လေဆိပ်မှာ ပွေ့ဖက်ပြီး အနမ်းတွေဝေနေကြတဲ့ သင်ဇာတို့ ချစ်သူနှစ်ဦး (ဗွီဒီယိုဖိုင်)

2635





လေဆိပ်မှာ အပြန်အလှန် အနမ်းလေးတွေပေးပြီး ပွေ့ဖက်ကြိုဆိုနေကြတဲ့ သင်ဇာတို့ချစ်သူနှစ်ဦး

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ မကြာသေးခင်ကမှ သူမရဲ့ချစ်သူကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်ပိတ်ရက်မှာ သင်ဇာက သူမရဲ့ချစ်သူနဲ့အတူ မော်ဒိုက်ကမ်းခြေကို သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ ချစ်သူနဲ့အတူ ပျော်ပျော်ရွှင်ရွှင် အနားယူအပန်းဖြေခဲ့တဲ့ သင်ဇာကတော့ သူမရဲ့ချစ်သူကို Offical ချပြခဲ့တာလည်း ဖြစ်ပါတယ်။

သင်ဇာရဲ့ချစ်သူကတော့ နိုင်ငံခြားသားတစ်ဦးဖြစ်ပြီး သူမအပေါ်မှာ နားလည်မှုအပြည့်ပေးနိုင်သူလည်း ဖြစ်ပါတယ်။ လူမျိုးခြားကို ကြိုက်မိခဲ့တဲ့ သင်ဇာ့ကိုတော့ ဝေဖန်တိုက်ခိုက်မှုတွေ ရှိပေမယ့် သင်ဇာတို့ချစ်သူနှစ်ဦးက အချစ်စစ်ကို အရင်းပြုပြီး လက်တွဲတွေ ခိုင်မြဲနေကြတာလည်း ဖြစ်ပါတယ် ။ အခုတော့ သင်ဇာရဲ့ချစ်သူက သူမကို တွေ့ရှိဖို့ မြန်မာနိုင်ငံကို အရောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ သင်ဇာက သူမရဲ့ချစ်သူကို လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့တာ တွေ့ရပါတယ်။ လေဆိပ်မှာ အပြန်အလှန် အနမ်းလေးတွေပေးပြီး ပွေ့ဖက်နှုတ်ဆက်နေတဲ့ သင်ဇာတို့ချစ်သူနှစ်ဦးကတော့ အရမ်းကို ကြည်နူးစရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သင်ဇာတို့ချစ်သူနှစ်ဦးရဲ့ Romantic ဆန်ဆန် ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။ Credit – ML Source: Thinzar Wint Kyaw;