၅ ႏွစ္သမီးေလးကို ပါးစပ္ပိတ္၊ အဝတ္အစားမ်ားခၽြတ္ကာ လုံးေထြးေနခ်ိန္ ပက္ပင္းမိ

4244

၂၀၁၉ ဇြန္လ ၉ရက္။

မႏၱေလးတိုင္းေဒသႀကီး၊သပိတ္က်င္းၿမိဳ႕နယ္၊ကိုယ္ရင္ေလးေတာင္ ကြက္သစ္ ၈.၆.၂၀၁၉ ရက္ေန႔ ညေန ၅း၃၀ အခ်ိန္ခန္႔တြင္ သက္ငယ္ မဒိန္းမႈ့ျဖစ္ပြားေၾကာင္းသတင္း ရ႐ွိပါတယ္။

အဆိုပါအမႈ့တြင္ အဘ ဦးဖိုးသိန္း အသက္၂၅အရြယ္ ေမာင္ထက္ဆိုသူမွ အသက္ ၅ႏွစ္အရြယ္ မ×××××အား အရက္မူးကာေတာထဲသို႔ေခၚေဆာင္သြားၿပီး အဓၶမျပဳက်င့္ရန္ ၾကံစည္ခဲ့ပါသည္။

ထို႔ေနာက္တြင္ မ×××××၏အဖိုးျဖစ္သူ မွ ေျမးျဖစ္သူအားအိမ္မွာ မေတြ႔သ ျဖင့္ ေတာထဲ၌လိုက္လံ႐ွာေဖြခဲ့ရာ တရားခံ ျဖစ္သူ ေမာင္ထက္ မွ ကေလးငယ္အား ပါးစပ္ပိတ္၊ အဝတ္အစားမ်ားခြၽတ္ကာ လုံး ေထြးေနခ်ိန္တြင္ ေရာက္႐ွိခဲ့ျခင္းျဖစ္ေၾကာင္း

မ×××××၏အဖိုးေျပာျပခ်က္အရသိ႐ွိရပါသည္။ ထို႔ေနာက္ တရားခံ ေမာင္ထက္အား ေျမနီေတာင္ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမႉး ႏွင့္ ရဲတပ္ဖြဲ႔မွ ဇရပ္ကြင္း ရဲကင္းသို႔ ဖမ္းဆီးေခၚေဆာင္ ခဲ့ၾကပါသည္။

ထို႔ေနာက္ ဇရပ္ကြင္း ရဲကင္းမွ ရဲအုပ္မ်ိဳးမင္းလြင္ႏွင့္အဖြဲ႔သည္ တရားခံအား သပိတ္က်င္းျမဳ႕ိနယ္ရဲစခန္း သို႔ပို႔ေဆာင္ခဲ့ၾကသည္။အဆိုပါ တရားခံေမာင္ထက္အား ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၅၁၁ ျဖင့္တရားစြဲဆိုထားေၾကာင္း သိ႐ွိရပါသည္။

ေရႊက်ား(ဇရပ္ကြင္း)

ေရႊျပည္ေတာ္ မႈ့ခင္းႏွင့္သတင္းစုံ ဂ်ာနယ္

Unicode

၂၀၁၉ ဇွန်လ ၉ရက်။

မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းမြို့နယ်၊ကိုယ်ရင်လေးတောင် ကွက်သစ် ၈.၆.၂၀၁၉ ရက်နေ့ ညနေ ၅း၃၀ အချိန်ခန့်တွင် သက်ငယ် မဒိန်းမှု့ဖြစ်ပွားကြောင်းသတင်း ရရှိပါတယ်။

အဆိုပါအမှု့တွင် အဘ ဦးဖိုးသိန်း အသက်၂၅အရွယ် မောင်ထက်ဆိုသူမှ အသက် ၅နှစ်အရွယ် မ×××××အား အရက်မူးကာတောထဲသို့ခေါ်ဆောင်သွားပြီး အဓ္ဓမပြုကျင့်ရန် ကြံစည်ခဲ့ပါသည်။

ထို့နောက်တွင် မ×××××၏အဖိုးဖြစ်သူ မှ မြေးဖြစ်သူအားအိမ်မှာ မတွေ့သ ဖြင့် တောထဲ၌လိုက်လံရှာဖွေခဲ့ရာ တရားခံ ဖြစ်သူ မောင်ထက် မှ ကလေးငယ်အား ပါးစပ်ပိတ်၊ အဝတ်အစားများချွတ်ကာ လုံး ထွေးနေချိန်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း

မ×××××၏အဖိုးပြောပြချက်အရသိရှိရပါသည်။ ထို့နောက် တရားခံ မောင်ထက်အား မြေနီတောင် ရပ်/ကျေး အုပ်ချုပ်ရေးမှူး နှင့် ရဲတပ်ဖွဲ့မှ ဇရပ်ကွင်း ရဲကင်းသို့ ဖမ်းဆီးခေါ်ဆောင် ခဲ့ကြပါသည်။

ထို့နောက် ဇရပ်ကွင်း ရဲကင်းမှ ရဲအုပ်မျိုးမင်းလွင်နှင့်အဖွဲ့သည် တရားခံအား သပိတ်ကျင်းမြို့နယ်ရဲစခန်း သို့ပို့ဆောင်ခဲ့ကြသည်။အဆိုပါ တရားခံမောင်ထက်အား ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့်တရားစွဲဆိုထားကြောင်း သိရှိရပါသည်။

ရွှေကျား(ဇရပ်ကွင်း)

ရွှေပြည်တော် မှု့ခင်းနှင့်သတင်းစုံ ဂျာနယ်