မိုးႀကိဳးပစ္မႈေၾကာင့္ ေက်ာင္းသား/ေက်ာင္းသူ (၈)ဦး လၽွပ္စစ္ စက္ကြင္းမိ

193

တန႔္ဆည္ၿမိဳ႕နယ္ႏွင့္ ေနာင္ခ်ိဳၿမိဳ႕နယ္မ်ားတြင္ မိုးႀကိဳးပစ္ခတ္မႈေၾကာင့္ ေက်ာင္းသား/ေက်ာင္းသူ (၈)ဉီး လၽွပ္စစ္စက္ကြင္းမိ၍ထိတ္လန္႔သတိလစ္ခဲ့ၿပီး ႏြား(၂)ေကာင္ေသဆုံး

ေနျပည္ေတာ္၊ ဇြန္ ၁၂

၂၀၁၉ခုႏွစ္၊ ဇြန္လ ၁၁ ရက္ေန႔ မြန္းလြဲ ၁၂ နာရီ ၄၀ မိနစ္အခ်ိန္တြင္ ေနာင္ခ်ိဳၿမိဳနယ္ အတြင္း မိုးရြာသြန္းၿပီး မိုးႀကိဳးပစ္ခတ္မႈေၾကာင့္ဝါးဘိုးကုန္းေက်းရြာရွိ အေျခခံပညာအလယ္တန္း ေက်ာင္း(ခြဲ) မွ မႏွင္းအိခိုင္(၁၂)ႏွစ္ (သတၱမတန္း) ပါ (၈) ဦး(က်ား ၁၊ မ ၇)မွာ လၽွပ္စစ္စက္ကြင္းမိ၍ ထိတ္လန္႔သတိလစ္(မစိုးရိမ္ရ) ရရွိခဲ့သျဖင့္ ေနာင္ခ်ိဳျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကုသခဲ့ၿပီး ညေန ၅ နာရီ ၅၅ မိနစ္အခ်ိန္တြင္ ေမာင္ေဝယံၿဖိဳး(၁၁)ႏွစ္ (ဆ႒မတန္း)ပါ ၅ ဦးမွာ က်န္းမာေရး ေကာင္းမြန္လာသျဖင့္ ေဆး႐ုံမွျပန္ဆင္းခဲ့ေၾကာင္းႏွင့္ မႏွင္းအိခိုင္ပါ မ (၃) ဦးမွာ ဆက္လက္ ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း သတင္းရရွိသည္။

အလားတူ ဇြန္လ ၁၁ ရက္ေန႔ မြန္းလြဲ ၁ နာရီအခ်ိန္ တန္႔ဆည္ၿမိဳ႕နယ္အတြင္း မိုးရြာသြန္းၿပီး မိုးႀကိဳးပစ္ခတ္မႈေၾကာင့္ေအာင္စြာေက်းရြာ၌ ႏြား ၂ ေကာင္ မိုးႀကိဳးထိမွန္ ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။ ရဲဇာနည္

Unicode

တန့်ဆည်မြို့နယ်နှင့် နောင်ချိုမြို့နယ်များတွင် မိုးကြိုးပစ်ခတ်မှုကြောင့် ကျောင်းသား/ကျောင်းသူ (၈)ဉီး လျှပ်စစ်စက်ကွင်းမိ၍ထိတ်လန့်သတိလစ်ခဲ့ပြီး နွား(၂)ကောင်သေဆုံး

နေပြည်တော်၊ ဇွန် ၁၂

၂၀၁၉ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် နောင်ချိုမြိုနယ် အတွင်း မိုးရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့်ဝါးဘိုးကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) မှ မနှင်းအိခိုင်(၁၂)နှစ် (သတ္တမတန်း) ပါ (၈) ဦး(ကျား ၁၊ မ ၇)မှာ လျှပ်စစ်စက်ကွင်းမိ၍ ထိတ်လန့်သတိလစ်(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် နောင်ချိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး ညနေ ၅ နာရီ ၅၅ မိနစ်အချိန်တွင် မောင်ဝေယံဖြိုး(၁၁)နှစ် (ဆဋ္ဌမတန်း)ပါ ၅ ဦးမှာ ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဆေးရုံမှပြန်ဆင်းခဲ့ကြောင်းနှင့် မနှင်းအိခိုင်ပါ မ (၃) ဦးမှာ ဆက်လက် ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။

အလားတူ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် တန့်ဆည်မြို့နယ်အတွင်း မိုးရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့်အောင်စွာကျေးရွာ၌ နွား ၂ ကောင် မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ရဲဇာနည်