ကင်ဆာဝေဒနာရှင်ဆီ HIVပိုးပါတဲ့သွေးသွင်းမိခဲ့တယ်လို့ ဘန်ကောက်ဆေးရုံဝန်ခံ

83

ကင်ဆာဝေဒနာရှင်ဆီ HIVပိုးပါတဲ့သွေးသွင်းမိခဲ့တယ်လို့ ဘန်ကောက်ဆေးရုံဝန်ခံ

ထိုင်းနိုင်ငံရဲ့မြို့တော်ဘန်ကောက်က ဘန်ရန်ဂရတ်ဆေးရုံမှာ သွေးသွင်းကုသမိတဲ့ကင်ဆာဝေဒနာရှင်တစ်ယောက်က HIVပိုးပါတဲ့သွေးသွင်းမိခဲ့လို့ HIVပိုးကူးစက်ခဲ့တာကြောင့် သူ့ကိုတစ်သက်စာအခမဲ့ဆေးကုပေးသွားမယ်လို့ ကြေညာလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ်အမျိုးသားလူနာဟာ ကင်ဆာအတွက် သွေးသွင်းကုသနေတုန်း HIVပိုးကူးစက်သွားတာဆိုတဲ့သတင်းတွေကို ကြာသပတေးနေ့မှာဆေးရုံက အတည်ပြုလိုက်တာပါ။

ဆေးရုံရဲ့ထုတ်ပြန်ချက်အရ ဆေးရုံကိုရောက်လာတဲ့သွေးတွေဟာ သွေးလှူရှင်တွေနဲ့ သွေးတွေကိုအဆင့်မြင့်နည်းပညာတွေသုံးပြီးစောင့်ကြည့်တဲ့ ထိုင်းကြက်ခြေနီအဖွဲ့ရဲ့အမျိုးသားသွေးစင်တာက ရောက်လာတာလို့သိရပါတယ်။

ထုတ်ပြန်ချက်အရ သွေးသွင်းတာကနေ HIVပိုးကူးစက်ခံရတာဟာ စောင့်ကြည့်ကာလမှာ HIVပိုးကူးစက်ခံထားရတဲ့လူနာတွေက သွေးလှူတာကြောင့်ဖြစ်တဲ့ ရှားပါးဖြစ်စဉ်ဖြစ်ပြီး ဒီလိုဖြစ်လာနိုင်တယ်လို့ သတိပေးချက်ကြိုတင်ရထားတဲ့သွေးလက်ခံသူတွေက အန္တရာယ်ကိုတရားဝင်ရင်ဆိုင်ရတာပါ။

အခုဖြစ်ရပ်မှာကူးစက်ခံရတဲ့လူနာဟာ သူ့အသက် ၉ နှစ်သားအရွယ် ၂၀၀၄ ခုနှစ်ကတည်းက သွေးသွင်းကုသမှုခံယူနေပြီး ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း ၂၆၆ ကြိမ်သွေးသွင်းခဲ့တဲ့ကုန်ကျစရိတ်က ထိုင်းဘတ်ငွေသန်းဂဏန်းရှိပါတယ်။

ကံမကောင်းခဲ့တဲ့အဲဒီလူနာအတွက် ဆေးကုသစရိတ်အခမဲ့နဲ့ကုသပေးသွားမယ်လို့ ဆေးရုံစီမံခန့်ခွဲရေးတာဝန်ရှိသူတွေက ကတိပြုပါတယ်။

YaNaung . Source-Bangkok Post