. . .
. . .

မသကၤာစရာ ျဖစ္ခဲ့ရတဲ့ ေတာင္ႀကီးမွာ အမ်ိဳးသမီးတစ္ဦးႏွင့္ ကေလး(၂၁) ဦး

ေတာင္ႀကီး တြင္အမ်ိဳးသမီးတစ္ဦးႏွင့္ ကေလး(၂၁)ဦးကို မသကၤာသျဖင့္​့ ​ေခၚယူစစ္​​ေဆး

ဆီဆိုင္-ေတာင္ႀကီးေျပးဆြဲေနသည့္ ေအာင္သေျပကားေပၚပါလာေသာ အမ်ိဳးသမီး တစ္ဦးႏွင့္ ကေလးငယ္ ၂၁ ဦးကို ေတာင္ႀကီးသစ္ေတာ ဂိတ္အေရာက္တြင္ မသကၤာသျဖင့္ မတ္လ၁၁ရက္ေန႔က ၿမိဳ႕မရဲစခန္း က ေခၚယူေမးျမန္းမွုျပဳလုပ္ခဲ့ေၾကာင္းသိရသည္။

“မသကၤာလို႔ေခၚစစ္ေဆးတာပါ၊ အမွန္တကယ္ပရဟိတေက်ာင္းကိုပို႔ ဖို႔ေခၚလာတဲ့ကေလးေတြပါ၊ ပခုကၠဴၿမိဳ႕မုန႔္လုံးေတာင္ပရဟိတေက်ာင္း ဆရာေတာ္ကိုယ္တိုင္ ဖုန္းဆက္ေျပာလာတာျဖစ္တယ္၊ အခုေတာ့ျပန္လြတ္ေပးေတာ့မွာပါ”ဟု ေတာင္ႀကီးၿမိဳ႕မ စခန္းမွူက ေျပာသည္။

ကေလးငယ္ ၂၁ဦးသည္ ၆ႏွစ္မွ ၁၀ႏွစ္အတြင္းမ်ားျဖစ္ၾကၿပီး ေယာက္က်ားေလးမ်ားျဖစ္ၾကေၾကာင္းသိရသည္။

ကေလးကိုေခၚလာသည့္ အမ်ိဳးသမီး ေဒၚျမင္ျမင့္ႏြယ္က ရဲစစ္ခ်က္အရ “ကၽြန္မ အမအရင္း ေက်ာင္းဆရာမက စိန္ၿဖီးနာရြာမွာတာဝန္က်စဥ္ အမနဲ႔အတူေနထိုင္ခဲ့တယ္။ အခု ပခုကၠဴ သို႔ေျပာင္းေရႊ႕ေနထိုင္ေတာ့ စိန္ၿဖီနာရြာက စားဝတ္ေနေရးနဲ႔ ပညာေရးအခက္ခဲ ရွိတဲ့ကေလးကိုေခၚၿပီး မိဘခြင့္ျပဳခ်က္အရ ပရဟိတေက်ာင္းကို ပို႔ေဆာင္မွာျဖစ္တယ္ “ဟုထြက္ဆိုထားေၾကာင္း သိရသည္။

ကေလး ၂၁ဦးသည္ ပအိုဝ္းေလးမ်ားျဖစ္ၾကၿပီး ပခုကၠဴၿမိဳ႕ မုန႔္လုံးေတာင္ ဘုန္းေတာ္ႀကီးသင္ ပရဟိတေက်ာင္း ဆရာေတာ္ဦးဝိသုတထံ အမွန္တကယ္ပို႔ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

ကေလးမ်ားသည္ ဆီဆိုင္ၿမိဳ႕နယ္ စိန္ၿဖီးနာရြာတြင္ ေနထိုင္ျခင္းျဖစ္ေၾကာင္းသိရသည္။

ဆီဆိုင္ၿမိဳ႕နယ္တြင္ စားဝတ္ေနေရးခက္ခဲမွုႏွင့္ ပညာသင္ၾကားေရး ခက္ခဲမွု အမ်ားအျပားရွိတာေၾကာင့္ မ်ားေသာအားျဖင့္ ပရဟိတေက်ာင္းမ်ား၊ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားတြင္ မိဘမ်ားကပို႔ ေဆာင္ၿပီး ပညာသင္ယူေစခဲ့ရသည္မွာ ႏွစ္စဥ္ ကေလးမ်ား ရာႏွင့္ခ်ီၿပီးရွိေၾကာင္း ေဒသခံျပည္သူမ်ား ကေလးကိုပရတိတေက်ာင္းပို႔ေပးေနသည့္ လူမ်ား ရဟန္းေတာ္မ်ားထံမွ သိရသည္။

Credit – LwinPyin

===========

တောင်ကြီး တွင်အမျိုးသမီးတစ်ဦးနှင့် ကလေး(၂၁)ဦးကို မသင်္ကာသဖြင့်​့ ​ခေါ်ယူစစ်​​ဆေး

ဆီဆိုင်-တောင်ကြီးပြေးဆွဲနေသည့် အောင်သပြေကားပေါ်ပါလာသော အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် ၂၁ ဦးကို တောင်ကြီးသစ်တော ဂိတ်အရောက်တွင် မသင်္ကာသဖြင့် မတ်လ၁၁ရက်နေ့က မြို့မရဲစခန်း က ခေါ်ယူမေးမြန်းမှုပြုလုပ်ခဲ့ကြောင်းသိရသည်။

“မသင်္ကာလို့ခေါ်စစ်ဆေးတာပါ၊ အမှန်တကယ်ပရဟိတကျောင်းကိုပို့ ဖို့ခေါ်လာတဲ့ကလေးတွေပါ၊ ပခုက္ကူမြို့မုန့်လုံးတောင်ပရဟိတကျောင်း ဆရာတော်ကိုယ်တိုင် ဖုန်းဆက်ပြောလာတာဖြစ်တယ်၊ အခုတော့ပြန်လွတ်ပေးတော့မှာပါ”ဟု တောင်ကြီးမြို့မ စခန်းမှူက ပြောသည်။

ကလေးငယ် ၂၁ဦးသည် ၆နှစ်မှ ၁ဝနှစ်အတွင်းများဖြစ်ကြပြီး ယောက်ကျားလေးများဖြစ်ကြကြောင်းသိရသည်။

ကလေးကိုခေါ်လာသည့် အမျိုးသမီး ဒေါ်မြင်မြင့်နွယ်က ရဲစစ်ချက်အရ “ကျွန်မ အမအရင်း ကျောင်းဆရာမက စိန်ဖြီးနာရွာမှာတာဝန်ကျစဉ် အမနဲ့အတူနေထိုင်ခဲ့တယ်။ အခု ပခုက္ကူ သို့ပြောင်းရွှေ့နေထိုင်တော့ စိန်ဖြီနာရွာက စားဝတ်နေရေးနဲ့ ပညာရေးအခက်ခဲ ရှိတဲ့ကလေးကိုခေါ်ပြီး မိဘခွင့်ပြုချက်အရ ပရဟိတကျောင်းကို ပို့ဆောင်မှာဖြစ်တယ် “ဟုထွက်ဆိုထားကြောင်း သိရသည်။

ကလေး ၂၁ဦးသည် ပအိုဝ်းလေးများဖြစ်ကြပြီး ပခုက္ကူမြို့ မုန့်လုံးတောင် ဘုန်းတော်ကြီးသင် ပရဟိတကျောင်း ဆရာတော်ဦးဝိသုတထံ အမှန်တကယ်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ကလေးများသည် ဆီဆိုင်မြို့နယ် စိန်ဖြီးနာရွာတွင် နေထိုင်ခြင်းဖြစ်ကြောင်းသိရသည်။

ဆီဆိုင်မြို့နယ်တွင် စားဝတ်နေရေးခက်ခဲမှုနှင့် ပညာသင်ကြားရေး ခက်ခဲမှု အများအပြားရှိတာကြောင့် များသောအားဖြင့် ပရဟိတကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင် မိဘများကပို့ ဆောင်ပြီး ပညာသင်ယူစေခဲ့ရသည်မှာ နှစ်စဉ် ကလေးများ ရာနှင့်ချီပြီးရှိကြောင်း ဒေသခံပြည်သူများ ကလေးကိုပရတိတကျောင်းပို့ပေးနေသည့် လူများ ရဟန်းတော်များထံမှ သိရသည်။

Credit – LwinPyin