=
. =
=
. =

HIV/AIDS ရောဂါ ရှိနေတစ်ဦးမှ လိင်အမြတ်ထုတ်ခြင်းခံရတဲ့ စားပွဲထိုးတဦးရဲ့ မိသားစု ရင်ဖွင့်သံ ဗွီဒီယိုဖိုင် နှင့် အွန်လိုင်းဂယက်များ


ဧရာဝတီ ၊ မတ် ၁၂ ၊ ၂၀၁၈



တည်းဖြတ်- အဲမလီ





Aung Myo Min

=============





သူချမ်းသာပါတယ်






Photo credit ပါ


==============

လိင်အမြတ်ထုတ်ခံရတဲ့ စားပွဲထိုးတဦးရဲ့ ရင်ဖွင့်သံ (ရုပ်/သံ)

ဧရာဝတီ ၊ မတ် ၁၂ ၊ ၂၀၁၈

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် မယ့်လိမ့်လုံစားသောက်ဆိုင်ပိုင်ရှင် အမျိုးသားကသူ့ရဲ့ဝန်ထမ်း စားပွဲထိုးအမျိုးသားငယ်ကို “အလိုမတူဘဲ ဓမ္မတာနဲ့ ဆန့်ကျင်ပြီး အဓမ္မပြုကျင့်မှု” နဲ့ မတ်လ ၉ရက်နေ့က တောင်ဥက္ကလာပမြို့နယ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့တဲ့အတွက် ဆိုင်ပိုင်ရှင်ကို ဖမ်းဆီး စစ်ဆေးနေပါတယ်။ ဒီဖြစ်ရပ်မှာ အမှုဖွင့် တိုင်ကြားထားတဲ့ တရားလို အမျိုးသားငယ်နဲ့ သူ့ မိတ်ဆွေ အသိုင်းအဝိုင်းကို ဧရာဝတီက မေးမြန်းမှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့ပါတယ်။

ရိုက်ကူး – အဲမလီ၊ ရွှေလေး

တည်းဖြတ်- အဲမလီ

The Irrawaddy – Burmese Edition

=============

တလကို နေစားအငြိမ်း ၈ သောင်းပေးပီး ကိုယ့်မှာ HIV ရှိနေလျက်နဲ့ အပြင်ပန်းမှာ လူမြင်ကွင်းမှာ အနေအစားချောင်အောင် HIV/AIDS ရောဂါသည်တွေအတွက်

အလုပ်လုပ်နေတယ်ဆိုပီး အသံကောင်းဟစ် သူများတကာ သားပျို သမီးပျိုကို ပိုက်ဆံ ၄ ၅ထောင်ပေးပီး

ကွန်ဒုံးမသုံးပဲ မဒိန်းကျင့်တဲ့ ကိုယ်ချင်းမစာတဲ့ အောက်တန်းစား အ၆ အကြောင်း လာမေးတာများလို့ အခုလို အလင်းပြလိုက်တယ် .

Aung Myo Min

=============

သူ့နာမည်က Addy Chen(ရည်ရွယ်ချက်ရှိရှိရောဂါလိုက်ဖြန့်နေတဲ့ကောင်)

တကယ်တော့ အဲ့ မယ်လိမ့်လုံစားသောက်ဆိုင်က အရင်က spa ပါ

ကျွန်တော်အရင်ကလုပ်ခဲ့ဖူးတယ် 10တန်းအောင်ခါစကပေါ့ ကျွန်တော် Uniလည်းမတက်ခင် ဘာသင်တန်းတွေနဲ့မှလည်းအလုပ်မရှုပ်ခင်က အိမ်မှာနေရတာလည်းပျင်းတယ် အနှိပ်ပညာကိုလည်းတတ်ချင်နေတာနဲ့ အဲ့ spa မှာလူလိုနေတယ်ဆိုတာတွေ့သွားတယ်

အာ့နဲ့ကျွန်တော်အဲ့မှာ အလုပ်သွားလုပ်ရင်း အနှိပ်ပညာသင်ခွင့်ရခဲ့တယ် အဲ့တုန်းကအချိန်ကို ကျွန်တော်ခုထိမှတ်မိနေသေးတယ် သူ ကျွန်တော့ကို နင်းခိုင်းတယ် ပြီးတော့ ကျွန်တော့်ကိုလည်း အဲ့ကောင်လေးနည်းတူ အဓမ္မကျင့်ဖို့ပြုမူလာပါတယ် ကံကောင်းထောက်မစွာပဲ customer လာတာနဲ့ ကျွန်တော် သူ့လက်က လွတ်ခဲ့ပါတယ်

သူချမ်းသာပါတယ်

Background လည်းတောင့်တယ်

အဆက်အသွယ်တွေလည်းကောင်းတယ်

အဲ့အတွက် ဒီပွဲကိုကျွန်တော်အရမ်းစိတ်ဝင်စားပါတယ်

ဒီမိုကရေစီခေတ်ကြီးမှာ မတရားမှုဆိုတာကိုမရှိစေချင်တော့ပါဘူး ဒီအမှုအတွက် သက်ဆိုင်ရာလူကြီးများဖက်မှ အကူအညီ တစ်စုံတစ်ရာ တောင်းခံလိုပါကလည်း ကျွန်တော့ရဲ့ဖုန်း 09792831343 ကိုအချိန်မရွေးဆက်သွယ်နိုင်ပါတယ်

*အားကြီးသူနဲ့အားနဲသူတိုက်ခိုက်ကြတဲ့အခါမှာ တရားဥပဒေသည်သာအားကိုးရာပါ*

Photo credit ပါ

https://web.facebook.com/permalink.php?story_fbid=594080724278530&id=100010298222144

==

Related posts