
ယနေ့ ရုပ်ရှင်ဖန်တီးသူများကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ ဘဘ ဗိုလ်ကလေးတင့်အောင် 2



ယနေ့ ရုပ်ရှင်ဖန်တီးသူများကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ ဘဘ ဗိုလ်ကလေးတင့်အောင် 3


ယနေ့ ရုပ်ရှင်ဖန်တီးသူများကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ ဘဘ ဗိုလ်ကလေးတင့်အောင် 4


ယနေ့ ရုပ်ရှင်ဖန်တီးသူများကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ ဘဘ ဗိုလ်ကလေးတင့်အောင် 5


‌By – ထော်‌‌ထော်‌ / MUNA

==========

ယနေ့ ရုပ်ရှင်ဖန်တီးသူများကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ ဘဘ ဗိုလ်ကလေးတင့်အောင်

အသက်‌ ၉၆ နှစ်‌အရွယ်‌ ရှိပြီဖြစ်‌‌သော ‌တေးဂီတပညာရှင်‌၊ ရုပ်‌ရှင်‌ဒါရိုက်‌တာ၊ စာ‌ရေးဆရာ စသည်‌့ စွယ်‌စုံရအနုပညာရှင်‌တစ်‌ဦးဖြစ်‌သူ ဘဘ စည်‌သူ ဗိုလ်‌က‌လေးတင်‌့‌အောင်‌သည်‌ ယ‌နေ့ ရုပ်‌ရှင်‌ဖန်‌တီးသူများအ‌‌နေနှင်‌့ အနုပညာကို ‌ပေါ့‌ပေါ့တန်‌တန်‌ သ‌ဘောထားကာ လုပ်‌‌ဆောင်‌‌နေကြသည်‌ဟု ပြင်‌းပြင်‌းထန်‌ထန်‌ ‌ဝေဖန်‌လိုက်‌သည်‌။

ဆက်‌လက်‌၍ ဘဘ က ရုပ်‌ရှင်‌တစ်‌ကားကြည်‌့ပြီး ပရိသတ်‌ရင်‌ထဲ ဘာမှ မကျန်‌ခဲ့ ဘာမှ မကျိုးမရှိခဲ့လျှင်‌ ဒါဟာ အချိန်‌ကုန်‌ ‌ငွေကုန်‌‌သော အပိုအလုပ်‌သာ ဖြစ်‌‌ကြောင်‌း၊ ယ‌နေ့‌ခေတ်‌ ရုပ်‌ရှင်‌ဇာတ်‌ကားများ ပရိသတ်‌ရင်‌ထဲ မကျန်‌ခဲ့ခြင်‌း လူကြိုက်‌နည်‌းလာခြင်‌းသည်‌ ရုပ်‌ရှင်‌ဖန်‌တီးသူဘက်‌မှ ညံ့ဖျင်‌း‌ခြင်‌း‌ကြောင်‌့သာ ဖြစ်‌‌ကြောင်‌း ‌ထောက်‌ပြသွားခဲ့သည်‌။

မကြာခင်‌ ကျင်‌းပ‌တော့မည်‌့ အကယ်‌ဒမီဆု‌ပေးပွဲတွင်‌ အဘအား တစ်‌သက်‌တာ အကယ်‌ဒမီဆု ချီးမြှင်‌့‌ပေးလိမ်‌့မည်‌ဟု သတင်‌းထွက်‌‌ပေါ်လာခြင်‌းနှင်‌့ ပတ်‌သက်‌၍ ဘဘဗိုလ်‌က‌လေးတင်‌့‌အောင်‌က တစ်‌သက်‌တာ အကယ်‌ဒမီဆု ချီးမြှင်‌‌ပေးမည်‌ဟု ရုပ်‌ရှင်‌အစည်‌းအရုံး ဥက္ကဌက လာ‌ရောက်‌ပြီး ‌ပြောခဲ့ဖူး‌ကြောင်‌း၊ မိမိအား တစ်‌သက်‌တာ အကယ်‌ဒမီဆု ချီးမြှင်‌့မည်‌ မချီးမြှင်‌့မည်‌ကို ‌ကျိန်‌း‌သေ‌ပေါက်‌ ‌ပြောနိုင်‌‌သေးသည်‌ မဟုတ်‌ပါ‌ကြောင်‌း၊ ဆု‌ကြေညာမှသာ ‌သေချာမှာဖြစ်‌‌ကြောင်‌း ‌ပြောကြဘဘ ဗိုလ်‌က‌လေးတင်‌့‌အောင်‌အား လာမည်‌့ မတ်‌လ ၂၃ ရက်‌‌နေ့တွင်‌ ကျင်‌းပမည်‌့ အကယ်‌ဒမီဆု‌ပေးပွဲတွင်‌ တစ်‌သက်‌တာ အကယ်‌ဒမီဆု ချီးမြှင်‌့ခံရလိမ်‌့မည်‌ဟု သတင်‌းထွက်‌‌ပေါ်လျက်‌ ရှိပြီး ယခုနှစ်‌ ချီးမြှင်‌့ဖြစ်‌မည်‌့ တစ်‌သက်‌တာ အကယ်‌ဒမီဆုသည်‌ မြန်‌မာ့ရုပ်‌ရှင်‌ အကယ်‌ဒမီဆု‌ပေးပွဲ သမိုင်‌းတစ်‌‌လျှောက်‌လုံးတွင်‌ ပထမဦးဆုံး ‌ပေးအပ်‌ချီးမြှင်‌့မည်‌့ ဂုဏ်‌ထူး‌ဆောင်‌ အကယ်‌ဒမီဆုတစ်‌ဆုပင်‌ ဖြစ်‌‌‌ပါ‌ကြောင်‌း သိရှိရသည်‌။

‌By – ထော်‌‌ထော်‌ / MUNA