ဖုန္း အလြန္အကြ်ံသံုးလို႔ ျဖစ္သြားတဲ့ (၄) ႏွစ္သမီးေလးရဲ႕ စိတ္မေကာင္းစရာ ျဖစ္ရပ္

155

စမတ္ဖုန္း အလြန္အကြ်ံသံုးလို႔ မ်က္လံုးအျမင္ခ်ိဳ႕ယြင္းသြားရတဲ့ (၄) ႏွစ္သမီးေလး

ၾကိဳးမဲ့လွ်ပ္စစ္ပစၥည္းေတြဟာ ယေန႔ေခတ္ လူ႔ေဘာင္မွာ မရွိမျဖစ္သံုးေနရတဲ့ ပစၥည္းေတြ ျဖစ္လာပါတယ္။ ဒါေပမယ့္ ဒီလိုအီလက္ထေရာနစ္ပစၥည္းေတြဟာ လူ႔က်န္းမာေရးကို ထိခိုက္ေစတဲ့ အျပာေရာင္အလင္းေတြ ထုတ္လႊတ္တယ္ဆိုတာကိုေတာ့ သိရွိသူ နည္းပါးပါတယ္။ လူ႔မ်က္လံုးဟာ ၄င္းအျပာေရာင္အလင္းေတြနဲ႔ အခ်ိန္အၾကာၾကီး ေတြ႔ထိမိတဲ့အခါ အမ်ားၾကီးထိခိုက္ေစပါတယ္။

လက္ေတြ႔ဘ၀မွာလည္း ဖုန္းကထြက္တဲ့ ေရာင္ျခည္ေၾကာင့္ မ်က္လံုးထိခိုက္ခဲ့ရတဲ့ အသက္(၄) ႏွစ္အရြယ္ ထိုင္းလူမ်ိဳး ကေလးမေလးတစ္ေယာက္အေၾကာင္းကို အခုလိုသိရပါတယ္။ ကေလးမေလးရဲ႕ ဖခင္ျဖစ္သူ ဒါခ်ာေျပာပံုအရ ေကာင္မေလးဟာ အသက္(၂) ႏွစ္အရြယ္ ႏုႏုငယ္ငယ္ေလးထဲက ဖုန္းကို သံုးခဲ့ေၾကာင္း သိရပါတယ္။ တျဖည္းျဖည္းနဲ႔ စမတ္ဖုန္းမသံုးရရင္ မေနႏိုင္ေအာင္ စြဲလန္းလာၿပီး အသက္(၄) ႏွစ္ေရာက္တဲ့အခါမွာေတာ့ lazy eye သို႔မဟုတ္ amblyopia လို႔ေခၚတဲ့ အျမင္အာရံုခ်ိဳ႕ယြင္းတဲ့ေ၀ဒနာ ရလာခဲ့ပါတယ္။

သမီးျဖစ္သူ မ်က္စိမႈန္လာတာေၾကာင့္ ဒါခ်ာက မ်က္မွန္တပ္ေပးခဲ့ေပမယ့္ မရခဲ့ပါဘူး။ ကေလးမေလးရဲ႕ မ်က္လံုးေ၀ဒနာဟာ တစ္ေန႔တစ္ျခားသာ ပိုၿပီး ဆိုး၀ါးလာခဲ့ပါတယ္။ ထိုအခါက်မွ ဒါခ်ာက ၄င္းရဲ႕ သမီးငယ္ဟာ စမတ္ဖုန္းကို အခ်ိန္အၾကာၾကီးသံုးတဲ့အျပင္ စမတ္ဖုန္းကထြက္တဲ့ အလင္းအားေၾကာင့္ မ်က္စိခ်ိဳ႕ယြင္းလာမွန္း သေဘာေပါက္လာခဲ့ပါတယ္။ ေကာင္မေလးဟာ မ်က္မွန္တပ္ရတာ အဆင္မေျပတဲ့အတြက္ ေနာက္ဆံုးမွာေတာ့ ကေလးရဲ႕ မ်က္စိကို ခြဲစိတ္ကုသခဲ့ပါတယ္။

အခုဆိုရင္ေတာ့ ကေလးမေလးရဲ႕ မ်က္လံုးအစံုဟာ ခြဲစိတ္ကုသခဲ့ၿပီး ျပန္လည္ေကာင္းမြန္ေနၿပီျဖစ္ပါတယ္။ သို႔ေပမယ့္လည္း ဆရာ၀န္က ကေလးကို တီဗီၾကည့္ခိုင္းတာ၊ စမတ္ဖုန္းသံုးခိုင္းတာမ်ိဳးေတြကို ျပန္မလုပ္ခိုင္းပဲ တားျမစ္ထားဖို႔ မိဘေတြကိုအၾကံေပးထားပါတယ္။ မ်က္စိအျမင္အာရံုဆံုးရံႈးလုနီးနီးျဖစ္ခဲ့တဲ့ သမီးျဖစ္သူရဲ႕ ထိတ္လန္႔ဖြယ္အျဖစ္အပ်က္အၿပီးမွာ ဖခင္ျဖစ္သူဟာ စမတ္ဖုန္း အလြန္အကြ်ံအသံုးျပဳျခင္းရဲ႕ အႏ ၱရာယ္ကို အျခားမိဘေတြလည္း သိေစဖို႔ သတိေပးခဲ့ပါတယ္။

One To One ကေလးလူနာကူညီေရး

Unicode

စမတ်ဖုန်း အလွန်အကျွံသုံးလို့ မျက်လုံးအမြင်ချို့ယွင်းသွားရတဲ့ (၄) နှစ်သမီးလေး

ကြိုးမဲ့လျှပ်စစ်ပစ္စည်းတွေဟာ ယနေ့ခေတ် လူ့ဘောင်မှာ မရှိမဖြစ်သုံးနေရတဲ့ ပစ္စည်းတွေ ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီလိုအီလက်ထရောနစ်ပစ္စည်းတွေဟာ လူ့ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြာရောင်အလင်းတွေ ထုတ်လွှတ်တယ်ဆိုတာကိုတော့ သိရှိသူ နည်းပါးပါတယ်။ လူ့မျက်လုံးဟာ ၄င်းအပြာရောင်အလင်းတွေနဲ့ အချိန်အကြာကြီး တွေ့ထိမိတဲ့အခါ အများကြီးထိခိုက်စေပါတယ်။

လက်တွေ့ဘဝမှာလည်း ဖုန်းကထွက်တဲ့ ရောင်ခြည်ကြောင့် မျက်လုံးထိခိုက်ခဲ့ရတဲ့ အသက်(၄) နှစ်အရွယ် ထိုင်းလူမျိုး ကလေးမလေးတစ်ယောက်အကြောင်းကို အခုလိုသိရပါတယ်။ ကလေးမလေးရဲ့ ဖခင်ဖြစ်သူ ဒါချာပြောပုံအရ ကောင်မလေးဟာ အသက်(၂) နှစ်အရွယ် နုနုငယ်ငယ်လေးထဲက ဖုန်းကို သုံးခဲ့ကြောင်း သိရပါတယ်။ တဖြည်းဖြည်းနဲ့ စမတ်ဖုန်းမသုံးရရင် မနေနိုင်အောင် စွဲလန်းလာပြီး အသက်(၄) နှစ်ရောက်တဲ့အခါမှာတော့ lazy eye သို့မဟုတ် amblyopia လို့ခေါ်တဲ့ အမြင်အာရုံချို့ယွင်းတဲ့ဝေဒနာ ရလာခဲ့ပါတယ်။

သမီးဖြစ်သူ မျက်စိမှုန်လာတာကြောင့် ဒါချာက မျက်မှန်တပ်ပေးခဲ့ပေမယ့် မရခဲ့ပါဘူး။ ကလေးမလေးရဲ့ မျက်လုံးဝေဒနာဟာ တစ်နေ့တစ်ခြားသာ ပိုပြီး ဆိုးဝါးလာခဲ့ပါတယ်။ ထိုအခါကျမှ ဒါချာက ၄င်းရဲ့ သမီးငယ်ဟာ စမတ်ဖုန်းကို အချိန်အကြာကြီးသုံးတဲ့အပြင် စမတ်ဖုန်းကထွက်တဲ့ အလင်းအားကြောင့် မျက်စိချို့ယွင်းလာမှန်း သဘောပေါက်လာခဲ့ပါတယ်။ ကောင်မလေးဟာ မျက်မှန်တပ်ရတာ အဆင်မပြေတဲ့အတွက် နောက်ဆုံးမှာတော့ ကလေးရဲ့ မျက်စိကို ခွဲစိတ်ကုသခဲ့ပါတယ်။

အခုဆိုရင်တော့ ကလေးမလေးရဲ့ မျက်လုံးအစုံဟာ ခွဲစိတ်ကုသခဲ့ပြီး ပြန်လည်ကောင်းမွန်နေပြီဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဆရာဝန်က ကလေးကို တီဗီကြည့်ခိုင်းတာ၊ စမတ်ဖုန်းသုံးခိုင်းတာမျိုးတွေကို ပြန်မလုပ်ခိုင်းပဲ တားမြစ်ထားဖို့ မိဘတွေကိုအကြံပေးထားပါတယ်။ မျက်စိအမြင်အာရုံဆုံးရှုံးလုနီးနီးဖြစ်ခဲ့တဲ့ သမီးဖြစ်သူရဲ့ ထိတ်လန့်ဖွယ်အဖြစ်အပျက်အပြီးမှာ ဖခင်ဖြစ်သူဟာ စမတ်ဖုန်း အလွန်အကျွံအသုံးပြုခြင်းရဲ့ အန ္တရာယ်ကို အခြားမိဘတွေလည်း သိစေဖို့ သတိပေးခဲ့ပါတယ်။

One To One ကလေးလူနာကူညီရေး