲ့ ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၈ ဒီဇင်ဘာ (၆) ရက်တွင် မြောင်းမြခရိုင်တရားရုံး ၊ ဒုခရိုင်တရားသူကြီး ဒေါ်ခင်ဝင်းနိုင်က ရာဇသတ်ကြီး ဥပဒေပုဒ်မ( ၃၇၆ ) သက်ငယ် မုဒိမ်းမှု ဖြင့် ထောင်ဒဏ် အနှစ် (၂၀) ချမှတ်လိုက်ကြောင်း သိရသည်။

– ကျော်စိုးမိုး – ဖျာပုံ (အကုန်သိသတင်းဌာန)