ကားခ်င္းခ်ိတ္မိျပီး ယာဥ္ေမတာ္တဆ ျဖစ္ခဲ႔သူ ႏွစ္ဦးရဲ႕ တစ္မ်ိဳးစီ လွပေနတဲ႔ စိတ္ဓာတ္

1239

ဒီေန႔ျမန္မာႏိုင္ငံမွာ ျပသနာ ေသးေသးေလးကေန ႏွစ္ဦး ႏွစ္ဖက္ မာန္တက္ျပီး အေလွ်ာ့မေပးၾကလို႔ လူသတ္မႈအထိ ျဖစ္ေနတာေတြကို စိတ္မေကာင္းစရာ ေတြ႔ျမင္ေနရပါတယ္…..

ျပီးခဲ႔တဲ႔ ရက္ေတြကလည္း ေျမႏုကၽြန္းလုၾကတဲ႔ ကိစၥေၾကာင့္ လူ (၃၀) ေက်ာ္ ေသတဲ႔အထိ ျဖစ္ခဲ႔တာ တကယ္ကို စိတ္မေကာင္းစရာပါပဲ. . .ဒါေတြဟာ ျပသနာတစ္ခုကို မွန္ကန္တဲ႔ နည္းလမ္းနဲ႔ မေျဖရွင္းဘဲ ေဒါသေရွ႕ထားၾကလို႔ မျဖစ္သင့္တာေတြ ျဖစ္ခဲ႔ရတာပါ…..

ဒီလို ျပသနာတက္တဲ႔ကိစၥေတြနဲ႔ ပတ္သတ္လို႔ ဒီေန႔ Facebook မွာ တက္လာတဲ႔ သင္ခန္းစာယူဖြယ္ ဗီဒီယိုတစ္ခု အေၾကာင္း ေျပာျပခ်င္ပါတယ္. ..ဒီဗီဒီယိုေလးမွာ ယာဥ္မေတာ္တဆမႈ ျဖစ္တဲ႔သူ ႏွစ္ဦးစလံုးရဲ႕ လွပတဲ႔ စိတ္ထား တစ္မ်ိဳးစီကို ေတြ႔ျမင္ရမွာျဖစ္ပါတယ္…..

သူတို႔ႏွစ္ေယာက္ဟာ လမ္းေပၚမွာ ကားေမာင္းလာရင္း မေတာ္တဆ ကားခ်င္း ပြတ္ခဲ႔မိၾကပါတယ္. ..ဒီလိုျဖစ္တဲ႔အခ်ိန္မွာ တစ္ေယာက္ကေတာ့ ေဒါသထြက္ျပီး ဆူပူေျပာဆိုေနပါတယ္….

ဒါေပမယ့္ တစ္ေယာက္ကေတာ့ ဒီလိုျဖစ္တာဟာ သူ႔အမွားလို႔ ယူဆျပီး သူ႔ကားနဲ႔ ခ်ိတ္မိလို႔ ေဒါသထြက္ေနတဲ႔ ယာဥ္ပိုင္ရွင္ကို ေဒါသနဲ႔မတုန္႔ျပန္ဘဲ ညီရင္းအစ္ကိုေတြလို သေဘာထားျပီး ဖက္လွဲတကင္းနဲ႔ ေတာင္းပန္ေနတာကို ေတြ႔ရပါတယ္…..

အဲ့လိုေတာင္းပန္လိုက္ေတာ့ ေဒါသထြက္ေနတဲ႔ လူကလည္း ဒီေကာင္ငါ့ကိုေတာင္းပန္ေနျပီ. .သူေဘာ္ဒီကလည္း ငါ့ထက္ေသးတယ္ “တြယ္လိုက္မယ္” ဆိုျပီး အႏိုင္က်င့္တာမ်ိဳး မလုပ္ခဲ႔ပါဘူး..ေတာင္းပန္တာကို လက္ခံျပီး စိတ္ေလွ်ာ့သြားတာကို ေတြ႔ရပါတယ္…..

ဒီလိုေလး ႏွစ္ဦးႏွစ္ဖက္ ေျပလည္သြားေတာ့ ဘယ္ေလာက္ အဆင္ေျပလဲဗ်ာ..ျပသနာေသးေသးေလးကေန ရိုက္မႈ လူသတ္မႈေလာက္အထိ ၾကီးသြားရတာက အမွားလုပ္တဲ႔လူက ကိုယ့္အမွားကို မျမင္ၾကဘဲ အတၱၾကီးေနၾကလို႔ ျဖစ္ၾကတာပါ…အမွားလုပ္မိရင္ေတာင္းပန္လိုက္တာအေကာင္းဆံုးပါဘဲ…..။ ၾကယ္စင္ – မဟာ ေခတ္သစ္မီဒီယာ

unicode

ဒီနေ့မြန်မာနိုင်ငံမှာ ပြသနာ သေးသေးလေးကနေ နှစ်ဦး နှစ်ဖက် မာန်တက်ပြီး အလျှော့မပေးကြလို့ လူသတ်မှုအထိ ဖြစ်နေတာတွေကို စိတ်မကောင်းစရာ တွေ့မြင်နေရပါတယ်…..

ပြီးခဲ့တဲ့ ရက်တွေကလည်း မြေနုကျွန်းလုကြတဲ့ ကိစ္စကြောင့် လူ (၃၀) ကျော် သေတဲ့အထိ ဖြစ်ခဲ့တာ တကယ်ကို စိတ်မကောင်းစရာပါပဲ. . .ဒါတွေဟာ ပြသနာတစ်ခုကို မှန်ကန်တဲ့ နည်းလမ်းနဲ့ မဖြေရှင်းဘဲ ဒေါသရှေ့ထားကြလို့ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတာပါ…..

ဒီလို ပြသနာတက်တဲ့ကိစ္စတွေနဲ့ ပတ်သတ်လို့ ဒီနေ့ Facebook မှာ တက်လာတဲ့ သင်ခန်းစာယူဖွယ် ဗီဒီယိုတစ်ခု အကြောင်း ပြောပြချင်ပါတယ်. ..ဒီဗီဒီယိုလေးမှာ ယာဉ်မတော်တဆမှု ဖြစ်တဲ့သူ နှစ်ဦးစလုံးရဲ့ လှပတဲ့ စိတ်ထား တစ်မျိုးစီကို တွေ့မြင်ရမှာဖြစ်ပါတယ်…..

သူတို့နှစ်ယောက်ဟာ လမ်းပေါ်မှာ ကားမောင်းလာရင်း မတော်တဆ ကားချင်း ပွတ်ခဲ့မိကြပါတယ်. ..ဒီလိုဖြစ်တဲ့အချိန်မှာ တစ်ယောက်ကတော့ ဒေါသထွက်ပြီး ဆူပူပြောဆိုနေပါတယ်….

ဒါပေမယ့် တစ်ယောက်ကတော့ ဒီလိုဖြစ်တာဟာ သူ့အမှားလို့ ယူဆပြီး သူ့ကားနဲ့ ချိတ်မိလို့ ဒေါသထွက်နေတဲ့ ယာဉ်ပိုင်ရှင်ကို ဒေါသနဲ့မတုန့်ပြန်ဘဲ ညီရင်းအစ်ကိုတွေလို သဘောထားပြီး ဖက်လှဲတကင်းနဲ့ တောင်းပန်နေတာကို တွေ့ရပါတယ်…..

အဲ့လိုတောင်းပန်လိုက်တော့ ဒေါသထွက်နေတဲ့ လူကလည်း ဒီကောင်ငါ့ကိုတောင်းပန်နေပြီ. .သူဘော်ဒီကလည်း ငါ့ထက်သေးတယ် “တွယ်လိုက်မယ်” ဆိုပြီး အနိုင်ကျင့်တာမျိုး မလုပ်ခဲ့ပါဘူး..တောင်းပန်တာကို လက်ခံပြီး စိတ်လျှော့သွားတာကို တွေ့ရပါတယ်…..

ဒီလိုလေး နှစ်ဦးနှစ်ဖက် ပြေလည်သွားတော့ ဘယ်လောက် အဆင်ပြေလဲဗျာ..ပြသနာသေးသေးလေးကနေ ရိုက်မှု လူသတ်မှုလောက်အထိ ကြီးသွားရတာက အမှားလုပ်တဲ့လူက ကိုယ့်အမှားကို မမြင်ကြဘဲ အတ္တကြီးနေကြလို့ ဖြစ်ကြတာပါ…အမှားလုပ်မိရင်တောင်းပန်လိုက်တာအကောင်းဆုံးပါဘဲ…..။ ကြယ်စင် – မဟာ ခေတ်သစ်မီဒီယာ