ပင်လယ်ကမ်းခြေက လှိုင်းလုံးကြီးတွေကြားမှး သူ့ရင်ထဲက စကားတွေကို ပင်လယ်ကြီးကို အော်ပြီးရင်ဖွင့်လိုက်တဲ့သင်းသင်း

1066







unicode

မကြာသေးမီက သင်းသင်းရဲ့ video တစ်ခုက ပရိသတ်တွေကြားမှာ ပျံ့နှံ့လာခဲ့ပြီး အားလုံးက အဲဒီ video ကို သဘောတကျနဲ့ ဝိုင်း share ထားကြလို့ နေရာတိုင်းမှာ သူ့မျက်နှာဆိုသလို facebook news feed မှာ သင်းသင်းရဲ့ မျက်နှာကြီးပဲ သုံးပို့စ်ခြားတစ်ခါလောက်ကို ကြုံတိုင်းတွေ့နေရတာဖြစ်ပါတယ်။

အဲဒီ video ကတော့ သင်းသင်းက ကမ်းခြေမှာရိုက်ထားတဲ့ video အတိုလေးဖြစ်ပြီး Video ထဲမှာ သင်းသင်းက သူပြောချင်တာတွေကိုရင်ဖွင့်ထားခဲ့တာပါ။

အဲဒီ video ကို သင်းသင်းကသူမရဲ့ Tiktok မှာ တင်ထားပြီး ခဏတွင်းချင်းပဲ လူမှုကွန်ယက်တော်တော်များများမှာ video က ပျံ့နှံ့သွားခဲ့တာပါ။

Video ထဲမှာ သင်းသင်းက ပင်လယ်ကမ်းခြေက လှိုင်းလုံးကြီးတွေကြားမှာ ရပ်နေပြီး သူ့ရင်ထဲက စကားတွေကို ပင်လယ်ကြီးကို အော်ကြီးဟစ်ကျယ်နဲ့ရင်ဖွင့်နေခဲ့တာပါ။

သင်းသင်းက ပါးစပ်နားမှာ လက်ဖဝါးနှစ်ခုကပ်ပြီး “ပင်လယ်ကြီးကို မုန်းတယ်။ မိုးရေတွေကိုလည်း အရမ်းမုန်းတယ်…အချို့အချို့လူတွေကိုလည်း အရမ်းမုန်းတယ်။ အားလုံးကိုမုန်းတယ်”လို့ အကျယ်ကြီးအော်ပြောနေတာတွေ့ရပါတယ်။

ပရိသတ်တော်တော်များများက သင်းသင်းရဲ့ Video ကို သူတို့ရဲ့ခံစားချက်နဲ့တူတယ်ဆိုပြီး Share ထားကြတာဖြစ်ပါတယ်။