ဒေါင်းပုံပါတဲ့ ရှေးဟောင်း ဒင်္ဂါးများ အစုလိုက်အပြုံလိုက် တစ်နေရာထဲမှာ ရရှိ

987

ဒင်္ဂါးများအစုလိုက်အပြုံလိုက်တစ်နေရာထဲမှာ ရရှိခဲ့ကြောင့် Ko Sai အကောင့်ပိုင်ရှင်မှ တင်ပြထားခြင်းကို ပြန်လည်မျှဝေပေးလိုက်ပါသည်။ ကိုစိုင်းမှ လူငယ်များ ဘိုးဘွားအမွေနှစ်ထိန်းသိမ်းလိုစိတ်ဖြစ်လာစေရန် ရည်သန်ပါသည် လို့ တင်ပြထားခြင်းဖြစ်ပါသည်။

လူငယ်များဘိုဘွားအမွေနှစ်ထိန်းသိမ်းလိုစိတ်ဖြစ်လာစေရန် ရည်သန်ပါသည်

ည-၉ နာရီအချိန် မန္တလေး ကရဝိတ်စားသောက်ဆိုင်မှာ သူငယ်ချင်းနဲ့ညစာ စားနေတဲ့တုန်း ဖုန်းနံပါတ်အစိမ်းတစ်ခုမှဖုန်းဝင်လာတယ်,

ကိုစိုင်းလင်းလားခင်ဗျ?

ဟုတ်ပါတယ် စိုင်းလင်းပါ

ဘယ်သူပါလည်း?

ကျွှန်တော် မော်လူးအနောက်ဖက် “ငပြေအင်းရွှာ”ကပါ

ကိုစိုင်းလင်းရှေးဟောင်း ဒင်္ဂါးတွေစုတယ်ဆိုတာ ဖေ့ဘွတ်မှာတွေ့လို့ ဖုန်းဆက်လိုက်တာပါ,ကျွှန်တော်မှာ ရွှာနားချောင်းထဲက ငါးမျှားရင်းရထားတဲ့ ဒေါင်းပုံပါတဲ့ ငွေဒင်္ဂါအပြား(၅၀၀)ကျော် ရှိတယ် တစ်ပြား-၃၀၀၀၀ ရရင်ရောင်းမယ်-အပြား(၅၀၀)ကျော်လုံးယူမယ်ဆိုရင် ပိုက်ဆံယူပီး ဒီညတစ်ခါတည်းတက်လာခဲ့,မင်းကိုလည်း ငါမသိဘူး မင်းမှာတကယ်ရှိ/မရှိလည်းငါမသိဘူး

ငါကိုဓါတ်ပုံရိုက်ပီး Viberကနေပုံပို့လိုက်,ပုံကြည့်ပီး ငါပြန်ဆက်မယ်, ၅မိနစ်နေတော့ Viber ထဲ ဓါတ်ပုံရောက်လာတယ်,ကြည့်လိုက်တော့ မျက်လုံးပြူးသွားတယ်,ဖုန်းပြန်ဆက်လိုက်တယ် ငါခုချက်ချင်းတက်ခဲ့မယ်,မနက်မိုးလင်းတာနဲ့ရောက်မယ်,မင်းဒေသလုံခြုံရေး မင်းတာဝန်ယူ ပြောပီးတက်ဖို့အသင့်ပြင်တယ်,

အချိန်ကြည့်လိုက်တော့ ည-၁၀နာရီခွဲ,လက်ထဲရှိသလောက်ပိုက်ဆံအကုန်ထည့် cheque စာအုပ်ပါယူပီး သူငယ်ချင်းနဲ့ (၂)ယောက်ထဲတက်သွားတယ်,တစ်ယောက်တစ်လှည့်မောင်းရင်း မနက်(၄)နာရီလောက် မော်လူးကိုရောက်တယ်,မိတ်ဆွေဒေသခံတစ်ယောက်ဝင်ခေါ်ပီး သူတို့ပြောတဲ့ ငပြေအင်းရွှာကို မြေပုံထောက်ကြည့်တော့

KIA အစပ်မှာဖြစ်နေတယ် မိတ်ဆွေကတော့မသွားဖို့တားတယ် တစ်ခု,ခုဆိုဖြစ်အောင်လုပ်တတ်တဲ့ဉာဉ်ကရှိနေတော့ ရအောင်သွားဖို့လုပ်တယ် မော်လူးအနောက်ဖက် တောကြားတောင်ကြား ချောင်းသေး ချောင်ကြီးဖြတ်လို့ သူတို့ပြောတဲ့ ငပြေအင်းရွှာကိုရောက်သွားတယ် လမ်းမှာလည်း သူငယ်ချင်းနဲ့တိုင်ပင်သွားတယ်

ဟိုရောက်ရင် မင်းကားပေါ်ကမဆင်းနဲ့ ကားစက်လည်းမသတ်နဲ့ ငါ့အခြေနေကိုကြည့်နေ ငါပြေးလာတာနဲ့ မင်းကားတံခါးကို (remote)နဲ့ဖွင့်(Alphard)ကား တံခါးတစ်ချပ်က remote ပါတယ်,ငါကားပေါ်ရောက်တာနဲ့ဘယ်သူတား တားမရပ်နဲ့ ရှေ့ကတားတဲ့သူရှိလည်းတိုက်ပီးလွတ်အောင်သာမောင်း လို့တိုင်ပင်သွားရင်း အလင်းရောင်လာစမှာ

“ကဒူးကနန်း”လူမျိုးတွေနေတဲ့ ငပြေအင်းရွှာကိုရောက်တယ်,ရွှာထိပ်ရောက်တော့ လူအယောက်(၂၀)လောက်လာစောင့်နေတာတွေ့တယ် ကျွှန်တော့်သူငယ်ချင်းမျက်နှာ သွေးမရှိတော့ဘူး ကျွှန်တော်ဆီ ဖုန်ဆက်တဲ့သူနာမည်မေးလိုက်တော့ လူငယ်တစ်ယောက်ထွက်လာတယ်-

ကိုစိုင်းလင်းလား! လာကျွှန်တော်တို့ရွှာဦး ဘုန်းကြီးကျောင်းသွားမယ် ကျွှန်တော့်ဆိုင်ကယ်နောက်ကလိုက်ခဲ့, သူ့ဆိုင်ကယ်နောက်ကလိုက်သွားရင် ရွှာဦးဘုန်းကြီးကျောင်းကိုရောက်တယ်-ရွှာနဲ့မလိုက်အောင် ကြီးမားပီးရှေးဟောင်းလက်ရာတွေနဲ့ပြည့်နက်နေတဲ့ဘုန်းကြီးကျောင်းအကြီး ကြီးကိုတွေ့လိုက်ရတယ်

ကျွှန်တော်တစ်ယောက်ထဲ ဘုန်းကြီးကျောင်းပေါ်တက်လိုက်သွားတယ် လက်ထဲမှာတော့ ဆောင်နေကြ ဓါးတိုလေးကိုအသင့်ကိုင်ထားတာပေါ့,ဘုန်းကြီးကျောင်းပေါ်ရောက်တော့ ဆရာတော်မှ မစိုးရိမ်ဖို့အကြောင်းနှင့် ကိုစိုင်းလုံခြုံရေးအတွက်ဆရာတော်မှတာဝန်ယူကြောင်း ပစ္စည်းလာပြမည့်ကလေးတွေလည်းခေါ်ထားကြောင်း

ယခုပစ္စည်ပိုင်ရှင်ကလေးများက ဖားကန့်မှာကျောက်တူးတဲ့ကလေးများဖြစ်ကြောင်း ပီးခဲ့တဲ့ တစ်လလောက်က ရွှာမြောက်ဖက် ချောင်းထဲမှာ ငါးသွားမျှားရင်း ကျောက်လုပ်ကွက်တစ်ခုမှ မြေတူးစက်ဖြင့် ကျောက်ကျင်းနေရာ လာသတ်မှတ်ထားသည့်နေရာမှ မြေပြိုပီး ယခုဒင်္ဂါးများထည့်ထားတဲ့ မြေအိုးမှာပဲ့ကြပီး

ဒင်္ဂါးများချောင်းအတွင်း ပြုတ်ကြနေတာတွေ့ပီးကောက်ယူလာတာဖြစ်ကြောင်း တန်ဖိုးလည်းနားမလည်းကြောင်း အတုအစစ်မှန်းလည်းမသိကြောင်း ဒါကြောင့်ရှေးဟောင်းဝါသနာပါတဲ့ ဦးဇင်းမှ ဦးစိုင်းကို TV မှာလည်းမြင်ဖူးတဲ့အကြောင်း FB မှာလည်းသိတဲ့အကြောင်း ဒါကြောင့်မို့ ဦးစိုင်းလင်းကို ဆက်သွယ်ခြင်းဖြစ်ကြောင်း ပြောပြနေတဲ့အချိန်

အဝတ်စုတ်ဖြင့်ထုပ်ထားတဲ့အထုပ်လေးပိုက်လို့ လူငယ်(၂)ယောက် ကျောင်းပေါ်တက်လာတယ် လက်ထဲကအထုပ်ကလေးခြလို့ ကိုစိုင်းလင်းကိုယ်တိုင်ဖွင့်ကြည့်ပါလို့ပြောတယ်, အထုပ်ဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ ကျွှန်တော့်မျက်လုံးများ မယုံနိင်အောင်ဖြစ်သွားရတယ်

ဒီလို Condition သန့်သော ဒင်္ဂါးများအစုလိုက်အပြုံလိုက်တစ်နေရာထဲမှာအများအပြားမြင်တွေ့လိုက်ရမယ်လို့မျှော်လင့်မထားလိုက်မိဘူး,ဒင်္ဂါးတွေ့ကိုကိုင်ကြည့်နေတဲ့ ကျွှန်တော့်လက်တွေတုန်ရင်နေတာ သတိထားလိုက်မိတယ်,ကျွှန်တော်နဲ့ထိုက်လို့ရောက်လာခဲ့တဲ့ ဘိုးဘွားအမွေနှစ်တွေအကြောင်း ဆက်လက်ရေးသားဖော်ပြပါမည်

ကိုစိုင်း