
635







unicode version

ထီဆုကြီးနှစ်ဆုကို ဆွတ်ခူးရရှိသွားခဲ့တဲ့ နှင်းဆီအဖွဲ့သားများ……..ပရိသတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တွေပေါင်းစုကာ ဖွဲ့စည်းထားတဲ့ အငြိမ့်အဖွဲ့လေးကတော့ နှင်းဆီအဖွဲ့လေးပဲ ဖြစ်ပါတယ်။

ထိုအဖွဲ့လေးမှာ နိုင်ငံကျော်မင်းသားများစွာပါဝင်ကြပြီး သူတို့အဖွဲ့ရဲ့ပြက်လုံးတွေဟာလည်း ပရိသတ်တွေ မရီဘဲမနေနိုင်အောင်ကို ပြောင်မြောက်လွန်းတာပါ။

သူတို့အဖွဲ့လေးဟာ အနုပညာလောကမှာ နေရာအသီးသီးတွင် အောင်မြင်နေကျတဲ့သူတွေပဲ ဖြစ်ပြီး လူရွှင်တော်အလုပ်ကို ဝါသနာအရဖွဲ့စည်းထားတဲ့ အငြိမ့်အဖွဲ့လေးပါ။

ဒါ့အပြင် နှင်းဆီရင်ခွင်လူမှုရေးဖောင်ဒေးရှင်းကို တည်ထောင်ထားကာ ပရဟိတလုပ်ငန်းတွေကို တစ်တပ်တစ်အားလုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က ဝမ်းသာစရာသတင်းတစ်ခုကို ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ” နှင်းဆီရင်ခွင် ၏ ပရဟိတလုပ်ငန်းများအတွက်

ရည်ရွယ်၍- အမည်မဖော်လိုသူ အလှုရှင်တစ်ဦးမှ လစဉ် ထီလက်မှတ်များ လှုဒါန်းခဲ့ရာယခုလတွင် (၅၀,၀၀၀) ဆု နှစ်ဆု ဆွတ်ခူးရရှိပါသည်။ ” ဆိုပြီး ဝေမျှထားတာပဲ ဖြစ်ပါတယ်။ Source- နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်း