အခုတေလာ လူေျပာမ်ားေနၾကလို႔ ျမန္မာတုိ႔ ႏွင့္ အတိတ္၊ နမိတ္၊ တေဘာင္မ်ားအေၾကာင္းေလး တင္ေပးလိုက္ပါတယ္

အခုတေလာ လူေျပာမ်ားေနၾကလို႔ ျမန္မာတုိ႔ ႏွင့္ အတိတ္၊ နမိတ္၊ တေဘာင္မ်ားအေၾကာင္းေလး တင္ေပးလိုက္ပါတယ္ 2

အခုတေလာ လူေျပာမ်ားေနၾကလို႔ ျမန္မာတုိ႔ ႏွင့္ အတိတ္၊ နမိတ္၊ တေဘာင္မ်ားအေၾကာင္းေလး တင္ေပးလိုက္ပါတယ္

ျမန္မာတုိ႔ ႏွင့္ အတိတ္၊ နမိတ္၊ တေဘာင္မ်ားအေၾကာင္း

ေရွးယခင္ကတည္းက ၿမန္္မာတုိ႔ဟာ အတိတ္ နိမိတ္ကုိ ယုံႀကည္တဲ့ လူမ်ဳိးမ်ားၿဖစ္ပါတယ္။ ခုခ်ိန္ထိတုိင္ေအာင္လည္း ယုံႀကည္ႀက သူမ်ားရွိပါေသးတယ္။

အတိတ္ ဆုိသည္မွာ ၿဖစ္ခဲ့၊ ၿဖစ္ဆဲေသာ အၿခင္းအရာတုိ႔ဟာ ေနာက္တစ္ခ်ိန္တြင္ တစ္ေက်ာ့ၿပန္ၿဖစ္ႏုိင္တယ္ ဆုိတဲ့ အဓိပၸါယ္ ၿဖစ္ပါတယ္။

နိမိတ္ ဆိုတာကေတာ့ ေနာက္ၿဖစ္လာမယ့္ အေႀကာင္းကုိ ႀကဳိတင္၍ၿပတဲ့ အဓိပၸါယ္ပါ။

ဥပမာ တခုခုက်ကြဲတာမ်ဳိး၊ စိတ္ေတြေလးေနတာမ်ဳိး ဆုိလ်င္ ဒီေန႔ေတာ့ အဆင္မေၿပတာ တခုခုၿဖစ္ဦးမယ္ ဆုိသလုိ၊ ဘုရားအေလာင္းက သူအုိ၊ သူနာ၊ သူေသ၊ ရဟန္း စတဲ့ နိမိတ္ႀကီးေလးပါကုိ ၿမင္သလုိ စတာေတြဟာ နိမိတ္ပါ။

ေနာက္ စနည္း ဆုိတာ ရွိပါေသးတယ္။ ဒါကုိလည္း သမုိင္းစာအုပ္ေတြမွာ အၿမဲလုိလုိပါေလ့ ရွိပါတယ္။ တုိင္းေရး ၿပည္ေရး စနည္းထြက္နာ လုိက္ဦးမယ္ ဆုိတာမ်ဳိးပါ။

ေနာက္ တေဘာင္ကေတာ့ သူငယ္၊ သဘင္သည္ ႏွင့္ သူရူး တုိ႔ေၿပာ ဆုိႀကေသာ နိမိတ္စကား လုိ႔ ၿမန္မာအဘိဓာန္က ဆုိပါတယ္။ ဥပမာ ကုန္းေဘာင္ေခတ္က တေဘာင္ ဆုိရင္ ” တုံးေအာက္က သီတြန္ လူလြန္မသား၊မုန္႔ဆီေႀကာ္ အလယ္အက္တယ္၊ ထီးဖ်က္မဲ့သား ” ဟူ၍ ၿဖစ္ပါတယ္။

သီတြန္ က သီေပါမင္းကုိ ဆုိပါတယ္။ တုံးေအာက္ ဆုိတဲ့အတြက္ မင္းတုန္းမင္းသား သီေပါမင္း၊ လူလြန္မသား ဆုိတာက သီေပါမင္းရဲ႕ မိခင္ဟာ လူ႔ေဘာင္ကုိ လြန္ေၿမာက္ၿပီး သီလရွင္၀တ္သြားသူ၊ မုန္႔ဆီေႀကာ္အလယ္အက္ ၿပည္ဖ်က္မယ့္သား ဆုိတာက သူ႔လက္ထက္မွာ တုိင္းေရးၿပည္ေရးမၿငိမ္မသက္ ၿဖစ္ၿပီး ေနာက္ဆုံး တုိင္းတပါးလက္ေအာက္ကုိ က်ေရာက္သြားမယ္ လုိ႔ အဓိပၸါယ္ရပါတယ္။

ဒီအရာေတြကုိ ယုံခဲ့တယ္ဆုိတာကလည္း ၿငင္းမရတဲ့ အေထာက္ အထားေတြက ရွိခဲ့လုိ႔ပါပဲ။

ပထမ ၿမန္မာႏုိင္ငံေတာ္ကုိ ထူေထာင္ခဲ့တဲ့ အေနာ္ရထာမင္းေစာ ဟာ ကုိးခရုိင္ကုိ ဆည္၍ၿပီးခ်ိန္ ပုဂံၿပန္ခါနီးမွာ နားတဲ့ တဲေအာက္က ဖားၿမည္ သံကုိ ႀကားပါတယ္။

ဒါေႀကာင့္ ပု႑ားေတြကုိ တြက္ခ်က္ခိုင္းတဲ့အခါဖားဖုိေသ၍ ဖားမ ငိုေနေႀကာင္းေလွ်ာက္ပါတယ္။ ဒါနဲ႔ ႀကည့္ေစတဲ့အခါ ဖားမ ဟာ ဖားဖုိကုိ ပုိးကာ ငိုေနေႀကာင္းေတြ႔ရပါတယ္။

ပု႑ားေတြက ပုဂံမ၀င္မီ အေနာ္ရထာမင္း နတ္ရြာစံေတာ့မယ့္ နိမိတ္လုိ႔ေဟာပါတယ္။

ေဟာခ်က္နိမိတ္အတုိင္း အေနာ္ရထာမင္းဟာ ကုိးခရုိင္နယ္စပ္မွာ ကြ်ဲရုိင္းခတ္ၿပီး နတ္ရြာစံ ခဲ့ပါတယ္။

ကုန္းေဘာင္မင္းဆက္ထဲက ဘုိးေတာ္ဘုရား (ဗုဒုံမင္း) ဟာ အတိတ္၊နိမိတ္၊ တေဘာင္ေတြကုိ အလြန္ယုံသူတစ္ဦးၿဖစ္ပါတယ္။ ယေန႔ အားလုံးသိႀကတဲ့ မင္းကြန္းပုထိုးေတာ္ႀကီး မၿပီးဆုံးခဲ့တာလည္း ဒီအေႀကာင္းေႀကာင့္ပဲ ၿဖစ္ပါတယ္။

ၿပီးစီးခဲ့လ်င္ ဥာဏ္ေတာ္အၿမင့္ေပ ၅၀၀ အထိရွိမယ့္ ကမာၻ႔အႀကီးဆုံး၊ အက်ယ္ဆုံး ပုထုိးေတာ္ႀကီးကုိတည္ဖုိ႔ ရည္ရြယ္ခဲ့ၿပီးမွ ရပ္ခဲ့ရတာ ၿဖစ္ပါတယ္။ ဒီတေဘာင္ကေတာ့

” ဘုရားလည္းၿပီး၊ ၿပည္ႀကီးပ်က္လတၱံ။

မင္းကြန္းဘုရားႀကီး အၿပီးသတ္၊ မုဆုိး သုညကပ္ ” ဟူ၍ပင္။

အဓိပၸါယ္ကေတာ့ ဘုရားႀကီးမၿပီးစီးပါ၊ ၿပီးစီးပါက မုဆုိးဖုိကေန အစၿပဳခဲ့တဲ့ ကုန္းေဘာင္မင္းဆက္ၿပတ္မယ္ ဆုိတဲ့ အဓိပၸါယ္ပါ။ တေဘာင္အတုိင္း ပုထုိးေတာ္ႀကီး မၿပီးဆုံးမီမွာပင္ ဘုိးေတာ္ဘုရား နတ္ရြာစံခဲ့ပါတယ္။

ဘုိးေတာ္ဘုရားလက္ထက္က အယူေတာ္မဂၤလာဦးႏုိး လုိ႔ေခၚတဲ့ေဟာတုိင္းမွန္တဲ့ အတိတ္နိမိတ္ ဆရာတစ္ဦး ရွိခဲ့ပါတယ္။ ထူးဆန္သည္က အၿခားပု႑ားမ်ားလုိ ေဗဒင္ လကၡဏာႀကည့္ၿပီးေဟာတာမဟုတ္ပဲ အတိတ္၊ နမိတ္၊ စနည္း မ်ားကုိသာ အသုံးခ်ၿပီး ေဟာခဲ့တာေႀကာင့္ပါ။

ေဟာတုိင္းမွန္တာေႀကာင့္ ဘုိးေတာ္ဘုရားရဲ႕ ယုံႀကည္ခံရသူ အတုိင္ပင္ခံ လည္း ၿဖစ္ပါတယ္။

သာဓက တစ္ခုေၿပာရရင္ အသက္ ၂၀ အရြယ္ ငယ္ငယ္ရြယ္ရြယ္နဲ႔ေနမ်ိဳးေလခ ပ်ံခ်ီဘြဲ႕ကုိရထားတာေႀကာင့္ မႈးမတ္တုိ႔က မေက်နပ္ႀက၊ ဒါနဲ႔ပဲ ပညာစမ္းပါေတာ့တယ္။

မႈးမတ္တစ္ေယာက္က သူအၿမဲကုိင္ေလ့ရွိတဲ့ ကြမ္းအစ္ကုိ ကုိင္ရင္း ဒီကြမ္းအစ္ရဲ႕အေလးခ်ိန္ကုိ မကုိင္မဆပဲေၿပာပါ ဟုေမးပါမယ္။ ဒါနဲ႔ ေမာင္ႏုိးဟာ အနီးအနားမွာ ထူးၿခားတာ တစ္ခုခုရွိမလားရွာႀကည့္ေတာ့ မေတြ႔၊ ေနာက္ဆုံး မ႑ပ္အမုိးကိုေမာ့ႀကည့္ေတာ့ မုိးထားေသာကပ္အားလုံးလုိလုိဟာ အသစ္ၿဖစ္ေပမယ့္ တစ္ခုက က်ဳိးေနတာကို ေတြ႔ရတာေႀကာင့္ ေက်နပ္သြားၿပီး ကြမ္းအစ္အေလးခ်ိန္ကုိ ကုိးက်ပ္သား လုိ႔ ေၿဖရာ မွန္ကန္ေႀကာင္းေတြ႔ရပါတယ္။ (ကပ္က်ဳိး=ကုိးက်ပ္)

ေမာင္ႏုိး ဒီလုိေကာက္ယူရတာ အေႀကာင္းရွိပါတယ္။ ေရွးက နာမည္ေက်ာ္ ဆရာေတာ္ႏွစ္ေယာက္ၿဖစ္တဲ့ ရွင္မဟာရဌသာရ နဲ႔ ရွင္မဟာ သီလ၀ံသ တုိ႔ ဆုံၿပီး ဥာဏ္စမ္းႀကရာ ရွင္မဟာသီလ၀ံသက ရွင္မဟာရဌသာရ ကို “ကိုယ္ေတာ္ ငါ့ကုိ တစ္ပင္ ႏွစ္ပင္ ေပးပါ ” လုိ႔မိန္႔ပါတယ္။ ရွင္မဟာရဌသာရကလည္း တစ္ပင္ ႏွစ္ပင္ ဆုိတဲ့ အတြက္ သုံးပင္ စကားလိမ္ၿဖစ္မည္ ဆုိကာ သင္ပုန္းကုိေပးလုိက္ပါတယ္။ ( သုံးပင္=သင္ပုန္း)

ေနာက္ ရွင္မဟာရဌသာရက တစ္ဖန္ “ငါ့ကုိလည္း တစ္က်ိပ္ေအာက္ေပးပါ ” လုိ႔မိန္႔တယ္။ ဒါနဲ႔ ရွင္မဟာသီလ၀ံသက စဥ္းစားၿပီးေကာက္ရုိးကုိ ေပးလုိက္ပါတယ္။ (တစ္ေက်ာက္အိတ္ ဆုိေတာ့ တစ္က်ိပ္ေအာက္၊ တစ္က်ိပ္မွာ ၁၀ ေယာက္၊ ေအာက္ဆုိေတာ့ ကုိးေယာက္၊ ကုိးေယာက္=ေကာက္ရုိး)။ ႏွစ္ပါးစလုံး အေၿဖကြက္တိမွန္ေနပါတယ္။ ဒီသာဓကကုိ ယူၿပီး ေမာင္ႏုိးက ေဟာလုိက္ၿခင္းပါ။ေမာင္ႏုိးဟာ ၿပႆနာေပါင္းစုံ၊ တုိင္းေရး ၿပည္ေရးေတြ၊ ေနာက္ဆုံးသူေသမယ့္အခ်ိန္ကုိေတာင္ မွန္ေအာင္ ေဟာႏိုင္ခဲ့သူ တစ္ဦးပါ။ ( စိတ္၀င္စားလွ်င္ အယူေတာ္မဂၤလာေလွ်ာက္ထုံး ဆုိတဲ့စာအုပ္မွာ ဖတ္ႏုိင္ပါတယ္)။

ေနာက္ အဂၤလိပ္ေတြဆုတ္ခြာခါနီး အခ်ိန္က အရူးမတစ္ေယာက္ဟာ သဲပုံေစတီ တစ္ဆူတည္ပါတယ္။ ဒါနဲ႔ “အရူးမဘုရားတည္၊ တန္ခူးလ ကုလားကြယ္” ဆုိတဲ့တေဘာင္ေပၚပါတယ္။ တေဘာင္အတုိင္း အဂၤလိပ္ေတြဟာ တန္ခူးလမွာ ကုလားၿပည္လုိ႔ေခၚတဲ့ အိႏၵိယကုိ ဆုတ္ၿပးရပါေတာ့တယ္။

ဖဆပလ ေခတ္ တည္ၿမဲပါတီ နဲ႔ သန္႔ရွင္းပါတီ တုိ႔ အၿပဳိင္မဲဆြယ္ႀကစဥ္မွာ အားလုံးသိႀကတဲ့ ဘ၀သံသရာ ဆုိတဲ့ ဆရာႀကီးဦးသုခရဲ႕ သီခ်င္းဟာ လူတုိင္းပါးစပ္ၿဖားမွာ ေရပန္းစားေနပါတယ္။ ဒီသီခ်င္းထဲမွာပါတဲ့ ” ဘယ္ဟာ မတည္ၿမဲ ” ဆုိတဲ့အတုိင္း တည္ၿမဲပါတီ ဟာ သန္႔ရွင္းပါတီကုိ မဲအၿပတ္အသတ္နဲ႔ ရႈံးနိမ့္ခဲ့ရပါတယ္။

တခါတေလက်ေတာ့လည္း တေဘာင္ကုိ လူအမ်ားယုံႀကည္တာကို အခြင့္ယူၿပီး ႏုိင္ငံေရးသမားအခ်ဳိ႕ရဲ႕ တေဘာင္အတုေတြလည္းေပၚတတ္ပါေသးတယ္။

အတိတ္၊ နိမိတ္၊ အိပ္မက္ေတြကုိ မယုံႀကည္ရ လုိ႔မေၿပာလုိေပမယ့္ အလြန္အမင္းေတာ့ မယုံႀကည္သင့္ပါလုိ႔ ေၿပာရင္း အတိတ္၊ နိမိတ္၊ တေဘာင္ေတြအေႀကာင္းကုိ ဗဟုသုတအၿဖစ္ ေရးသားလုိက္ပါတယ္။

Ref:
အယူေတာ္မဂၤလာေလွ်ာက္ထုံး- ဆရာေအာင္ၿမင့္ဦး

ၿမန္မာ့စကား – ဦးေအးခ်ဳိ ( မဟာ၀ိဇၨာ)

ဇမၺဴဒီပါ လက္ယာေတာင္ကၽြန္း နိမိတ္ထြန္း၏ – ေဒါက္တာတင္ဗုိလ္ဗုိလ္

Oo Ko Linn

သိမ္း ထူးစံ

============

အခုတလော လူပြောများနေကြလို့ မြန်မာတို့ နှင့် အတိတ်၊ နမိတ်၊ တဘောင်များအကြောင်းလေး တင်ပေးလိုက်ပါတယ်

မြန်မာတို့ နှင့် အတိတ်၊ နမိတ်၊ တဘောင်များအကြောင်း

ရှေးယခင်ကတည်းက မြန််မာတို့ဟာ အတိတ် နိမိတ်ကို ယုံကြည်တဲ့ လူမျိုးများဖြစ်ပါတယ်။ ခုချိန်ထိတိုင်အောင်လည်း ယုံကြည်ကြ သူများရှိပါသေးတယ်။

အတိတ် ဆိုသည်မှာ ဖြစ်ခဲ့၊ ဖြစ်ဆဲသော အခြင်းအရာတို့ဟာ နောက်တစ်ချိန်တွင် တစ်ကျော့ပြန်ဖြစ်နိုင်တယ် ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

နိမိတ် ဆိုတာကတော့ နောက်ဖြစ်လာမယ့် အကြောင်းကို ကြိုတင်၍ပြတဲ့ အဓိပ္ပါယ်ပါ။

ဥပမာ တခုခုကျကွဲတာမျိုး၊ စိတ်တွေလေးနေတာမျိုး ဆိုလျင် ဒီနေ့တော့ အဆင်မပြေတာ တခုခုဖြစ်ဦးမယ် ဆိုသလို၊ ဘုရားအလောင်းက သူအို၊ သူနာ၊ သူသေ၊ ရဟန်း စတဲ့ နိမိတ်ကြီးလေးပါကို မြင်သလို စတာတွေဟာ နိမိတ်ပါ။

နောက် စနည်း ဆိုတာ ရှိပါသေးတယ်။ ဒါကိုလည်း သမိုင်းစာအုပ်တွေမှာ အမြဲလိုလိုပါလေ့ ရှိပါတယ်။ တိုင်းရေး ပြည်ရေး စနည်းထွက်နာ လိုက်ဦးမယ် ဆိုတာမျိုးပါ။

နောက် တဘောင်ကတော့ သူငယ်၊ သဘင်သည် နှင့် သူရူး တို့ပြော ဆိုကြသော နိမိတ်စကား လို့ မြန်မာအဘိဓာန်က ဆိုပါတယ်။ ဥပမာ ကုန်းဘောင်ခေတ်က တဘောင် ဆိုရင် ” တုံးအောက်က သီတွန် လူလွန်မသား၊မုန့်ဆီကြော် အလယ်အက်တယ်၊ ထီးဖျက်မဲ့သား ” ဟူ၍ ဖြစ်ပါတယ်။

သီတွန် က သီပေါမင်းကို ဆိုပါတယ်။ တုံးအောက် ဆိုတဲ့အတွက် မင်းတုန်းမင်းသား သီပေါမင်း၊ လူလွန်မသား ဆိုတာက သီပေါမင်းရဲ့ မိခင်ဟာ လူ့ဘောင်ကို လွန်မြောက်ပြီး သီလရှင်ဝတ်သွားသူ၊ မုန့်ဆီကြော်အလယ်အက် ပြည်ဖျက်မယ့်သား ဆိုတာက သူ့လက်ထက်မှာ တိုင်းရေးပြည်ရေးမငြိမ်မသက် ဖြစ်ပြီး နောက်ဆုံး တိုင်းတပါးလက်အောက်ကို ကျရောက်သွားမယ် လို့ အဓိပ္ပါယ်ရပါတယ်။

ဒီအရာတွေကို ယုံခဲ့တယ်ဆိုတာကလည်း ငြင်းမရတဲ့ အထောက် အထားတွေက ရှိခဲ့လို့ပါပဲ။

ပထမ မြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့တဲ့ အနော်ရထာမင်းစော ဟာ ကိုးခရိုင်ကို ဆည်၍ပြီးချိန် ပုဂံပြန်ခါနီးမှာ နားတဲ့ တဲအောက်က ဖားမြည် သံကို ကြားပါတယ်။

ဒါကြောင့် ပုဏ္ဍားတွေကို တွက်ချက်ခိုင်းတဲ့အခါဖားဖိုသေ၍ ဖားမ ငိုနေကြောင်းလျှောက်ပါတယ်။ ဒါနဲ့ ကြည့်စေတဲ့အခါ ဖားမ ဟာ ဖားဖိုကို ပိုးကာ ငိုနေကြောင်းတွေ့ရပါတယ်။

ပုဏ္ဍားတွေက ပုဂံမဝင်မီ အနော်ရထာမင်း နတ်ရွာစံတော့မယ့် နိမိတ်လို့ဟောပါတယ်။

ဟောချက်နိမိတ်အတိုင်း အနော်ရထာမင်းဟာ ကိုးခရိုင်နယ်စပ်မှာ ကျွဲရိုင်းခတ်ပြီး နတ်ရွာစံ ခဲ့ပါတယ်။

ကုန်းဘောင်မင်းဆက်ထဲက ဘိုးတော်ဘုရား (ဗုဒုံမင်း) ဟာ အတိတ်၊နိမိတ်၊ တဘောင်တွေကို အလွန်ယုံသူတစ်ဦးဖြစ်ပါတယ်။ ယနေ့ အားလုံးသိကြတဲ့ မင်းကွန်းပုထိုးတော်ကြီး မပြီးဆုံးခဲ့တာလည်း ဒီအကြောင်းကြောင့်ပဲ ဖြစ်ပါတယ်။

ပြီးစီးခဲ့လျင် ဉာဏ်တော်အမြင့်ပေ ၅၀၀ အထိရှိမယ့် ကမ္ဘာ့အကြီးဆုံး၊ အကျယ်ဆုံး ပုထိုးတော်ကြီးကိုတည်ဖို့ ရည်ရွယ်ခဲ့ပြီးမှ ရပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီတဘောင်ကတော့

” ဘုရားလည်းပြီး၊ ပြည်ကြီးပျက်လတ္တံ။

မင်းကွန်းဘုရားကြီး အပြီးသတ်၊ မုဆိုး သုညကပ် ” ဟူ၍ပင်။

အဓိပ္ပါယ်ကတော့ ဘုရားကြီးမပြီးစီးပါ၊ ပြီးစီးပါက မုဆိုးဖိုကနေ အစပြုခဲ့တဲ့ ကုန်းဘောင်မင်းဆက်ပြတ်မယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။ တဘောင်အတိုင်း ပုထိုးတော်ကြီး မပြီးဆုံးမီမှာပင် ဘိုးတော်ဘုရား နတ်ရွာစံခဲ့ပါတယ်။

ဘိုးတော်ဘုရားလက်ထက်က အယူတော်မင်္ဂလာဦးနိုး လို့ခေါ်တဲ့ဟောတိုင်းမှန်တဲ့ အတိတ်နိမိတ် ဆရာတစ်ဦး ရှိခဲ့ပါတယ်။ ထူးဆန်သည်က အခြားပုဏ္ဍားများလို ဗေဒင် လက္ခဏာကြည့်ပြီးဟောတာမဟုတ်ပဲ အတိတ်၊ နမိတ်၊ စနည်း များကိုသာ အသုံးချပြီး ဟောခဲ့တာကြောင့်ပါ။

ဟောတိုင်းမှန်တာကြောင့် ဘိုးတော်ဘုရားရဲ့ ယုံကြည်ခံရသူ အတိုင်ပင်ခံ လည်း ဖြစ်ပါတယ်။

သာဓက တစ်ခုပြောရရင် အသက် ၂၀ အရွယ် ငယ်ငယ်ရွယ်ရွယ်နဲ့နေမျိုးလေခ ပျံချီဘွဲ့ကိုရထားတာကြောင့် မှုးမတ်တို့က မကျေနပ်ကြ၊ ဒါနဲ့ပဲ ပညာစမ်းပါတော့တယ်။

မှုးမတ်တစ်ယောက်က သူအမြဲကိုင်လေ့ရှိတဲ့ ကွမ်းအစ်ကို ကိုင်ရင်း ဒီကွမ်းအစ်ရဲ့အလေးချိန်ကို မကိုင်မဆပဲပြောပါ ဟုမေးပါမယ်။ ဒါနဲ့ မောင်နိုးဟာ အနီးအနားမှာ ထူးခြားတာ တစ်ခုခုရှိမလားရှာကြည့်တော့ မတွေ့၊ နောက်ဆုံး မဏ္ဍပ်အမိုးကိုမော့ကြည့်တော့ မိုးထားသောကပ်အားလုံးလိုလိုဟာ အသစ်ဖြစ်ပေမယ့် တစ်ခုက ကျိုးနေတာကို တွေ့ရတာကြောင့် ကျေနပ်သွားပြီး ကွမ်းအစ်အလေးချိန်ကို ကိုးကျပ်သား လို့ ဖြေရာ မှန်ကန်ကြောင်းတွေ့ရပါတယ်။ (ကပ်ကျိုး=ကိုးကျပ်)

မောင်နိုး ဒီလိုကောက်ယူရတာ အကြောင်းရှိပါတယ်။ ရှေးက နာမည်ကျော် ဆရာတော်နှစ်ယောက်ဖြစ်တဲ့ ရှင်မဟာရဌသာရ နဲ့ ရှင်မဟာ သီလဝံသ တို့ ဆုံပြီး ဉာဏ်စမ်းကြရာ ရှင်မဟာသီလဝံသက ရှင်မဟာရဌသာရ ကို “ကိုယ်တော် ငါ့ကို တစ်ပင် နှစ်ပင် ပေးပါ ” လို့မိန့်ပါတယ်။ ရှင်မဟာရဌသာရကလည်း တစ်ပင် နှစ်ပင် ဆိုတဲ့ အတွက် သုံးပင် စကားလိမ်ဖြစ်မည် ဆိုကာ သင်ပုန်းကိုပေးလိုက်ပါတယ်။ ( သုံးပင်=သင်ပုန်း)

နောက် ရှင်မဟာရဌသာရက တစ်ဖန် “ငါ့ကိုလည်း တစ်ကျိပ်အောက်ပေးပါ ” လို့မိန့်တယ်။ ဒါနဲ့ ရှင်မဟာသီလဝံသက စဉ်းစားပြီးကောက်ရိုးကို ပေးလိုက်ပါတယ်။ (တစ်ကျောက်အိတ် ဆိုတော့ တစ်ကျိပ်အောက်၊ တစ်ကျိပ်မှာ ၁၀ ယောက်၊ အောက်ဆိုတော့ ကိုးယောက်၊ ကိုးယောက်=ကောက်ရိုး)။ နှစ်ပါးစလုံး အဖြေကွက်တိမှန်နေပါတယ်။ ဒီသာဓကကို ယူပြီး မောင်နိုးက ဟောလိုက်ခြင်းပါ။မောင်နိုးဟာ ပြဿနာပေါင်းစုံ၊ တိုင်းရေး ပြည်ရေးတွေ၊ နောက်ဆုံးသူသေမယ့်အချိန်ကိုတောင် မှန်အောင် ဟောနိုင်ခဲ့သူ တစ်ဦးပါ။ ( စိတ်ဝင်စားလျှင် အယူတော်မင်္ဂလာလျှောက်ထုံး ဆိုတဲ့စာအုပ်မှာ ဖတ်နိုင်ပါတယ်)။

နောက် အင်္ဂလိပ်တွေဆုတ်ခွာခါနီး အချိန်က အရူးမတစ်ယောက်ဟာ သဲပုံစေတီ တစ်ဆူတည်ပါတယ်။ ဒါနဲ့ “အရူးမဘုရားတည်၊ တန်ခူးလ ကုလားကွယ်” ဆိုတဲ့တဘောင်ပေါ်ပါတယ်။ တဘောင်အတိုင်း အင်္ဂလိပ်တွေဟာ တန်ခူးလမှာ ကုလားပြည်လို့ခေါ်တဲ့ အိန္ဒိယကို ဆုတ်ပြးရပါတော့တယ်။

ဖဆပလ ခေတ် တည်မြဲပါတီ နဲ့ သန့်ရှင်းပါတီ တို့ အပြိုင်မဲဆွယ်ကြစဉ်မှာ အားလုံးသိကြတဲ့ ဘဝသံသရာ ဆိုတဲ့ ဆရာကြီးဦးသုခရဲ့ သီချင်းဟာ လူတိုင်းပါးစပ်ဖြားမှာ ရေပန်းစားနေပါတယ်။ ဒီသီချင်းထဲမှာပါတဲ့ ” ဘယ်ဟာ မတည်မြဲ ” ဆိုတဲ့အတိုင်း တည်မြဲပါတီ ဟာ သန့်ရှင်းပါတီကို မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။

တခါတလေကျတော့လည်း တဘောင်ကို လူအများယုံကြည်တာကို အခွင့်ယူပြီး နိုင်ငံရေးသမားအချို့ရဲ့ တဘောင်အတုတွေလည်းပေါ်တတ်ပါသေးတယ်။

အတိတ်၊ နိမိတ်၊ အိပ်မက်တွေကို မယုံကြည်ရ လို့မပြောလိုပေမယ့် အလွန်အမင်းတော့ မယုံကြည်သင့်ပါလို့ ပြောရင်း အတိတ်၊ နိမိတ်၊ တဘောင်တွေအကြောင်းကို ဗဟုသုတအဖြစ် ရေးသားလိုက်ပါတယ်။

Ref:
အယူတော်မင်္ဂလာလျှောက်ထုံး- ဆရာအောင်မြင့်ဦး

မြန်မာ့စကား – ဦးအေးချို ( မဟာဝိဇ္ဇာ)

ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း နိမိတ်ထွန်း၏ – ဒေါက်တာတင်ဗိုလ်ဗိုလ်

Oo Ko Linn

သိမ်း ထူးစံ