တရုတ်​သူ​ဋ္ဌေးက သားမယားကျင့်​​​လို့ မန်​​နေဂျာအား ဖုန်းဆက်​အကူအညီ​တောင်းရာ မန်​​နေဂျမှ ဖုန်းပိတ်​သွားမှု

1377

တရုတ်​သူ​ဋ္ဌေးမှသားမယားပြုကျင့်​ရန်​ကြံချိန်​​ ကောင်​မ​လေးမှမန်​​နေဂျာအားဖုန်းဆက်​အကူအညီ​တောင်းရာမန်​​နေဂျမှ ဖုန်းပိတ်​လိုက်​​သောအမှု

ယ​နေ့ ၂၆.၄.၂၀၁၉ ရက်​​နေ့ မြ၀တီခရိုင်​တရားရုံးမှ အသက်​၁၄နှစ်​အရွယ်​မိန်းခ​လေးအား​ ဟော်​တယ်​သို့​ခေါ်သွားပြီး သားမယားအဖြစ်​ပြုကျင့်​ခဲ့သူ မြန်​မာစကားမတတ်​သူ ဂိမ်းရုံပိုင်​ရှင်​ နှင့်​မြန်​မာစကားပြန်​ ဂိမ်းရုံမန်​​နေဂျာတို့အား တရားရုံးထုတ်​စစ်​​ဆေးခဲ့ပါသည်​။

ယ​နေ့တွင်​ တရားလို ​ဒေါ်…….. ၂၆ နှစ်​နှင့်​သမီး မ……….၁၄ နှစ်​တို့အား စစ်​​ဆေးခဲ့ပါသည်​။

ဖြစ်​စဉ်​အကျဉ်းမှာ ဂိမ်းရုံမန်​​နေဂျာ မြန်​မာလူမျိုးမှ အခင်းဖြစ်​ည၁၁ နာရီခန့်​က ဂိမ်းရုံပိတ်​သည်​ကို အ​ကြောင်းပြ၍ ​ဆိုင်​ကယ်​ဖြင့်​လိုက်​ပို့​ပေးစဉ် တရုပ်​သူ​ဋ္ဌေး ဂိမ်းရုံပိုင်​ရှင်​ ဖုန်းဆက်​လာသဖြင့်​ ​ကောင်​မ​လေးအား လမ်းတွင်​ထားခဲ့ပြီး

တရုပ်​အား သွား​ခေါ်​ဆောင်​လာကာမြန်​မာလူမျိုးစကားပြန် မန်​​နေဂျာမှ သူ​ဋ္ဌေးနှင့်​ခဏလိုက်​သွား ဦး ဆိုင်​ကယ်​ဆီသွားထည့်​ဦးမည်​ဟု​ ပြောကာထွက်​သွားခဲ့ပါသည်။

ဆက်​လက်​၍ တရုပ်​သူ​ဋ္ဌေး​ ခေါ်​ဆောင်​ရာသို့ လိုက်​သွားစဉ် စာ​ပေ မတတ်​သူ​ ကောင်​မ​လေးမှ​ ဟော်​တယ်​ကို တရုပ်​သူ​ဋ္ဌေးအိမ်​ဟု​ထင်​ကာလိုက်​သွားခဲ့မိပါသည်​။ အခန်းထဲသို့​ရောက်​​သောအခါ တရုပ်​သူ​ဋ္ဌေးမှ သားမယားပြုကျင့်​ရန်​ကြံစည်​အားထုတ်​​နေချိန်​​ ကောင်​မ​လေးမှ မန်​​နေဂျာအား ဖုန်းဆက်​အကူအညီ​တောင်းရာ မန်​​နေဂျာ စကားပြန်​မှဖုန်းမကိုင်​ပဲ ဖုန်းပိတ်​လိုက်​​သော မှုခင်းတစ်​ရပ်​ဖြစ်​ပါသည်​။

ယ​နေ့ည​နေ ၄ နာရီအချိန်​တွင်​ တရားရုံးထုတ်​ပြီးအပြန်​တွင်​ မြန်​မာ စကားပြန်​ တရားခံမှ​ ကောင်းမ​လေးအား မိမိတွင်​အပြစ်​မရှိ​ကြောင်း တရုပ်​သူ​ဋ္ဌေးခိုင်းလို့ လုပ်​ရတာဖြစ်​​ကြောင်း ​အော်​ဟစ်​​ပြောဆို သွားပါသည်​။

ဘီဝမ်း (ဦးအောင်ထွန်းလင်း)