အနုပညာလုပ်ရတာ အခြေအနေမကောင်းလို့ ချောင်းသာမှာ ငါးကင်ရောင်းနေတာဆိုတဲ့ သင်းသင်း
1081
unicode
အလှမယ်သင်းသင်းဟာဆိုရင် ဝေဠုကျော်နဲ့အရှုပ်အရှင်းတွေဖြစ်ရာကနေစပြီး နာမည်ကြီးလာခဲ့တာဖြစ်ပြီး အားပေးထောက်ခံသူတွေနဲ့ သင်းသင်းအတွက်ရပ်တည်တဲ့ပရိသတ်တွေရှိလာခဲ့တာပါ။
သင်းသင်းကအခုဆိုရင်အနုပညာလမ်းကြောင်းပေါ်မှာ တည်တည်ငြိမ်ငြိမ်လျှောက်လှမ်းနေခဲ့ပြီဖြစ်ပြီး သင်းသင်းကိုအားပေးတဲ့ပရိသတ်တွေကလည်း တစ်နေ့တစ်ခြားများပြားလာတယ်လို့ပြောလို့ရပါတယ်။
မကြာသေးမီက သင်းသင်းရဲ့ video တစ်ခုက ပရိသတ်တွေကြားမှာ ပျံ့နှံ့လာခဲ့ပြီး အားလုံးက အဲဒီ video ကို သဘောတကျနဲ့ ဝိုင်း share ထားကြလို့ နေရာတိုင်းမှာ သူ့မျက်နှာဆိုသလို facebook news feed မှာ သင်းသင်းရဲ့ မျက်နှာကြီးပဲ သုံးပို့စ်ခြားတစ်ခါလောက်ကို ကြုံတိုင်းတွေ့နေရတာဖြစ်ပါတယ်။
အဲ့ video ကတော့ အလှမယ် သင်းသင်းက ကမ်းခြေမှာ ရိုက်ကူးထားတဲ့ video လေးပဲ ဖြစ်ပါတယ်။ရုပ်ရှင်ဆန်ဆန် ဈေးသည်တစ်ယောက် ဟန်ပန်နဲ့ သူမရဲ့ သရုပ်ဆောင်မှုတွေကို ဖော်ပြထားတဲ့ video file လေးပဲဖြစ်ပါတယ်။
သူမဟာ တစ်ကယ့် ဈေးသူမတစ်ယောက်ပုံစံနဲ့ ဈေးလိုက်ရောင်းနေတဲ့ မြင်ကွင်းပုံစံကို ရိုက်ကူးထားတာတဲ့ video ကို တင်ပြလိုက်ရပါတယ်။ပရိသတ်ကြီးရော သင်းသင်းကိုအားပေးကြလား။ သင်းသင်းရဲ့ နောက်ထပ်လုပ်မယ့်အနုပညာတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။