. . .
. . .

ဒီေန႔ ဆယ္တန္းေျဖ ေက်ာင္းသားေတြတုိင္း နစ္နာသြားခဲ့ရတဲ့ ဓာတုေမးခြန္း

ဆယ္တန္း ဓါတုေဗဒ ေမးခြန္းမွာ ပယ္ဖ်က္ျပီးသား သင္ခန္းစာထဲကေမးခြန္းေတြ ပါဝင္ေန

ရန္ကုန္ မတ္ (၁၂)

ဒီေန႔ ေျဖဆိုခဲ႔တဲ႔ တကၠသိုလ္ဝင္တန္း စာေမးပြဲ ဓါတုေဗဒ ေမးခြန္းက သင္ရိုးညြန္းတမ္းထဲကေန ပယ္ဖ်က္ထားတဲ႔ သင္ခန္းစာေတြ ကို ထည္႔သြင္းေမးျမန္း ထားတယ္လို႔ သင္ၾကားေရး ဆရာဆရာမေတြ အမ်ားစု က ေျပာဆိုၾကပါတယ္။

ေမးခြန္းနံပါတ္ (8) (a) ရဲ႕ နံပါတ္ (၁) အဓိပၸာယ္ဖြင္႔ဆိုခ်က္ အေနနဲ႔ ေမးထားတဲ႔ ေမးခြန္းက ပယ္ဖ်က္ျပီး သင္ခန္းစာထဲက ေမးထားတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

“ ပယ္ဖ်က္ထားတဲ႔ သင္ခန္းစာ ထဲက ေမးတယ္ဆိုတာ ကေလးေတြ အတြက္ နစ္နာတယ္၊ ျပီးေတာ႔ ေမးခြန္း နံပါတ္ (8)(a) ရဲ႕ နံပါတ္ (၂) က ကေလးေတြ အတြက္အရမ္းလြယ္တဲ႔ ဟာမ်ိဳးျဖစ္ေပမယ္႔ အေပၚက ႏွစ္မွတ္တန္ မရေတာ႔ တျခား ခက္တဲ႔ အပုဒ္ေတြကို ေရြးေျဖေတာ႔ ကေလးေတြ မွာလည္း နစ္နာမွဳေတြ အမ်ားၾကီးရွိတယ္ “ လို႔ ဓါတုေဗဒ ဘာသာရပ္ ဆရာဦးေအာင္ေအာင္ က ေျပာပါတယ္။

အခု ၂၀၁၈ ခုႏွစ္ရဲ႕ ဓါတုေဗဒ ေမးခြန္းက ျပီးခဲ႔တဲ႔ ၂၀၁၄ ခုႏွစ္ က တကၠသိုလ္ဝင္တန္း စာေမးပြဲမွာ ရခိုင္ျပည္နယ္မွာ ေမးခဲ႔တဲ႔ ဓါတုေဗဒ ေမးခြန္း နဲ႔ အားလံုးထပ္တူနီးပါး တူညီေနတယ္လို႔ လည္း သိရပါတယ္။

အဲဒီလို ၂၀၁၄ ခုႏွစ္ မွာ ေမးခဲ႔တဲ႔ ဓါတု ေဗဒ ေမးခြန္း (ရခိုင္ျပည္နယ္) နဲ႔ အားလံုးနီးပါး တူညီမွဳ ရွိေနတာ နဲ႔ ပတ္သတ္ျပီး ေဝဖန္မွဳေတြ လည္း ရွိေနပါတယ္။

ဒါ႔အျပင္ မွား၊ မွန္ ေမးခြန္းေတြမွာလည္း ပယ္ဖ်က္ျပီးသား သင္ခန္းစာေတြထဲကေန ေမးထားတာ မ်ိဳးေတြ ပါဝင္ေနတယ္လို႔ သိရပါတယ္။

“ ပယ္ျပီးသားသင္ခန္းစာကေတာ႔ လံုးဝ မေမးသင္႔႔ပါဘူး၊ ျပီးေတာ႔ ဒီေမးခြန္းက ၂၀၁၄ ရခိုင္ေမးခြန္းနဲ႔ လည္း တစ္ထပ္တည္းနီးပါး ျဖစ္ေနတယ္၊ တစ္မွတ္တန္ (၁) ပုဒ္ ခ်ိန္း ထားတယ္၊ (၂) မွတ္တန္ တခ်ိဳ႕ ခ်ိန္းတယ္၊ (၈) မွတ္တန္ မွာ ထုတ္ေဖာ္ပံု တစ္ပုဒ္ ခ်ိန္းထားတယ္ အဲဒါေလးပဲ ကြာတယ္၊ က်န္တာ အားလံုး တစ္ထပ္တည္း ေမးထားတာပါ ၊ ဒါလည္း မျဖစ္သင္႔ပါဘူး နိုင္ငံေတာ္ အဆင္႔ ေမးခြန္းကို ဒီလို တစ္ထပ္တည္းကူးထားတာက ရုပ္ဆိုးလြန္းပါတယ္ “ လို႔ ဓါတုေဗဒ ဘာသာရပ္ သီးသန္႔ စာသင္ဝိုင္း သင္ၾကားေပးတဲ႔ ဆရာ ဦးသူရေအာင္ က မွတ္ခ်က္ျပဳပါတယ္။

ဒီေန႔ ဓါတုေဗဒ ဘာသာရပ္ ေျဖဆိုျပီးခ်ိန္ အထိ ျမန္မာ တစ္နိုင္ငံလံုး အတိုင္းအတာအရ ေက်ာင္းသားေက်ာင္းသူ ဦးေရ စုစုေပါင္း (၆၉၄၃၇၁) ဦး ရွိတယ္ လို႔ ျမန္မာ နိုင္ငံ စာစစ္ဦးစီးဌာန က ရရွိတဲ႔ စာရင္းေတြ အရ သိရပါတယ္။

ေမေသာ္တာေမာင္

Kumudra

ဓာတုေမးခြန္း အလြဲ

* ဒီေန႔ေျဖတဲ့ တကၠသိုလ္ဝင္တန္း ဓာတုေဗဒေမးခြန္းမွာ

No.8(a)(i) ” Titration Curve” , ” Types of titration

curve” Definition (2)မ်ိဳးဟာ သင္႐ိုးသစ္မွာ မပါေတာ့ပါ။

* သင္႐ိုးေဟာင္းစာအုပ္ စာမ်က္ႏွာ (242) (13.7) က ျပ႒ာန္းစာေတြပါ။

* 2014 ရခိုင္ျပည္နယ္ ေမးခြန္းက No. 8 (a)(i)( ii )

(8)မွတ္ဖိုးလံုး တစ္လံုးမလြဲ ျပန္ေရးေပးလိုက္ျခင္းပါပဲ။

2015 ကစၿပီး သင္႐ိုးေတြျပင္တယ္ဆိုတာေတာင္ မသိတဲ့ပါေမာကၡမ်ိဳးပါပဲ။

* ပယ္ထားၿပီးသားျဖစ္လို႔ သင္႐ိုးသစ္စာအုပ္မွာ မျမင္ဖူးေတာ့ဇေဝဇဝါျဖစ္ၿပီး ကေလးက ပိုင္တဲ့ပုစၧာကိုေတာင္ မေျဖရဲေတာ့ဘူး။ ကေလးေပါင္းမ်ားစြာ နစ္နာပါတယ္။

* တစ္ႏိုင္ငံလံုးအတြက္ အလုပ္လုပ္ရာမွာ ဘာေၾကာင့္ ဒီေလာက္ ေပါ့ပ်က္ပ်က္ျဖစ္ရတာပါလဲ??

* ဘယ္သူ႔မွာ တာဝန္ရွိပါသလဲ??

* ဘယ္လိုေျဖရွင္းေပးမွာပါလဲ???

ဆရာဓား(ကုန္းေဇာင္း)

ဓားေသြးေက်ာက္ ကိုယ္ပိုင္အထက္တန္းေက်ာင္း

မေကြးၿမိဳ႕။

ဆယ်တန်း ဓါတုဗေဒ မေးခွန်းမှာ ပယ်ဖျက်ပြီးသား သင်ခန်းစာထဲကမေးခွန်းတွေ ပါဝင်နေ

ရန်ကုန် မတ် (၁၂)

ဒီနေ့ ဖြေဆိုခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဓါတုဗေဒ မေးခွန်းက သင်ရိုးညွန်းတမ်းထဲကနေ ပယ်ဖျက်ထားတဲ့ သင်ခန်းစာတွေ ကို ထည့်သွင်းမေးမြန်း ထားတယ်လို့ သင်ကြားရေး ဆရာဆရာမတွေ အများစု က ပြောဆိုကြပါတယ်။

မေးခွန်းနံပါတ် (8) (a) ရဲ့ နံပါတ် (၁) အဓိပ္ပာယ်ဖွင့်ဆိုချက် အနေနဲ့ မေးထားတဲ့ မေးခွန်းက ပယ်ဖျက်ပြီး သင်ခန်းစာထဲက မေးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ ပယ်ဖျက်ထားတဲ့ သင်ခန်းစာ ထဲက မေးတယ်ဆိုတာ ကလေးတွေ အတွက် နစ်နာတယ်၊ ပြီးတော့ မေးခွန်း နံပါတ် (8)(a) ရဲ့ နံပါတ် (၂) က ကလေးတွေ အတွက်အရမ်းလွယ်တဲ့ ဟာမျိုးဖြစ်ပေမယ့် အပေါ်က နှစ်မှတ်တန် မရတော့ တခြား ခက်တဲ့ အပုဒ်တွေကို ရွေးဖြေတော့ ကလေးတွေ မှာလည်း နစ်နာမှုတွေ အများကြီးရှိတယ် “ လို့ ဓါတုဗေဒ ဘာသာရပ် ဆရာဦးအောင်အောင် က ပြောပါတယ်။

အခု ၂၀၁၈ ခုနှစ်ရဲ့ ဓါတုဗေဒ မေးခွန်းက ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် က တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ရခိုင်ပြည်နယ်မှာ မေးခဲ့တဲ့ ဓါတုဗေဒ မေးခွန်း နဲ့ အားလုံးထပ်တူနီးပါး တူညီနေတယ်လို့ လည်း သိရပါတယ်။

အဲဒီလို ၂၀၁၄ ခုနှစ် မှာ မေးခဲ့တဲ့ ဓါတု ဗေဒ မေးခွန်း (ရခိုင်ပြည်နယ်) နဲ့ အားလုံးနီးပါး တူညီမှု ရှိနေတာ နဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေ လည်း ရှိနေပါတယ်။

ဒါ့အပြင် မှား၊ မှန် မေးခွန်းတွေမှာလည်း ပယ်ဖျက်ပြီးသား သင်ခန်းစာတွေထဲကနေ မေးထားတာ မျိုးတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

“ ပယ်ပြီးသားသင်ခန်းစာကတော့ လုံးဝ မမေးသင့့်ပါဘူး၊ ပြီးတော့ ဒီမေးခွန်းက ၂၀၁၄ ရခိုင်မေးခွန်းနဲ့ လည်း တစ်ထပ်တည်းနီးပါး ဖြစ်နေတယ်၊ တစ်မှတ်တန် (၁) ပုဒ် ချိန်း ထားတယ်၊ (၂) မှတ်တန် တချို့ ချိန်းတယ်၊ (၈) မှတ်တန် မှာ ထုတ်ဖော်ပုံ တစ်ပုဒ် ချိန်းထားတယ် အဲဒါလေးပဲ ကွာတယ်၊ ကျန်တာ အားလုံး တစ်ထပ်တည်း မေးထားတာပါ ၊ ဒါလည်း မဖြစ်သင့်ပါဘူး နိုင်ငံတော် အဆင့် မေးခွန်းကို ဒီလို တစ်ထပ်တည်းကူးထားတာက ရုပ်ဆိုးလွန်းပါတယ် “ လို့ ဓါတုဗေဒ ဘာသာရပ် သီးသန့် စာသင်ဝိုင်း သင်ကြားပေးတဲ့ ဆရာ ဦးသူရအောင် က မှတ်ချက်ပြုပါတယ်။

ဒီနေ့ ဓါတုဗေဒ ဘာသာရပ် ဖြေဆိုပြီးချိန် အထိ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျောင်းသားကျောင်းသူ ဦးရေ စုစုပေါင်း (၆၉၄၃၇၁) ဦး ရှိတယ် လို့ မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာန က ရရှိတဲ့ စာရင်းတွေ အရ သိရပါတယ်။

မေသော်တာမောင်

Kumudra

============

ဓာတုမေးခွန်း အလွဲ

* ဒီနေ့ဖြေတဲ့ တက္ကသိုလ်ဝင်တန်း ဓာတုဗေဒမေးခွန်းမှာ

No.8(a)(i) ” Titration Curve” , ” Types of titration

curve” Definition (2)မျိုးဟာ သင်ရိုးသစ်မှာ မပါတော့ပါ။

* သင်ရိုးဟောင်းစာအုပ် စာမျက်နှာ (242) (13.7) က ပြဋ္ဌာန်းစာတွေပါ။

* 2014 ရခိုင်ပြည်နယ် မေးခွန်းက No. 8 (a)(i)( ii )

(8)မှတ်ဖိုးလုံး တစ်လုံးမလွဲ ပြန်ရေးပေးလိုက်ခြင်းပါပဲ။

2015 ကစပြီး သင်ရိုးတွေပြင်တယ်ဆိုတာတောင် မသိတဲ့ပါမောက္ခမျိုးပါပဲ။

* ပယ်ထားပြီးသားဖြစ်လို့ သင်ရိုးသစ်စာအုပ်မှာ မမြင်ဖူးတော့ဇဝေဇဝါဖြစ်ပြီး ကလေးက ပိုင်တဲ့ပုစ္ဆာကိုတောင် မဖြေရဲတော့ဘူး။ ကလေးပေါင်းများစွာ နစ်နာပါတယ်။

* တစ်နိုင်ငံလုံးအတွက် အလုပ်လုပ်ရာမှာ ဘာကြောင့် ဒီလောက် ပေါ့ပျက်ပျက်ဖြစ်ရတာပါလဲ??

* ဘယ်သူ့မှာ တာဝန်ရှိပါသလဲ??

* ဘယ်လိုဖြေရှင်းပေးမှာပါလဲ???

ဆရာဓား(ကုန်းဇောင်း)

ဓားသွေးကျောက် ကိုယ်ပိုင်အထက်တန်းကျောင်း

မကွေးမြို့။