စာေမးပြဲ ေျဖဆိုေနခ်ိန္ ေမးခြန္းေပါက္ၾကားမႈ ကိစၥ

စာေမးပြဲ ေျဖဆိုေနခ်ိန္ ေမးခြန္းေပါက္ၾကားမႈ ကိစၥ 2

စာေမးပြဲ ေျဖဆိုေနခ်ိန္ ေမးခြန္းေပါက္ၾကားခဲ့၍ ၆၆ဃျဖင့္အမူ႔ဖြင့္

ပဲခူး မတ္လ ၁၃

ပဲခူတိုင္းေဒသႀကီး ေမးခြန္းေပါက္ၾကားခဲ့မူ႔ ျဖစ္ေပၚခဲ့ၿပီး စာေမးပြဲ ေျဖဆိုခ်ိန္ ေမးခြန္းအား လူမူ႔ကြန္ယက္ ေပၚတင္ခဲ့သည့္ အေကာင့္ပိုင္႐ွင္အား တိုင္းပညာေရးမႉး ၫႊန္ၾကားေရးမွဴ းမွ အမူ႔ဖြင့္ အေရးယူထားေၾကာင္း သိရိွရသည္။

မတ္၁၂ရက္ ၁ဝနာရီခြဲအခ်ိန္က ေဒၚေမသက္ႏြယ္ ဒုတိယ ၫႊန္ၾကားေရးမွဴ း(စီမံ) ပဲခူးတိုင္းေဒသႀကီး ပညာေရးမႉးရံုးသည္ တိုင္းပညာေရး တာဝန္ထမ္းေဆာင္ေနစဥ္ တစ္ရံုးတည္းေန ဦးသီဟထြန္း၃၇ႏွစ္၊ ဒုတိယ ဦးစီးမႉး ပဲခူးၿမိဳ္ေနသူမွ ၎ကိုင္ေဆာင္သည့္ ၀၉၇၆၉၅၄၇၉၈ ဖုန္းနံပါတ္ ပါ Samsung j7 အမ်ိဳးစား မီးခိုေရာင္ဖုန္းတြင္ လူမူ႔ကြန္ယက္ ျဖစ္ေသာ Facebook ၌ ယေန႔က်င္းပေသာ ၂၀၁၈ခုႏွစ္ တကၠသိုလ္ စာေမးပြဲ စတုတၳ ေန႔ ဓာတုေဗဒ ေမးခြန္းမ်ား online ေပၚတြင္ Sayar Bone အေကာင့္ျဖင့္ ေတြ႔ရိွေၾကာင္း တင္ျပခဲ့သျဖင့္ အဆိုပါ အေကာင့္အား ဆက္လက္ဖြင့္ၾကည့္ရာ ပဲခူးၿမိဳ႕ ေရႊဘံုသာပရဟိတ ပညာဒါနေက်ာင္း ကလ်ာဏီ၇လမ္း ပဲခူး၏ pageအား shareထားသည္ကို ေတြ႔ရိွရေၾကာင္း

phyo wai aung အေကာင့္တြင္ ၂၀၁၈ မတ္၉ရက္ ၁၀နာရီ ၃၅အခ်ိန္တြင္ သခ်ၤာ ေမးခြန္းမ်ားကို online တင္ေပးခဲ့သူ၏ အေကာင့္ျဖင့္ တင္ထားသည္ကို screen shot႐ိုက္၍ Sayar Bone အေကာင့္မွ အႏၱရာယ္ ၾကားက ေမတၱာ ဟု ျပန္လည္တင္ထားေၾကာင္း ယခင္ေန႔မ်ားကလည္း ေမးခြန္းမ်ားကို သတ္မွတ္ခ်ိန္ မြန္းတည့္ ၁၂နာရီ မတိုင္မီ online ေပၚတင္ထားသည္ကိုေတြ႔ရိွရေၾကာင္း

အဆိုပါ ေမးခြန္းမ်ားသည္ စာေမးပြဲ က်င္းပၿပီးစီးသည့္ မြန္းတည့္၁၂နာရီထိ မည္သူမွ ျပင္ပသို႔ ယူေဆာင္ျခင္း ျပသျခင္း ျပဳလုပ္ခြင့္မရိွဘဲ online ေပၚတင္ထားသည္ကို ေတြ႔ရိွရသျဖင့္ တရားစြဲဆိုျခင္းျဖစ္ေၾကာင္း သိရိွရသည္။

ယင္း ကိစၥ ႏွင့္ပတ္သက္၍ ပဲခူးတိုင္းေဒသႀကီး တိုင္းပညာေရးမႉး ၫႊန္ၾကားေရးမွဴ း ဦးေက်ာ္ဆင့္ ၊ ဒုတိယ ၫႊန္ၾကားေရးမွဴ း ေဒၚေမသက္ႏြယ္ ၊ လက္ေထာက္ ၫႊန္ၾကားေရးမွဴ း ဦးေအာင္ဇင္၊ ဒုတိယ ဦးစီးမႉး ဦးသီဟထြန္းတို႔မွ တိုင္ၾကားစာ ေပးပို႔ခဲ့ေၾကာင္း သိရသည္။

သို႔ျဖစ္ပါ၍ ဆက္သြယ္ေရး ကြန္ယက္တခုခုကို အသံုးျပဳ၍ ပညာေရးဌာန၏ ဂုဏ္သိကၡာ က်ဆင္းေအာင္ အသေရဖ်က္ျခင္း ေႏွာက္ယွက္ျခင္း ျပဳလုပ္သူ Sayar bone အေကာင့္ပိုင္႐ွင္အား ဥပေဒအရ အေရးယူေပးရန္ ေဒၚေမသက္ႏြယ္ မွ တရားလို ျပဳ လုပ္၍ တိုင္တန္းခဲ့သျဖင့္ အမွတ္ ၂ရဲစခန္း မွ ပ၂၂၃/၂၀၁၈ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆ဃျဖင့္ အမူ႔ဖြင့္ အေရးယူထားေၾကာင္း သတင္းရရိွသည္။

Crd/Ko ThantZin.

============

စာမေးပွဲ ဖြေဆိုနေချိန် မေးခွန်းပေါက်ကြားခဲ့၍ ၆၆ဃဖြင့်အမူ့ဖွင့်

ပဲခူး မတ်လ ၁၃

ပဲခူတိုင်းဒေသကြီး မေးခွန်းပေါက်ကြားခဲ့မူ့ ဖြစ်ပေါ်ခဲ့ပြီး စာမေးပွဲ ဖြေဆိုချိန် မေးခွန်းအား လူမူ့ကွန်ယက် ပေါ်တင်ခဲ့သည့် အကောင့်ပိုင်ရှင်အား တိုင်းပညာရေးမှူး ညွှန်ကြားရေးမှူ းမှ အမူ့ဖွင့် အရေးယူထားကြောင်း သိရှိရသည်။

မတ်၁၂ရက် ၁ဝနာရီခွဲအချိန်က ဒေါ်မေသက်နွယ် ဒုတိယ ညွှန်ကြားရေးမှူ း(စီမံ) ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးသည် တိုင်းပညာရေး တာဝန်ထမ်းဆောင်နေစဉ် တစ်ရုံးတည်းနေ ဦးသီဟထွန်း၃ရနှစ်၊ ဒုတိယ ဦးစီးမှူး ပဲခူးမြို်နေသူမှ ၎င်းကိုင်ဆောင်သည့် ၀၉၇၆၉၅၄၇၉၈ ဖုန်းနံပါတ် ပါ Samsung j7 အမျိုးစား မီးခိုရောင်ဖုန်းတွင် လူမူ့ကွန်ယက် ဖြစ်သော Facebook ၌ ယနေ့ကျင်းပသော ၂၀၁၈ခုနှစ် တက္ကသိုလ် စာမေးပွဲ စတုတ္ထ နေ့ ဓာတုဗေဒ မေးခွန်းများ online ပေါ်တွင် Sayar Bone အကောင့်ဖြင့် တွေ့ရှိကြောင်း တင်ပြခဲ့သဖြင့် အဆိုပါ အကောင့်အား ဆက်လက်ဖွင့်ကြည့်ရာ ပဲခူးမြို့ ရွှေဘုံသာပရဟိတ ပညာဒါနကျောင်း ကလျာဏီရလမ်း ပဲခူး၏ pageအား shareထားသည်ကို တွေ့ရှိရကြောင်း

phyo wai aung အကောင့်တွင် ၂၀၁၈ မတ်၉ရက် ၁ဝနာရီ ၃၅အချိန်တွင် သချင်္ာ မေးခွန်းများကို online တင်ပေးခဲ့သူ၏ အကောင့်ဖြင့် တင်ထားသည်ကို screen shotရိုက်၍ Sayar Bone အကောင့်မှ အန္တရာယ် ကြားက မေတ္တာ ဟု ပြန်လည်တင်ထားကြောင်း ယခင်နေ့များကလည်း မေးခွန်းများကို သတ်မှတ်ချိန် မွန်းတည့် ၁၂နာရီ မတိုင်မီ online ပေါ်တင်ထားသည်ကိုတွေ့ရှိရကြောင်း

အဆိုပါ မေးခွန်းများသည် စာမေးပွဲ ကျင်းပပြီးစီးသည့် မွန်းတည့်၁၂နာရီထိ မည်သူမှ ပြင်ပသို့ ယူဆောင်ခြင်း ပြသခြင်း ပြုလုပ်ခွင့်မရှိဘဲ online ပေါ်တင်ထားသည်ကို တွေ့ရှိရသဖြင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်း ကိစ္စ နှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး တိုင်းပညာရေးမှူး ညွှန်ကြားရေးမှူ း ဦးကျော်ဆင့် ၊ ဒုတိယ ညွှန်ကြားရေးမှူ း ဒေါ်မေသက်နွယ် ၊ လက်ထောက် ညွှန်ကြားရေးမှူ း ဦးအောင်ဇင်၊ ဒုတိယ ဦးစီးမှူး ဦးသီဟထွန်းတို့မှ တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ဆက်သွယ်ရေး ကွန်ယက်တခုခုကို အသုံးပြု၍ ပညာရေးဌာန၏ ဂုဏ်သိက္ခာ ကျဆင်းအောင် အသရေဖျက်ခြင်း နှောက်ယှက်ခြင်း ပြုလုပ်သူ Sayar bone အကောင့်ပိုင်ရှင်အား ဥပဒေအရ အရေးယူပေးရန် ဒေါ်မေသက်နွယ် မှ တရားလို ပြု လုပ်၍ တိုင်တန်းခဲ့သဖြင့် အမှတ် ၂ရဲစခန်း မှ ပ၂၂၃/၂၀၁၈ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ဃဖြင့် အမူ့ဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Crd/Ko ThantZin.