. . .
. . .

သီေပါမင္း က အတုလား ? အစစ္လား ?

သီေပါမင္း က အတုလား ? အစစ္လား ?

ဒီရက္ပိုင္း သတင္းတက္လာေနတဲ့ သီေပါမင္း အတုအစစ္ ကိစၥေလးကိုနည္းနည္းေလာက္ေျပာျပခ်င္လို ့ပါ

ဒါကလည္း က်မရဲ ့အျမင္ကို တင္ျပျခင္းပါ

အျခားေသာသူေတြနဲ ့ ကြဲလြဲျခင္းလည္း ရွိေကာင္း ရွိနိုင္ပါလိမ့္မယ္….

#သီေပါမင္း အတုဆိုတာကို ဘယ္လိုအေထာက္အထားနဲ ့ဘယ္လိုသိနိုင္တာလဲ ?

ဆိုတာ အင္မတန္စိတ္၀င္စားစရာ အခ်က္ပါက်မအေနနဲ ့ကေတာ့ လက္မခံပါဘူး ….

ပါေတာ္မူသြားတာဟာ သီေပါမင္းအစစ္ လို ့ပဲယူဆ သတ္မွတ္ပါတယ္…

ေရႊနန္းေတာ္ကို ၀ိုင္းျပီးေနာက္ပိုင္းမွာအခ်ိန္အနည္းငယ္သာ ရလိုက္တာကိုသမိုင္းမွာလည္းေဖာ္ျပထားတဲ့အတြက္လူစားလဲဖို ့ဟာ မျဖစ္နိုင္တဲ့ အေနအထားမွာပါ

နယ္ခ်ဲ ့အဂၤလိပ္ အေနနဲ ့လည္းလံုျခံဳ ေရးကို တင္းက်ပ္စြာ ခ်ထားမယ္ဆ္ိုတာကလည္းယံုမွားသံသယ ျဖစ္စရာမရွိပါဘူး …သိရွိရ သေလာက္ကလည္း အလြန္ဆံုးဥယ်ာဥ္ေတာ္အတြင္း၌သာ စံျမန္းေစခဲ့တယ္လို ့ေလ့လာမွတ္သားဖူးခဲ့ပါတယ္….

#ပါေတာ္မူရာ မွာလည္း စုဖုရားလတ္လွဴ ဒါန္းထားတဲ့ ျမေတာင္ေက်ာင္းကို ေရစက္ခ်ခြင့္ကိုလည္း ေခၚေဆာင္ရာ ဗီဒိုလွည္းေပၚမွာပဲ ခ်ေစျခင္းအားျဖင့္ လံုျခံဳေရးကို လွစ္ဟာမွူအနည္းငယ္မွ မရွိရေလေအာင္ စီမံထားေၾကာင္း ေပၚလြင္ပါတယ္…

လူစားလဲတယ္ ဆိုရင္ေတာင္ရည္ရြယ္ခ်က္ရွိရပါမယ္တစ္နည္းအားျဖင့္နိုင္ငံေတာ္ကို ျပန္လည္ရယူဖို ့ၾကိဳတင္ျပင္ဆင္တာမ်ိဴ း ေပါ့

ရွင္းရွင္းေျပာရရင္

အားမနာတမ္းကိုယ့္ဘုရင္ကိုယ္ေ၀ဖန္ရရင္

#သီေပါမင္းဟာ အေရြးခ်ယ္ခံခဲ့ရတာပါ

#အလယ္နန္းမိဖုရား ဆင္ျဖဴ မရွင္ကင္း၀န္မင္းၾကီး ဦးေကာင္းတို ့ရဲ ့ေစစားျခင္းကို ၾကိဳးဆြဲရာကျခင္းျဖင့္ကျပအသံုးေတာ္ခံ ခဲ့ရတဲ့ နာမ္ရုပ္ကေလးတစ္ရုပ္ပါ…

မ်က္နွာသာေပးျခင္းမခံရတဲ့

#ေလာင္းရွည္မိဖုရားရဲ ့သား ဘုန္းၾကီးလူထြက္ကေလးဟာ..

စိတ္သေဘာထားနူးညံ့ရာကေနေပ်ာ့ညံ ့ျခင္းဘက္ ကူးေျပာင္းသြားသူတစ္ေယာက္ဆိုတာယံုမွားသံသယျဖစ္စရာ မရွိပါဘူး …

ေတာင္သမန္လယ္စားေမာင္ေဖငယ္နဲ ့ရေနာင္ေမာင္ေမာင္တုတ္ တို ့၀န္းရံခဲ့လို ့နန္းစည္းစိမ္မွာ အခန္ ့သားထိုင္ရတဲ့သူကိုယ္စြမ္းကိုယ္စ ဆိုတာ ရွားပါးသူပါ…..

ကိုယ္စားရတဲ့ #သီေပါဆိုတဲ့ ျမိဳ ့ကေလးကိုေတာင္ဘယ္အရပ္မ်က္နွာလွည့္သလဲ ??မသိတဲ့ ဘုရင္အုပ္ခ်ဴ ပ္တဲ့တိုင္းျပည္..

သူ ့ကြ်န္ ဘ၀ ေရာက္တာ ရင္နာစရာ….

#ဒိုင္းခင္ခင္နဲ ့သူ ့ရင္ေသြးကို မ်က္ကြယ္ျပဳတဲ့သူ သူ ့မယားနဲ ့သားကိုေတာင္မကာကြယ္နိုင္ခဲ့တဲ့သူဟာဒီတိုင္းျပည္ကို မကာကြယ္နိုင္တာဆန္းေတာ့မဆန္းပါဘူးေလ….

က်ရာေနေစရာသြား ေနတတ္တဲ့သူဟာလူစားလဲျပီး တိုင္းျပည္ကို ျပန္လည္ကယ္တင္ဖို ့ဆိုတာျဖစ္နိုင္ပါ့မလား ???

က်န္တဲ့ မဟာဆီမဟာေသြးေတြဟာလည္းသူတို ့ေတြ သုတ္သင္လို ့ကံေတာ္ကုန္ ၾကျပီဆိုေလေတာ့တိုင္းျပည္ကံဆိုးမိုးေမွာင္က်ခဲ့ျပီေလ….

#တတိယသမီးေတာ္နဲ ့စတုတၱသမီးေတာ္တို ့ကို ရတနာဂီရိမွာပဲ ဖြားျမင္ခဲ့တာျဖစ္တဲ့အတြက္စုဖုရားလတ္အေနျဖင့္ကိုယ့္ခင္ပြန္းမဟုတ္တဲ့သူနဲ ့ေပါင္းသင္းေနထိုင္မွာ မဟုတ္ဘူးလို ့လည္းက်မကယူဆသတ္မွတ္ပါတယ္….

အက်ဥ္းစံဘ၀ကေန လြတ္ေျမာက္ေအာင္အားထုတ္ျခင္းတစ္စံုတစ္ရာမေတြ ့ခဲ့ရလို ့လံုျခံဳ ေရး ေလွ်ာ့ခ်ရပါတယ္ ဆိုတာေလးနဲ ့သီေပါမင္းဟာ အတုတဲ့လား ???

အဂၤလိပ္စာ ကြ်မ္းက်င္တဲ့ဘုရင္ကအဂၤလိပ္သတင္းစာကို ေျပာင္းျပန္ကိုင္မိတာေလးနဲ ့သီေပါမင္းဟာ အတုတဲ့လား ???

ဒီအခ်က္ေတြေလာက္နဲ ့ေတာ့အတုဆိုတာ မခိုင္လံုပါဘူး

အတုဆိုရင္..

စုဖုရားလတ္ဟာသီေပါမင္းရဲ ့ အေလာင္းေတာ္ကိုျမန္မာျပည္ျပန္သယ္ခြင့္ရဖို ့အေရးသူ မၾကိဳးပမ္းေလာက္ဘူးထင္တာပါပဲ

သူ ့ ခင္ပြန္းျဖစ္လို ့သာ သူၾကိဳးပမ္းခဲ့တာပါ….

စုဖုရားၾကီး လက္ထဲကေနလုယူခဲ့ရတဲ့ သူ ့ခ်စ္လင္ပါ…

တစ္လင္တစ္မယားစနစ္ကို အေကာင္အထည္ေဖာ္ေစခဲ့တဲ့စုဖုရားလတ္ဟာ သီေပါမင္းကို အသက္ထက္ဆံုးရိုးေျမက်ေပါင္းသင္းသြားတယ္ဆိုတာကိုလက္ခံထားပါတယ္….

ဟုတ္ကဲ့…က်မအျမင္ကေတာ့ပါေတာ္မူသြားတာ #သီေပါမင္းအစစ္ပါပဲ….

••• ေန ေရာင္ ျခည္•••

24.2.2018 ( Sat )

===========

သီပေါမင်း က အတုလား ? အစစ်လား ?

ဒီရက်ပိုင်း သတင်းတက်လာနေတဲ့ သီပေါမင်း အတုအစစ် ကိစ္စလေးကိုနည်းနည်းလောက်ပြောပြချင်လို ့ပါ

ဒါကလည်း ကျမရဲ ့အမြင်ကို တင်ပြခြင်းပါ

အခြားသောသူတွေနဲ ့ ကွဲလွဲခြင်းလည်း ရှိကောင်း ရှိနိုင်ပါလိမ့်မယ်….

#သီပေါမင်း အတုဆိုတာကို ဘယ်လိုအထောက်အထားနဲ ့ဘယ်လိုသိနိုင်တာလဲ ?

ဆိုတာ အင်မတန်စိတ်ဝင်စားစရာ အချက်ပါကျမအနေနဲ ့ကတော့ လက်မခံပါဘူး ….

ပါတော်မူသွားတာဟာ သီပေါမင်းအစစ် လို ့ပဲယူဆ သတ်မှတ်ပါတယ်…

ရွှေနန်းတော်ကို ၀ိုင်းပြီးနောက်ပိုင်းမှာအချိန်အနည်းငယ်သာ ရလိုက်တာကိုသမိုင်းမှာလည်းဖော်ပြထားတဲ့အတွက်လူစားလဲဖို ့ဟာ မဖြစ်နိုင်တဲ့ အနေအထားမှာပါ

နယ်ချဲ ့အင်္ဂလိပ် အနေနဲ ့လည်းလုံခြုံ ရေးကို တင်းကျပ်စွာ ချထားမယ်ဆ်ိုတာကလည်းယုံမှားသံသယ ဖြစ်စရာမရှိပါဘူး …သိရှိရ သလောက်ကလည်း အလွန်ဆုံးဥယျာဉ်တော်အတွင်း၌သာ စံမြန်းစေခဲ့တယ်လို ့လေ့လာမှတ်သားဖူးခဲ့ပါတယ်….

#ပါတော်မူရာ မှာလည်း စုဖုရားလတ်လှူ ဒါန်းထားတဲ့ မြတောင်ကျောင်းကို ရေစက်ချခွင့်ကိုလည်း ခေါ်ဆောင်ရာ ဗီဒိုလှည်းပေါ်မှာပဲ ချစေခြင်းအားဖြင့် လုံခြုံရေးကို လှစ်ဟာမှူအနည်းငယ်မှ မရှိရလေအောင် စီမံထားကြောင်း ပေါ်လွင်ပါတယ်…

လူစားလဲတယ် ဆိုရင်တောင်ရည်ရွယ်ချက်ရှိရပါမယ်တစ်နည်းအားဖြင့်နိုင်ငံတော်ကို ပြန်လည်ရယူဖို ့ကြိုတင်ပြင်ဆင်တာမျိူ း ပေါ့

ရှင်းရှင်းပြောရရင်

အားမနာတမ်းကိုယ့်ဘုရင်ကိုယ်ဝေဖန်ရရင်

#သီပေါမင်းဟာ အရွေးချယ်ခံခဲ့ရတာပါ

#အလယ်နန်းမိဖုရား ဆင်ဖြူ မရှင်ကင်းဝန်မင်းကြီး ဦးကောင်းတို ့ရဲ ့စေစားခြင်းကို ကြိုးဆွဲရာကခြင်းဖြင့်ကပြအသုံးတော်ခံ ခဲ့ရတဲ့ နာမ်ရုပ်ကလေးတစ်ရုပ်ပါ…

မျက်နှာသာပေးခြင်းမခံရတဲ့

#လောင်းရှည်မိဖုရားရဲ ့သား ဘုန်းကြီးလူထွက်ကလေးဟာ..

စိတ်သဘောထားနူးညံ့ရာကနေပျော့ညံ ့ခြင်းဘက် ကူးပြောင်းသွားသူတစ်ယောက်ဆိုတာယုံမှားသံသယဖြစ်စရာ မရှိပါဘူး …

တောင်သမန်လယ်စားမောင်ဖေငယ်နဲ ့ရနောင်မောင်မောင်တုတ် တို ့ဝန်းရံခဲ့လို ့နန်းစည်းစိမ်မှာ အခန် ့သားထိုင်ရတဲ့သူကိုယ်စွမ်းကိုယ်စ ဆိုတာ ရှားပါးသူပါ…..

ကိုယ်စားရတဲ့ #သီပေါဆိုတဲ့ မြို ့ကလေးကိုတောင်ဘယ်အရပ်မျက်နှာလှည့်သလဲ ??မသိတဲ့ ဘုရင်အုပ်ချူ ပ်တဲ့တိုင်းပြည်..

သူ ့ကျွန် ဘဝ ရောက်တာ ရင်နာစရာ….

#ဒိုင်းခင်ခင်နဲ ့သူ ့ရင်သွေးကို မျက်ကွယ်ပြုတဲ့သူ သူ ့မယားနဲ ့သားကိုတောင်မကာကွယ်နိုင်ခဲ့တဲ့သူဟာဒီတိုင်းပြည်ကို မကာကွယ်နိုင်တာဆန်းတော့မဆန်းပါဘူးလေ….

ကျရာနေစေရာသွား နေတတ်တဲ့သူဟာလူစားလဲပြီး တိုင်းပြည်ကို ပြန်လည်ကယ်တင်ဖို ့ဆိုတာဖြစ်နိုင်ပါ့မလား ???

ကျန်တဲ့ မဟာဆီမဟာသွေးတွေဟာလည်းသူတို ့တွေ သုတ်သင်လို ့ကံတော်ကုန် ကြပြီဆိုလေတော့တိုင်းပြည်ကံဆိုးမိုးမှောင်ကျခဲ့ပြီလေ….

#တတိယသမီးတော်နဲ ့စတုတ္တသမီးတော်တို ့ကို ရတနာဂီရိမှာပဲ ဖွားမြင်ခဲ့တာဖြစ်တဲ့အတွက်စုဖုရားလတ်အနေဖြင့်ကိုယ့်ခင်ပွန်းမဟုတ်တဲ့သူနဲ ့ပေါင်းသင်းနေထိုင်မှာ မဟုတ်ဘူးလို ့လည်းကျမကယူဆသတ်မှတ်ပါတယ်….

အကျဉ်းစံဘဝကနေ လွတ်မြောက်အောင်အားထုတ်ခြင်းတစ်စုံတစ်ရာမတွေ ့ခဲ့ရလို ့လုံခြုံ ရေး လျှော့ချရပါတယ် ဆိုတာလေးနဲ ့သီပေါမင်းဟာ အတုတဲ့လား ???

အင်္ဂလိပ်စာ ကျွမ်းကျင်တဲ့ဘုရင်ကအင်္ဂလိပ်သတင်းစာကို ပြောင်းပြန်ကိုင်မိတာလေးနဲ ့သီပေါမင်းဟာ အတုတဲ့လား ???

ဒီအချက်တွေလောက်နဲ ့တော့အတုဆိုတာ မခိုင်လုံပါဘူး

အတုဆိုရင်..

စုဖုရားလတ်ဟာသီပေါမင်းရဲ ့ အလောင်းတော်ကိုမြန်မာပြည်ပြန်သယ်ခွင့်ရဖို ့အရေးသူ မကြိုးပမ်းလောက်ဘူးထင်တာပါပဲ

သူ ့ ခင်ပွန်းဖြစ်လို ့သာ သူကြိုးပမ်းခဲ့တာပါ….

စုဖုရားကြီး လက်ထဲကနေလုယူခဲ့ရတဲ့ သူ ့ချစ်လင်ပါ…

တစ်လင်တစ်မယားစနစ်ကို အကောင်အထည်ဖော်စေခဲ့တဲ့စုဖုရားလတ်ဟာ သီပေါမင်းကို အသက်ထက်ဆုံးရိုးမြေကျပေါင်းသင်းသွားတယ်ဆိုတာကိုလက်ခံထားပါတယ်….

ဟုတ်ကဲ့…ကျမအမြင်ကတော့ပါတော်မူသွားတာ #သီပေါမင်းအစစ်ပါပဲ….

••• နေ ရောင် ခြည်•••

24.2.2018 ( Sat )