ရက္ရက္စက္စက္ သတ္သြားတဲ့ ေတာင္ငူၿမိဳ႕နယ္ လူသတ္မႈ ေပၚၿပီ

2441

မူးရစ္ဆဲဆိုသည့္ သူငယ္ခ်င္းအား ရက္စက္စြာသတ္ျဖတ္ခ့ဲသည့္သူအားဖမ္းဆီးရမိ

ေတာင္ငူ ေမ ၉

ေတာင္ငူျမိဳ႕ နယ္ I မဟင္ေက်းရြာအုပ္စု I ႏွစ္ေဆာင္ျပိဳင္ေက်းရြာ ေတာင္ဘက္ ဧက (၅၀၀) စံျပစိုက္ကြက္ လယ္ေတာေျမာင္းအတြင္း လူ တစ္ဦးအား ဓါးျဖင့္ အခ်က္ေပါင္းမ်ားစြာ ထိုးျပီး ငယ္ပါလီွးျဖတ္ ပါးစပ္ ဆို႕ခ့ဲေသာ တရားခံအား ယမန္ေန႔က ဖမ္းဆီးထားနိုင္ေၾကာင္း ေတာင္ငူၿမိဳ႕နယ္ ကၽြန္းကုန္းနယ္ေျမရဲစခန္းမွသိရပါတယ္။

ေသဆုးံသူသည္ ေတာင္ငူျမိဳ႕နယ္ ေနပူကုန္းေက်းရြာ ေနသူမ်ားျဖစ္ျပီး အခင္းျဖစ္ေန႕က ၀င္းျမင့္ ၊ နုိင္မင္းထြန္း ၊ နုိင္၀မ္း တို႔ ၃ ဦးသည္ ကံႀကီးေက်းရြာေနသူ နန္း၀င္း ဆိုသူပါ၀င္လ်က္ ၄ ေယာက္သား ဆုိင္ကယ္ ၂စီးျဖင့္ ငါးက်ဥ္စက္ထိုးရန္ထြက္လာခဲ့ျပီး ယင္းေနာက္ ငါးက်ဥ္စက္ထိုးမယ့္ေနရာအေရာက္ တြင္ ( ၄ ) ေယာက္အတူတူ ေသာက္စားျပီး ငါးကင္စားေနၾကစဥ္ ေနပူကုန္းရြာသား ၀င္းျမင့္ မွ ကံႀကီးရြာသား နန္း၀င္းကို အရက္မူးၿပီး ရစ္ကာ မေအ ႏွမ သုးံျပီး ဆဲဆို ခ့ဲေသာေျကာင့္ ယခုကဲ့သို႔ လူသတ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ကၽြန္းကုန္းနယ္ေျမရဲစခန္းမွ သိရပါတယ္။

အေလာင္းကို တရြတ္တိုက္ဆြဲယူလာၿပီး ႏွစ္ေဆာင္ၿပိဳင္ေက်းရြာေတာင္ဘက္ ဧက ၅၀၀ လယ္ေျမ ဆည္ေျမာင္းၿပြန္ေပါက္အနီးတြင္ ပစ္ထားခဲ့ျခင္းျဖစ္ေၾကာင္း အစစ္ခံခ်က္အရ အဆိုပါ ရဲစခန္းမွ သိရပါတယ္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပက္သက္၍ ေတာင္ငူျမိဳ႕နယ္ က်ြန္းကုန္းနယ္ေျမ ရဲစခန္းတြင္ ၎တို႔ ၃ ဦးကို (ပ)၁၇၂/၂၀၁၉ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္လွ်က္ရွိေျကာင္းသိရပါတယ္။

ေနလင္းေအာင္ ( ေတာင္ငူ)

Unicode

မူးရစ်ဆဲဆိုသည့် သူငယ်ချင်းအား ရက်စက်စွာသတ်ဖြတ်ခဲ့သည့်သူအားဖမ်းဆီးရမိ

တောင်ငူ မေ ၉

တောင်ငူမြို့ နယ် I မဟင်ကျေးရွာအုပ်စု I နှစ်ဆောင်ပြိုင်ကျေးရွာ တောင်ဘက် ဧက (၅၀၀) စံပြစိုက်ကွက် လယ်တောမြောင်းအတွင်း လူ တစ်ဦးအား ဓါးဖြင့် အချက်ပေါင်းများစွာ ထိုးပြီး ငယ်ပါလှီးဖြတ် ပါးစပ် ဆို့ခဲ့သော တရားခံအား ယမန်နေ့က ဖမ်းဆီးထားနိုင်ကြောင်း တောင်ငူမြို့နယ် ကျွန်းကုန်းနယ်မြေရဲစခန်းမှသိရပါတယ်။

သေဆုးံသူသည် တောင်ငူမြို့နယ် နေပူကုန်းကျေးရွာ နေသူများဖြစ်ပြီး အခင်းဖြစ်နေ့က ၀င်းမြင့် ၊ နိုင်မင်းထွန်း ၊ နိုင်ဝမ်း တို့ ၃ ဦးသည် ကံကြီးကျေးရွာနေသူ နန်းဝင်း ဆိုသူပါ၀င်လျက် ၄ ယောက်သား ဆိုင်ကယ် ၂စီးဖြင့် ငါးကျဉ်စက်ထိုးရန်ထွက်လာခဲ့ပြီး ယင်းနောက် ငါးကျဉ်စက်ထိုးမယ့်နေရာအရောက် တွင် ( ၄ ) ယောက်အတူတူ သောက်စားပြီး ငါးကင်စားနေကြစဉ် နေပူကုန်းရွာသား ၀င်းမြင့် မှ ကံကြီးရွာသား နန်းဝင်းကို အရက်မူးပြီး ရစ်ကာ မအေ နှမ သုးံပြီး ဆဲဆို ခဲ့သောကြောင့် ယခုကဲ့သို့ လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျွန်းကုန်းနယ်မြေရဲစခန်းမှ သိရပါတယ်။

အလောင်းကို တရွတ်တိုက်ဆွဲယူလာပြီး နှစ်ဆောင်ပြိုင်ကျေးရွာတောင်ဘက် ဧက ၅၀၀ လယ်မြေ ဆည်မြောင်းပြွန်ပေါက်အနီးတွင် ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း အစစ်ခံချက်အရ အဆိုပါ ရဲစခန်းမှ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့်ပက်သက်၍ တောင်ငူမြို့နယ် ကျွန်းကုန်းနယ်မြေ ရဲစခန်းတွင် ၎င်းတို့ ၃ ဦးကို (ပ)၁၇၂/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရပါတယ်။

နေလင်းအောင် ( တောင်ငူ)