စိတ်ကျန်းမာရေးဆေးရုံကြီးတွင် အမေရိကန်နိုင်ငံသား စိတ်ဝေဒနာ လူနာမှ ဆေးရုံအုပ်ကြီး ကားကို မောင်းပြီးထွက်ပြေး

1698

စိတ်ကျန်းမာရေးဆေးရုံကြီးတွင် အမေရိကန်နိုင်ငံသား စိတ်ဝေဒနာ လူနာမှ ဆေးရုံအုပ်ကြီး ကားကို မောင်းပြီးထွက်ပြေး

မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဝန်ကြီးဌာန၊ စိတ်ကျန်းမာရေးဆေးရုံကြီးတွင် တက်ရောက်ကုသရန် စစ်ဆေးမှုခံယူနေသည့် အမေရိကန်နိုင်ငံသားက ဆေးရုံအုပ်ကြီး၏ကားကိုယူမောင်းပြီး ထွက်ပြေးမှု မေ ၁၉ ရက် ညနေ ၄နာရီခန့် က ဖြစ်ပွားခဲ့သည်။

အမေရိကန်နိုင်ငံသားက ရုတ်တရတ် ရောဂါဝေဒနာ ပြင်းထန်လာပြီး စိတ်ဖောက်ပြန်ကာ ခေါင်မိုးပေါ်မှတစ်ဆင့်ထွက်ပြေး၍ ဆေးရုံအုပ်ကြီး၏ကားကိုမောင်းနှင်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

ထွက်ပြေးသွားသည့် ゞင်းကို ၄၅မိနစ်အကြာတွင် ဆေးရုံအနီးရှိ တိုးဂိတ်၌ဝိုင်းဝန်ဖမ်းဆီးခဲ့ရကြောင်း မန္တလေးစိတ်ကျန်းမာရေး ဆေးရုံအုပ်ကြီး ဒေါက်တာအေးသူအောင်က ပြောသည်။

” နည်းနည်းကြမ်းတဲ့ ရောဂါလူနာသည်တွေကို ထားတဲ့အဆောင်ဘက်ကဖြစ်သွားတာပေါ့။ လောလောဆယ် ရောဂါသည်ရဲ့ လူနာရှင်တွေကို မေးမြန်းနေချိန်မှာ ရာသီဥတုကလည်း နည်းနည်းပူတော့ သူကအင်္က࿿ျီတွေဘာတွေ ချွတ်ထားတယ်။

သူ့ကို ထိန်းသိမ်းထားတဲ့နေရာကတစ်ဆင့် အဆောင်ထဲက သစ်ပင်ပေါ်တက် ခေါင်းမိုးကတစ်ဆင့် အပြင်ထွက်လာတယ်။ အဲဒီချိန်မှာပဲ ဆရာမကားက အပြင်ထုတ်ပြီး ဆေးနေတာပေါ့။ သူက အဲဒီကားကို မောင်းပြီးထွက်ပြေးသွားတယ်။ ဒါနဲ့ ရဲစခန်းကို အကြောင်းကြားလိုက်တယ်”ဟု ဒေါက်တာ အေးသူအောင်က ရှင်းပြသည်။

ယာဉ်မောင်းက ဆိုင်ကယ်ဖြင့် ကားနောက်လိုက်ပြီး တိုးဂိတ်၌ အကျိုးအကြောင်းပြောပြကာ ဂိတ်ကအမေရိကန်နိုင်ငံသားကို မောင်းတံဖွင့်မပေးခဲ့ကြောင်း၊ မောင်းတံကို ဝင်တိုက်ရန် ゞင်းကကြိုးစားချိန်တွင် ကားစက်ရပ်သွားခြင်းဖြစ်ကြောင်း ဒေါက်တာ အေးသူအောင်က ဆိုသည်။

ယာဉ်မောင်းက ကားပေါ်သို့တက်စဉ် အမေရိကန်နိုင်ငံသားကဆင်းပြေးသွားသဖြင့်ကားကို ဂိတ်၌ ပြန်ရခဲ့ပြီး လူနာကို တိုးဂိတ်အနီးရွာမှ ဒေသခံများက ချော့မော့ထိန်ထားပေးခဲ့ခြင်းဖြစ်ကြောင်း ゞင်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသို့လာရောက်နေသည့် အမေရိကန်နိုင်ငံသားက စိတ်ကြွစိတ်ကျရောဂါခံစားနေရသူဖြစ်ကာ ပြင်ဦးလွင်မြို့၌နေထိုင်စဉ် ကျန်းမာရေးဆိုးရွားလာသောကြောင့် ဆေးခန်းတွင် ပြသနေရခြင်းဖြစ်သည်။

ယင်းမှတစ်ဆင့် မန္တလေးစိတ်ကျန်းမာရေးဆေးရုံကြီးသို့ ပြောင်းရွေ့ရောက်ရှိလာပြီး တက်ရောက်ကုသရန် စစ်ဆေးနေစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ဆေးရုံအုပ်ကြီး၏ ကားနှင့်လူနာတို့တွင် ကြီးမားသည့် ထိခိုက်မှု မဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိတွင် လူနာကို ဆေးရုံတွင် စနစ်တကျ ဆေးကုသမှုခံယူနိုင်ရန်ဆောင်ရွက်ပေးထားကြောင်း ဒေါက်တာ အေးသူအောင် ကပြောသည်။

” တကယ်တော့ နိုင်ငံခြားသားမို့လည်း လူစိတ်ဝင်စားသွားတာပေါ့ ဆေးရုံမှာ လူနာက ရောဂါပြင်းထန်လာပြီး ထွက်ပြေးတယ် ဆိုတာကဖြစ်ရိုးဖြစ်စဉ်ပါပဲ ” ဟု ၄င်းက ပြောသည်။

လက်ရှိတွင် မန္တလေး စိတ်ကျန်းမာရေး ဆေးရုံကြီး၌ တက်ရောက်ကုသနေသည့် လူနာပေါင်း ၁၅၀ ကျော် ခန့်ရှိပြီး ရာသီဥတုပူပြင်းသည့် အချိန်တွင် ဆေးရုံ၌ လူနာပိုများလေ့ရှိသည်။The Myanmar Times Daily Newspaper – Myanmar Version