“ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ဦးဝင္းျမင့္ရာထူးမွႏုတ္ထြက္ “

"ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ဦးဝင္းျမင့္ရာထူးမွႏုတ္ထြက္ " 2

“ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ဦးဝင္းျမင့္ရာထူးမွႏုတ္ထြက္ ”

ျပည္သူ႕လႊတ္ေတာ္ဥကၠဌ ဦးဝင္းျမင့္ ရာထူးတာဝန္မွ အနားယူသြားေၾကာင္း တင္ျပခ်က္ကို ယေန႔မတ္လ ၂၁ ရက္တြင္ ျပည္သူ႔လႊတ္ေတာ္ဒုတိယဥကၠဌ ဦးတီခြန္ျမတ္က လႊတ္ေတာ္တြင္ ဖတ္ၾကားခဲ့သည္။

ႏိုင္ငံေတာ္သမၼတ ရာထူးမွ ႏုတ္ထြက္သည့္ေန႔ႏွင့္ တရက္တည္းမွာပင္ ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ဦးဝင္းျမင့္ရာထူးမွႏုတ္ထြက္သြားသည့္အတြက္ လစ္လပ္သြားသည့္ ႏိုင္ငံေတာ္သမၼတေနရာတြင္ ဦးဝင္းျမင့္ ျဖစ္လာႏိုင္သည္ဟု ႏိုင္ငံေရးအသိုင္းအဝန္းက ခန္႔မွန္းထားသည္။

7Day News Journal

"ျပည္သူ႔လႊတ္ေတာ္ဥကၠဌ ဦးဝင္းျမင့္ရာထူးမွႏုတ္ထြက္ " 3

“ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ရာထူးမှနုတ်ထွက် ”

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ရာထူးတာဝန်မှ အနားယူသွားကြောင်း တင်ပြချက်ကို ယနေ့မတ်လ ၂၁ ရက်တွင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ ဦးတီခွန်မြတ်က လွှတ်တော်တွင် ဖတ်ကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ရာထူးမှ နုတ်ထွက်သည့်နေ့နှင့် တရက်တည်းမှာပင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ရာထူးမှနုတ်ထွက်သွားသည့်အတွက် လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတနေရာတွင် ဦးဝင်းမြင့် ဖြစ်လာနိုင်သည်ဟု နိုင်ငံရေးအသိုင်းအဝန်းက ခန့်မှန်းထားသည်။

7Day News Journal

=================

 

သမၼတ ဦးထင္ေက်ာ္ ရာထူးကေန ႏုတ္ထြက္

မတ္ – ၂၁ ၊၂၀၁၈

ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ဟာ သမၼတရာထူးကေန႕ ႏုတ္ထြက္သြားၿပီလို႕သိရပါတယ္။

လက္ရိွ အလုပ္တာဝန္ေတြကေန အနားယူလိုတာေၾကာင့္ ဒီကေန႕ မတ္လ ၂၁ ရက္ ကစၿပီး ႏုိင္ငံေတာ္ သမၼတ ရာထူးကေန ႏုတ္ထြက္သြားတာလို႕ ႏုိင္ငံေတာ္သမၼတရုံးက ဒီကေန႕မနက္ပိုင္းမွာ သတင္းထုတ္ျပန္လိုက္တာပါ။

ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ( ၇၃) ပုဒ္မခြဲ (ခ) နဲ႕အညီ လစ္လပ္သြားတဲ့ သမၼတရာထူးကို အလုပ္လုပ္ရက္ ခုႏွစ္ရက္အတြင္း ျဖည္႕စြက္ႏုိင္ေရးအတြက္ ဆက္လက္ ေဆာင္ရြက္သြားမယ္လို႕ လည္း အဲဒီသတင္းထုတ္ျပန္ခ်က္မွာပါရိွပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၇၃ ပုဒ္မခြဲ ( ခ)ဆိုုတာကေတာ့ ႏုိင္ငံေတာ္ သမၼတ ရာထူးေနရာ လစ္လပ္သြားတဲ့ အခ်ိန္ ဟာ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးက်င္းပေနခ်ိန္ျဖစ္ရင္ လစ္လပ္သြားတဲ့ သမၼတရာထူးကို ခုႏွစ္ရက္အတြင္း ျဖည္႕စြက္ ႏို္င္ေရးအတြက္ ယာယီသမၼတက ျပည္ေထာင္စုလႊတ္ေတာ္ အႀကီးအမဴးထံ ကို ေဆာလ်င္စြာ အေၾကာင္းၾကားရမယ္လို႕ ေဖာ္ျပထားတာပါ။

ၿပီးခဲ့တဲ့ ဇန္နဝါရီလအတြင္းက သမၼတ ဦးထင္ေက်ာ္ဟာ စင္ကာပူႏုိင္ငံကိုသြားေရာက္ၿပီးေတာ့ ေဆးကုသမႈ ခံယူခဲ့ပါတယ္။

အဲဒီလို ေဆးကုသမႈေတြ ျပဳလုပ္ေနတဲ့အခ်ိန္မွာေတာ့ သမၼတဟာ က်န္းမာေရးေၾကာင့္ ရာထူးကေန အနားယူလိမ့္မယ္လို႕ သတင္းေတြ ထြက္လာခဲ့ဖူးပါတယ္။

သမၼတ ဦးထင္ေက်ာ္ဟာ ႏွစ္ေပါင္းငါးဆယ္ေက်ာ္ကာလအတြင္း ျမန္မာႏုိင္ငံရဲ႕ ပထမဆုံးအရပ္သားသမၼတတစ္ဦး အျဖစ္ တင္ေျမာက္ျခင္းခံခဲ့ရသူပါ ။

7Day News Journal

သမ္မတ ဦးထင်ကျော် ရာထူးကနေ နုတ်ထွက်

မတ် – ၂၁ ၊၂၀၁၈

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ သမ္မတရာထူးကနေ့ နုတ်ထွက်သွားပြီလို့သိရပါတယ်။

လက်ရှိ အလုပ်တာဝန်တွေကနေ အနားယူလိုတာကြောင့် ဒီကနေ့ မတ်လ ၂၁ ရက် ကစပြီး နိုင်ငံတော် သမ္မတ ရာထူးကနေ နုတ်ထွက်သွားတာလို့ နိုင်ငံတော်သမ္မတရုံးက ဒီကနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်လိုက်တာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ( ၇၃) ပုဒ်မခွဲ (ခ) နဲ့အညီ လစ်လပ်သွားတဲ့ သမ္မတရာထူးကို အလုပ်လုပ်ရက် ခုနှစ်ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမယ်လို့ လည်း အဲဒီသတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၃ ပုဒ်မခွဲ ( ခ)ဆိုုတာကတော့ နိုင်ငံတော် သမ္မတ ရာထူးနေရာ လစ်လပ်သွားတဲ့ အချိန် ဟာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေချိန်ဖြစ်ရင် လစ်လပ်သွားတဲ့ သမ္မတရာထူးကို ခုနှစ်ရက်အတွင်း ဖြည့်စွက် နို်င်ရေးအတွက် ယာယီသမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမူးထံ ကို ဆောလျင်စွာ အကြောင်းကြားရမယ်လို့ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက သမ္မတ ဦးထင်ကျော်ဟာ စင်ကာပူနိုင်ငံကိုသွားရောက်ပြီးတော့ ဆေးကုသမှု ခံယူခဲ့ပါတယ်။

အဲဒီလို ဆေးကုသမှုတွေ ပြုလုပ်နေတဲ့အချိန်မှာတော့ သမ္မတဟာ ကျန်းမာရေးကြောင့် ရာထူးကနေ အနားယူလိမ့်မယ်လို့ သတင်းတွေ ထွက်လာခဲ့ဖူးပါတယ်။

သမ္မတ ဦးထင်ကျော်ဟာ နှစ်ပေါင်းငါးဆယ်ကျော်ကာလအတွင်း မြန်မာနိုင်ငံရဲ့ ပထမဆုံးအရပ်သားသမ္မတတစ်ဦး အဖြစ် တင်မြောက်ခြင်းခံခဲ့ရသူပါ ။

7Day News Journal