သိန္းတစ္ေသာင္းခြဲ ကံထူးရွင္ ကိုဝင္းေက်ာ္ရဲ႕ထူးျခားခ်က္မ်ား

566

သိန္းတစ္ေသာင္းခြဲ ကံထူးရွင္ ကိုဝင္းေက်ာ္ရဲ႕ထူးျခားခ်က္မ်ား

(၄.၆.၂၀၁၉) ApannPyay

ကိုဝင္းေက်ာ္ရဲ႕ ေမြးရပ္ေျမျဖစ္တဲ့ စစ္ကိုင္းတုိင္း ျမင္းမူၿမိဳ႕နယ္ ထိန္ကန္ေက်းရြာဆိုတာ အညာေဒသမို႔ မ်ားေသာအားျဖင့္ အရင္တုန္းက Without ကားေတြစီးၾကတယ္..။ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေသာ ရြာနီးနားက ေက်ာင္းေတြမွာလည္း သိန္း ေလးငါး ေျခာက္ဆယ္တန္ ကားမ်ိဳးေတြကို စီးၾကတယ္ ဆရာေတြအတြက္ လွဴၾကတာမ်ားတယ္။

ဒီေတာ့ ကိုဝင္းေက်ာ္ဟာ ဟိုအရင္ကတည္းက ဆရာေတာ္ထံ ကားလွဴခ်င္တဲ့ ဆႏၵေၾကာင့္ ကြမ္းယာေရာင္းရင္း ဆုထားတဲ့ေငြပိုေလး ၅ သိန္းကို ဆရာေတာ္ကားဝယ္ရင္ ျဖည့္ဖို႔ဆိုၿပီး လွဴထားတာရွိတယ္လို႔ သိရတယ္။

ေငြ သိန္းေလးငါးေျခာက္ဆယ္ဆိုရင္ ေတာမွာစီးဖုိ႔ ကားတစ္စီးေကာင္းေကာင္းရတယ္ဆိုေတာ့ ေငြငါးသိန္းကလည္း ဆရာေတာ္ဝယ္မယ့္ကားအတြက္ အသင့္အတင့္ အားျဖစ္ေစတာေပါ့။

အဲ့လို စိတ္ကူးေတြ ဆႏၵေတြ ရွိေနခဲ့တဲ့ ကိုဝင္းေက်ာ္ အခုေတာ့ ApannPyay ပရိသတ္ႀကီး သိထားတဲ့ အတုိင္းပဲ အျမင့္ဆံုး ေအာင္ဘာေလထီ သိန္းတစ္ေသာင္းခြဲဆုႀကီးကို ေပါက္သြားၿပီဆိုေတာ့ ကိုဝင္းေက်ာ္ရဲ႕ ကံတရားကို အဓိကထားလို႔ ဆရာေတာ္ကံ ရပ္ရြာရဲ႕ ကံတရားေတြဟာ ျမင့္တက္ကာ အက်ိဳးေပးလာတယ္လို႔ ေျပာလုိ႔ရပါတယ္။

ရြာဦးေက်ာင္းဆရာေတာ္အတြက္ သိန္း ေလးငါးေျခာက္ဆယ္တန္ကားအစား သိန္းရာေက်ာ္တန္ကားကို ဝယ္လွဴႏုိင္ပါၿပီ။

ရြာဦးေက်ာင္းအတြက္ ကားလွဴၿပီးရံုနဲ႔ ကိုဝင္းေက်ာ္ မေက်နပ္ႏုိင္ေသးပါဘူး။ ဆြမ္းစားက်ာင္း ဒါမွမဟုတ္ ဓမၼာ႐ုံတစ္ခုခု ေဆာက္လႉဦးမယ္။ သားနွစ္ေယာက္အတြက္ ရွင္ျပဳအလႉႀကီးလုပ္မယ္ လို႔လည္း သိထားရပါတယ္။

သိန္းတစ္ေသာင္းခြဲ ဆုရွင္ ကိုဝင္းေက်ာ္ရဲ႕ အိပ္ရွင္မကလည္း မုံရြာဘက္လို႔သိရပါတယ္။ အိမ္ရွင္မရဲ႕ ရပ္ရြာမွာလည္း လႉႀကီးတန္းႀကီး လုပ္ဦးမယ္လို႔လည္း သိရပါတယ္။

ဒါ့ေၾကာင့္ ကိုဝင္းေက်ာ္ ကံထူးကာ သိန္းတစ္ေသာင္းခြဲ ဆုႀကီးေပါက္သြားတာဟာ ေဆြမ်ိဳးသားခ်င္းေတြ အတြက္ ရပ္ရြာအတြက္ တစ္ဖက္တစ္လမ္းက အက်ိဳးျပဳမွာမို႔ မလြဲဧကန္ အားလံုးကံထူးၾကတယ္လို႔ ေျပာႏိုင္ပါတယ္။ ေလးစားစြာျဖင့္…ApannPyay

Unicode

သိန်းတစ်သောင်းခွဲ ကံထူးရှင် ကိုဝင်းကျော်ရဲ့ထူးခြားချက်များ

(၄.၆.၂၀၁၉) ApannPyay

ကိုဝင်းကျော်ရဲ့ မွေးရပ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထိန်ကန်ကျေးရွာဆိုတာ အညာဒေသမို့ များသောအားဖြင့် အရင်တုန်းက Without ကားတွေစီးကြတယ်..။ တစ်ချို့တစ်ချို့သော ရွာနီးနားက ကျောင်းတွေမှာလည်း သိန်း လေးငါး ခြောက်ဆယ်တန် ကားမျိုးတွေကို စီးကြတယ် ဆရာတွေအတွက် လှူကြတာများတယ်။

ဒီတော့ ကိုဝင်းကျော်ဟာ ဟိုအရင်ကတည်းက ဆရာတော်ထံ ကားလှူချင်တဲ့ ဆန္ဒကြောင့် ကွမ်းယာရောင်းရင်း ဆုထားတဲ့ငွေပိုလေး ၅ သိန်းကို ဆရာတော်ကားဝယ်ရင် ဖြည့်ဖို့ဆိုပြီး လှူထားတာရှိတယ်လို့ သိရတယ်။

ငွေ သိန်းလေးငါးခြောက်ဆယ်ဆိုရင် တောမှာစီးဖို့ ကားတစ်စီးကောင်းကောင်းရတယ်ဆိုတော့ ငွေငါးသိန်းကလည်း ဆရာတော်ဝယ်မယ့်ကားအတွက် အသင့်အတင့် အားဖြစ်စေတာပေါ့။

အဲ့လို စိတ်ကူးတွေ ဆန္ဒတွေ ရှိနေခဲ့တဲ့ ကိုဝင်းကျော် အခုတော့ ApannPyay ပရိသတ်ကြီး သိထားတဲ့ အတိုင်းပဲ အမြင့်ဆုံး အောင်ဘာလေထီ သိန်းတစ်သောင်းခွဲဆုကြီးကို ပေါက်သွားပြီဆိုတော့ ကိုဝင်းကျော်ရဲ့ ကံတရားကို အဓိကထားလို့ ဆရာတော်ကံ ရပ်ရွာရဲ့ ကံတရားတွေဟာ မြင့်တက်ကာ အကျိုးပေးလာတယ်လို့ ပြောလို့ရပါတယ်။

ရွာဦးကျောင်းဆရာတော်အတွက် သိန်း လေးငါးခြောက်ဆယ်တန်ကားအစား သိန်းရာကျော်တန်ကားကို ဝယ်လှူနိုင်ပါပြီ။

ရွာဦးကျောင်းအတွက် ကားလှူပြီးရုံနဲ့ ကိုဝင်းကျော် မကျေနပ်နိုင်သေးပါဘူး။ ဆွမ်းစားကျာင်း ဒါမှမဟုတ် ဓမ္မာရုံတစ်ခုခု ဆောက်လှူဦးမယ်။ သားနှစ်ယောက်အတွက် ရှင်ပြုအလှူကြီးလုပ်မယ် လို့လည်း သိထားရပါတယ်။

သိန်းတစ်သောင်းခွဲ ဆုရှင် ကိုဝင်းကျော်ရဲ့ အိပ်ရှင်မကလည်း မုံရွာဘက်လို့သိရပါတယ်။ အိမ်ရှင်မရဲ့ ရပ်ရွာမှာလည်း လှူကြီးတန်းကြီး လုပ်ဦးမယ်လို့လည်း သိရပါတယ်။

ဒါ့ကြောင့် ကိုဝင်းကျော် ကံထူးကာ သိန်းတစ်သောင်းခွဲ ဆုကြီးပေါက်သွားတာဟာ ဆွေမျိုးသားချင်းတွေ အတွက် ရပ်ရွာအတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုမှာမို့ မလွဲဧကန် အားလုံးကံထူးကြတယ်လို့ ပြောနိုင်ပါတယ်။ လေးစားစွာဖြင့်…ApannPyay