ျပည္လမ္း ၆ မိုင္ခြဲတြင္ ကားတစ္စီးမီးေလာင္ ( ဗီဒီယို )

1012

ျပည္လမ္း ၆ မိုင္ခြဲတြင္ ကားတစ္စီးမီးေလာင္ ( ဗီဒီယို )

ယေန ့( ဇန္နဝါရီ ၂၇ နံနက္ ) ၀၀း၄၅ နာရီဝန္းက်င္ခန္ ့က ရန္ကုန္တိုင္းေဒသၾကီး ျပည္လမ္းမႀကီးေပၚရွိ ၆ မိုင္ခြဲတြင္ကားတစ္စီးမီးေလာင္မွု ့ျဖစ္ပြားခဲ့သည္။

ကားမီးေလာင္မွု ့ကို မ်က္ျမင္ေတြ ့ရွိသူမ်ား၏ အဆိုအရ အဆိုပါ ကားမွာ အရွိန္ျပင္းစြာေမာင္းႏွင္လာခဲ့သည္ဟုယူဆရေၾကာင္း ယခုကဲ့သို ့ အရွိန္မ်ိဳးႏွင့္ျဖစ္စဥ္ၾကံဳေတြ ့ခဲ့ေသာ္လည္း ကားေမာင္းလာသည့္လူငယ္မွာ ေျခေထာက္အနည္းငယ္နာသြားရံုသာရွိေၾကာင္း လူကိုဆြဲထုတ္ႏိုင္ခဲ့ျပီး အဆိုပါလူငယ္ကို သရုပ္ေဆာင္မင္းသားတစ္ဦးႏွင့္ အဆို ေတာ္တစ္ဦးတို ့က ရဲကားေပၚသို ့တင္ေခၚသြားခဲ့သည္ကို ျမင္ေတြ ့ခဲ့ရသည္ဟု ဆိုၾကသည္။

ကားမီးေလာင္ရာသို ့ျမန္မာႏိုင္ငံမီးသတ္ဌာနခ်ဳပ္(MFSD) မွလာေရာက္ျငိမ္းသတ္ေပးခဲ့သလို ရဲတပ္ဖြဲ ့တာဝန္ရွိသူ မ်ားလည္း ေရာက္ရွိလာၾကသည္ဟု သိရသည္။

မီးေလာင္မွု ့ျဖစ္ပြားသည့္ျဖစ္စဥ္ ကားအမ်ိဳးအစားႏွင့္ ထိခိုက္ဒဏ္ရာရွိမွု ့ ပ်က္စီးဆံုးရွံုးမွု ့အေျခအေနမ်ားကိုအတည္ျပဳႏိုင္ရန္ သက္ဆိုင္ရာနယ္ေျမရဲစခန္းသို ့ ဆက္ သြယ္ခဲ့ေသာ္လည္း ဖုန္းေခၚဆို၍ မရခဲ့ေပ။

ျမန္မာႏိုင္ငံမီးသတ္ ရန္ကုန္တိုင္းေဒသၾကီးရဲတပ္ဖြဲ ့ႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ ့၏ Facebook မ်ားမွလည္း ယခု ျဖစ္စဥ္ႏွင့္ပတ္သက္၍ ယေန ့နံနက္ ၇း၃၀ နာရီအထိသတင္းထုတ္ျပန္မွု ့မရွိေသးေပ။Video း Dora The Ladies News

Unicode

ယနေ ့( ဇန်နဝါရီ ၂၇ နံနက် ) ဝ၀း၄၅ နာရီဝန်းကျင်ခန် ့က ရန်ကုန်တိုင်းဒေသကြီး ပြည်လမ်းမကြီးပေါ်ရှိ ၆ မိုင်ခွဲတွင်ကားတစ်စီးမီးလောင်မှု ့ဖြစ်ပွားခဲ့သည်။

ကားမီးလောင်မှု ့ကို မျက်မြင်တွေ ့ရှိသူများ၏ အဆိုအရ အဆိုပါ ကားမှာ အရှိန်ပြင်းစွာမောင်းနှင်လာခဲ့သည်ဟုယူဆရကြောင်း ယခုကဲ့သို ့ အရှိန်မျိုးနှင့်ဖြစ်စဉ်ကြုံတွေ ့ခဲ့သော်လည်း ကားမောင်းလာသည့်လူငယ်မှာ ခြေထောက်အနည်းငယ်နာသွားရုံသာရှိကြောင်း လူကိုဆွဲထုတ်နိုင်ခဲ့ပြီး အဆိုပါလူငယ်ကို သရုပ်ဆောင်မင်းသားတစ်ဦးနှင့် အဆို တော်တစ်ဦးတို ့က ရဲကားပေါ်သို ့တင်ခေါ်သွားခဲ့သည်ကို မြင်တွေ ့ခဲ့ရသည်ဟု ဆိုကြသည်။

ကားမီးလောင်ရာသို ့မြန်မာနိုင်ငံမီးသတ်ဌာနချုပ်(MFSD) မှလာရောက်ငြိမ်းသတ်ပေးခဲ့သလို ရဲတပ်ဖွဲ ့တာဝန်ရှိသူ များလည်း ရောက်ရှိလာကြသည်ဟု သိရသည်။

မီးလောင်မှု ့ဖြစ်ပွားသည့်ဖြစ်စဉ် ကားအမျိုးအစားနှင့် ထိခိုက်ဒဏ်ရာရှိမှု ့ ပျက်စီးဆုံးရှုံးမှု ့အခြေအနေများကိုအတည်ပြုနိုင်ရန် သက်ဆိုင်ရာနယ်မြေရဲစခန်းသို ့ ဆက် သွယ်ခဲ့သော်လည်း ဖုန်းခေါ်ဆို၍ မရခဲ့ပေ။

မြန်မာနိုင်ငံမီးသတ် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ ့၏ Facebook များမှလည်း ယခု ဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ ့နံနက် ၇း၃၀ နာရီအထိသတင်းထုတ်ပြန်မှု ့မရှိသေးပေ။Video းDora The Ladies News

2 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here