=
. =
=
. =

အနားျဖတ္သြားတဲ့ လူတစ္ေယာက္က သူ႕ကို မလွဘူးလို႕ ေျပာလို႔ ေရထဲတြန္းခ်လိုက္တဲ့ ညီညီေမာင္

သူ႕ကို မလွဘူး လို႕ ေျပာတဲ႕အတြက္ ေရထဲတြန္းခ်တဲ႕ ညီညီေမာင္

ပရိသတ္ခ်စ္တဲ႕ မိတ္ကပ္ ညီညီေမာင္ တစ္ေယာက္က ေမႊလိုက္ျပန္ပါျပီ။ ပရိသတ္ အခ်စ္ေတြ တိုးေနတဲ႕ သုသု က မိတ္ကပ္လိမ္းတဲ႕ အလုပ္နဲ႕ မအားလပ္တဲ႕ၾကား က အႏုပညာ အလုပ္ေတြ လုပ္ေနတာ ျဖစ္ျပီး လက္ရွိမွာ အလွကုန္ ေၾကာ္ျငာတစ္ခု ရိုက္ဖို႕ Sunny Cove Private Getaway Resort ကို ေရာက္ေနတယ္ လို႕ သိရပါတယ္။ ရႈတင္ရိုက္ဖို႕ အလွျပင္ျပီး သူငယ္ခ်င္းေတြနဲ႕ ေစာင့္ေနတဲ႕ သုသုက မထင္မွတ္စရာ လုပ္ရပ္တစ္ခုကို လုပ္တဲ႕ ဗီဒီယိုဖိုင္ တစ္ခု တက္လာခဲ႕ပါတယ္။

အဲ႕ဒီ ရုပ္သံဖိုင္ထဲမွာ သုသုက အနီေရာင္ ႏွင္းဆီဖပ္ေတြနဲ႕ ဒီဇိုင္းထြင္ထားတဲ႕ အက်ီ ၤကို ဝတ္ဆင္ထားတာ ေတြ႕ရျပီး သုသု သူငယ္ခ်င္းေတြက သုသုကို အလွေတြ ျပင္ေပးေနတာ ေတြ႕ရပါတယ္။ အလွျပင္ေပးတဲ႕ သူငယ္ခ်င္းေတြက သုသုရဲ႕ အလွကို ခ်ီးမြမ္းေနတာ ေတြ႕ရျပီး သုသုကလည္း ေပ်ာ္ရႊင္ေနတာ ေတြ႕ရပါတယ္။

အဲ႕လို ခ်ီးမြမ္းခံရလို႕ ေပ်ာ္ေနတဲ႕ သုသုကို ေဘးက ျဖတ္သြားတဲ႕ ေကာင္မေလး တစ္ေယာက္က သုသုၾကားေအာင္ မွတ္ခ်က္ေပး ေဝဖန္မႈ လုပ္ခဲ႕ပါတယ္။ အဲ႕ ေဝဖန္ခ်က္ အေပၚကို မေက်နပ္တဲ႕ သုသုက သူ႕ကို ေဝဖန္အတင္းေျပာတဲ႕ ေကာင္မေလးကို ေရထဲကို တြန္းခ်ခဲ႕ပါတယ္။

သူငယ္ခ်င္းေတြရဲ႕ ခ်ီးမြမ္းမႈမွာ ေက်နပ္ေနတဲ႕ သုသုက ေပ်ာ္ရႊင္တဲ႕သူတစ္ေယာက္ရဲ႕ ဇာတ္ရုပ္မွာလည္း ပီျပင္သလို ကိုယ္မ်က္စိေရွ႕မွာ အတင္းေျပာခံရတဲ႕အခါ ျဖစ္သြားတဲ႕ မ်က္ႏွာကလည္း အကယ္ဒမီ ေပးမယ္ဆို ေပးလို႕ရတဲ႕ သရုပ္ေဆာင္ကြက္ေတြ ဆိုတာ ဗီဒီယိုထဲမွာ ေတြ႕ႏိုင္ပါတယ္။

Ref : Nyi Nyi Maung

Credit – Zan(Momolay)

သူ့ကို မလှဘူး လို့ ပြောတဲ့အတွက် ရေထဲတွန်းချတဲ့ ညီညီမောင်

ပရိသတ်ချစ်တဲ့ မိတ်ကပ် ညီညီမောင် တစ်ယောက်က မွှေလိုက်ပြန်ပါပြီ။ ပရိသတ် အချစ်တွေ တိုးနေတဲ့ သုသု က မိတ်ကပ်လိမ်းတဲ့ အလုပ်နဲ့ မအားလပ်တဲ့ကြား က အနုပညာ အလုပ်တွေ လုပ်နေတာ ဖြစ်ပြီး လက်ရှိမှာ အလှကုန် ကြော်ငြာတစ်ခု ရိုက်ဖို့ Sunny Cove Private Getaway Resort ကို ရောက်နေတယ် လို့ သိရပါတယ်။ ရှုတင်ရိုက်ဖို့ အလှပြင်ပြီး သူငယ်ချင်းတွေနဲ့ စောင့်နေတဲ့ သုသုက မထင်မှတ်စရာ လုပ်ရပ်တစ်ခုကို လုပ်တဲ့ ဗီဒီယိုဖိုင် တစ်ခု တက်လာခဲ့ပါတယ်။

အဲ့ဒီ ရုပ်သံဖိုင်ထဲမှာ သုသုက အနီရောင် နှင်းဆီဖပ်တွေနဲ့ ဒီဇိုင်းထွင်ထားတဲ့ အကျီ င်္ကို ဝတ်ဆင်ထားတာ တွေ့ရပြီး သုသု သူငယ်ချင်းတွေက သုသုကို အလှတွေ ပြင်ပေးနေတာ တွေ့ရပါတယ်။ အလှပြင်ပေးတဲ့ သူငယ်ချင်းတွေက သုသုရဲ့ အလှကို ချီးမွမ်းနေတာ တွေ့ရပြီး သုသုကလည်း ပျော်ရွှင်နေတာ တွေ့ရပါတယ်။

အဲ့လို ချီးမွမ်းခံရလို့ ပျော်နေတဲ့ သုသုကို ဘေးက ဖြတ်သွားတဲ့ ကောင်မလေး တစ်ယောက်က သုသုကြားအောင် မှတ်ချက်ပေး ဝေဖန်မှု လုပ်ခဲ့ပါတယ်။ အဲ့ ဝေဖန်ချက် အပေါ်ကို မကျေနပ်တဲ့ သုသုက သူ့ကို ဝေဖန်အတင်းပြောတဲ့ ကောင်မလေးကို ရေထဲကို တွန်းချခဲ့ပါတယ်။

သူငယ်ချင်းတွေရဲ့ ချီးမွမ်းမှုမှာ ကျေနပ်နေတဲ့ သုသုက ပျော်ရွှင်တဲ့သူတစ်ယောက်ရဲ့ ဇာတ်ရုပ်မှာလည်း ပီပြင်သလို ကိုယ်မျက်စိရှေ့မှာ အတင်းပြောခံရတဲ့အခါ ဖြစ်သွားတဲ့ မျက်နှာကလည်း အကယ်ဒမီ ပေးမယ်ဆို ပေးလို့ရတဲ့ သရုပ်ဆောင်ကွက်တွေ ဆိုတာ ဗီဒီယိုထဲမှာ တွေ့နိုင်ပါတယ်။

Ref : Nyi Nyi Maung

Credit – Zan(Momolay)

==

Related posts