စိုးရိမ္စရာ ေျမာက္ဥကၠလာေဆးရံု အေျခအေန

165

ၾသဂုတ္(၇)AlinnMyay(အလင္းေျမ)…. ေရျမဳပ္​မႈ​ေၾကာင္​့ စိုးရိမ္စရာ ေျမာက္ဥကၠလာေဆးရံု အေျခအေန

ဒီ​ေန႔ ျသဂုတ္​လ ၇ ရက္​​ေန႔မွာ ရန္​ကုန္​တုိင္​း​ေဒသႀကီး၊ ​ေျမာက္​ဥကၠလာ​ပ ျပည္​သူ႕​ေဆးရံုျကီးအတြင္​း ​ေရဝင္​​ေရာက္​မႈျဖစ္​ပြားခဲ့ၿပီး ဓာတ္လိုက္မႈေတြ ျဖစ္ေပၚႏုိင္​တဲ့ အႏၱရာယ္​နဲ႔နီးစပ္​ခဲ့​တာဟာ စိုးရိမ္​စရာ​ေကာင္​းခဲ့ပါတယ္​။

ဆရာဝန္​၊ ​ေဆးရံုဝန္​ထမ္​း၊ နဲ႔ လူနာ​ေတြရဲ႕ မ်က္​စိ​ေ႐ွ႕မွာတင္​ပဲ ​ေျမာက္​ဥကၠလာ​ေဆးရံုအတြင္​း ​ေရလ်ွံတက္​လာခဲ့ၿပီး အဲ့ဒီလို ​ေရဝင္​​ေရာက္​မႈ​ေၾကာင္​့ …..

ဗို႔အား ၄၀၀ ႐ွိတဲ့ လ်ွပ္​စစ္​မိန္​းထဲကို ​ေရဝင္​ခါနီးအ​ေျခအ​ေနအထိျဖစ္​ခဲ့သလို အခန္​႔မသင္​့ရင္​ ဓာတ္​လိုက္​မႈအႏၱရာယ္​ျဖစ္​​ေပၚႏိုင္​တဲ့ အ​ေရး​ေပၚကိစၥျဖစ္​ခဲ့ပါတယ္​။

ဆရာဝန္​​ေတြဟာ ​ေရပုပ္​​ေတြၾကားထဲသြားလာ​ကုသ​ေနရရံုမက ​ေရၾကားထဲ အႏၱရာယ္​ထဲ ရင္​တမမနဲ႔ အလုပ္​လုပ္​​ေနခဲ့ရတယ္​လို႔ သိခဲ့ရပါတယ္​။

ဒီျဖစ္​ရပ္​နဲ႔ပတ္​သက္​ၿပီး ဘယ္​အခ်ိန္​အသက္​အႏၱရာယ္​ျဖစ္​မလဲ ရင္​တထိတ္​ထိတ္​ ကိုယ္​​ေတြ႕ၾကံဳလာခဲ့ရတဲ့ ​ေဆးရံုကဆရာဝန္​တစ္​ဦးျဖစ္​တဲ့ ​ေဒါက္​တာစိမ္​းမုိးစက္​က အခုလိုရင္​ဖြင္​့​ေဝဖန္​သြားခဲ့တာ​ေတြ႕ရပါတယ္​။

” ဒီေန႔ ကိုယ္ေတြရဲ႕ ေျမာက္ဥကၠလာေဆးရံု အေျခအေန ”

” တေလာက ေလယာဥ္ဘီးေခ်ာ္စဥ္က လူနာေတြကို ဒီလို ဘာ facility မွမရွိတဲ့ ေဆးရံုမ်ိဴးမွာ မထားနဲ႔၊ ခ်က္ခ်င္း အာယုကိုေျပာင္း ဆိုၿပီး အားခ်င္းေျပာင္းဖို႔ စီစဥ္ခဲ့တာကို သတိရေတာ့ လူႀကီးဆိုတာ တယ္အေမွ်ာ္အျမင္ႀကီးတာပဲ လို႔ စိတ္ထဲမွတ္ရတယ္။ ”

” ဒါေတာင္ ကြီးၿဖိဳး ေတြ႕သြားတုန္းက ခုလိုေရျမဳပ္ရာသီမဟုတ္ေသးဘူး၊ ဒါမ်ိဴးသာကြီးၿဖိဳးေတြ႕ရင္ ဘာေျပာမလဲမသိဘူး။ ေသခ်ာတာေတာ့ သူ႔ foreigners ေတြကို ေဆးရံုထဲေတာင္ ေပးဝင္မွာမဟုတ္ဘူး ”

“ဘြတ္ဖိနပ္ေတြနဲ႔ ညစ္ပတ္ေနတဲ့ေရပုပ္ေတြၾကားထဲ သြားလာၿပီးလူနာၾကည့္တယ္ေနာ္ ၊ main switch နားထိေရကထိေနၿပီ၊ ward ထဲက အကိုက main လာခ်ေပးဖို႔ေျပာေတာ့ လြတ္ပါေသးတယ္ဆိုၿပီး မိန္းမခ်ေပးလို႔ တစ္နာရီေလာက္ ဘယ္အခ်က္ဓာတ္လိုက္မလဲဆိုၿပီး အသက္ဖက္နဲ႔ထုပ္ေနရတဲ့ အခ်ိန္အေၾကာင္းမေျပာေသးဘူး။ ”

“​ေသေတာ့လဲ ၿပီးတာေပါ့၊ ဆရာဝန္မေလးေတြသနားပါတယ္ဆိုၿပီး တစ္ပတ္ေလာက္ facebook ရဲ႕ hot issue ျဖစ္၊ ဌာနဆိုင္ရာကေပးတဲ့ အလႉေငြတစ္သိန္းေလာက္အိမ္ေရာက္လာ၊ တန္ပါတယ္။ ”

​ေျမာက္​ဥကၠလာပၿမိဳ႕နယ္​ မီးသတ္​တပ္​ဖြဲ႕ဟာ ​ဒီ​ေန႔​ေန႔လည္​ခင္​း ၁၂ နာရီမွာ ေျမာက္ဥကၠပၿမိဳ႕နယ္မီးသတ္ဦးစီးမႉး ဦးစီးၿပီး ေျမာက္ဥကၠလာပၿမိဳ႕နယ္မီးသတ္စခန္းက ႐ွာေဖြကယ္ဆယ္ေရးယာဥ္ ၁ စီး ၊ ပရဟိတအသင္းမ်ားရဲ့သူနာတင္ယာဥ္​မ်ား၊

သေႏၶမီးသတ္တပ္ဖြဲ႔ဝင္ ၃၀ ဦး၊ အရန္မီးသတ္တပ္ဖြဲ႔ဝင္ ၂၀ ဦး နဲ႔ ပရဟိတအသင္းအဖြဲ႔သားမ်ားနဲ့အတူ ​ေဆးရံုအတြင္​း​ေရဝင္​​ေရာက္​မႈအ​ေပၚ ​​ လိုအပ္သည္မ်ားကို ကူညီကယ္​ဆယ္​​ေရး လုပ္ေဆာင္​​ေပးခဲ့တယ္​လို႔ ​ေၾကျငာသြားခဲ့ပါတယ္​။ Photo – Sein Moe Set / EFIL-AlinnMyay(အလင္းေျမ)

unicode

သြဂုတ်(၇)AlinnMyay(အလင်းမြေ)…. ရေမြုပ်​မှု​ကြောင်​့ စိုးရိမ်စရာ မြောက်ဥက္ကလာဆေးရုံ အခြေအနေ

ဒီ​နေ့ သြဂုတ်​လ ၇ ရက်​​နေ့မှာ ရန်​ကုန်​တိုင်​း​ဒေသကြီး၊ ​မြောက်​ဥက္ကလာ​ပ ပြည်​သူ့​ဆေးရုံကြီးအတွင်​း ​ရေဝင်​​ရောက်​မှုဖြစ်​ပွားခဲ့ပြီး ဓာတ်လိုက်မှုတွေ ဖြစ်ပေါ်နိုင်​တဲ့ အန္တရာယ်​နဲ့နီးစပ်​ခဲ့​တာဟာ စိုးရိမ်​စရာ​ကောင်​းခဲ့ပါတယ်​။

ဆရာဝန်​၊ ​ဆေးရုံဝန်​ထမ်​း၊ နဲ့ လူနာ​တွေရဲ့ မျက်​စိ​ရှေ့မှာတင်​ပဲ ​မြောက်​ဥက္ကလာ​ဆေးရုံအတွင်​း ​ရေလျှံတက်​လာခဲ့ပြီး အဲ့ဒီလို ​ရေဝင်​​ရောက်​မှု​ကြောင်​့ …..

ဗို့အား ၄၀၀ ရှိတဲ့ လျှပ်​စစ်​မိန်​းထဲကို ​ရေဝင်​ခါနီးအ​ခြေအ​နေအထိဖြစ်​ခဲ့သလို အခန်​့မသင်​့ရင်​ ဓာတ်​လိုက်​မှုအန္တရာယ်​ဖြစ်​​ပေါ်နိုင်​တဲ့ အ​ရေး​ပေါ်ကိစ္စဖြစ်​ခဲ့ပါတယ်​။

ဆရာဝန်​​တွေဟာ ​ရေပုပ်​​တွေကြားထဲသွားလာ​ကုသ​နေရရုံမက ​ရေကြားထဲ အန္တရာယ်​ထဲ ရင်​တမမနဲ့ အလုပ်​လုပ်​​နေခဲ့ရတယ်​လို့ သိခဲ့ရပါတယ်​။

ဒီဖြစ်​ရပ်​နဲ့ပတ်​သက်​ပြီး ဘယ်​အချိန်​အသက်​အန္တရာယ်​ဖြစ်​မလဲ ရင်​တထိတ်​ထိတ်​ ကိုယ်​​တွေ့ကြုံလာခဲ့ရတဲ့ ​ဆေးရုံကဆရာဝန်​တစ်​ဦးဖြစ်​တဲ့ ​ဒေါက်​တာစိမ်​းမိုးစက်​က အခုလိုရင်​ဖွင်​့​ဝေဖန်​သွားခဲ့တာ​တွေ့ရပါတယ်​။

” ဒီနေ့ ကိုယ်တွေရဲ့ မြောက်ဥက္ကလာဆေးရုံ အခြေအနေ ”

” တလောက လေယာဉ်ဘီးချော်စဉ်က လူနာတွေကို ဒီလို ဘာ facility မှမရှိတဲ့ ဆေးရုံမျိူးမှာ မထားနဲ့၊ ချက်ချင်း အာယုကိုပြောင်း ဆိုပြီး အားချင်းပြောင်းဖို့ စီစဉ်ခဲ့တာကို သတိရတော့ လူကြီးဆိုတာ တယ်အမျှော်အမြင်ကြီးတာပဲ လို့ စိတ်ထဲမှတ်ရတယ်။ ”

” ဒါတောင် ကွီးဖြိုး တွေ့သွားတုန်းက ခုလိုရေမြုပ်ရာသီမဟုတ်သေးဘူး၊ ဒါမျိူးသာကွီးဖြိုးတွေ့ရင် ဘာပြောမလဲမသိဘူး။ သေချာတာတော့ သူ့ foreigners တွေကို ဆေးရုံထဲတောင် ပေးဝင်မှာမဟုတ်ဘူး ”

“ဘွတ်ဖိနပ်တွေနဲ့ ညစ်ပတ်နေတဲ့ရေပုပ်တွေကြားထဲ သွားလာပြီးလူနာကြည့်တယ်နော် ၊ main switch နားထိရေကထိနေပြီ၊ ward ထဲက အကိုက main လာချပေးဖို့ပြောတော့ လွတ်ပါသေးတယ်ဆိုပြီး မိန်းမချပေးလို့ တစ်နာရီလောက် ဘယ်အချက်ဓာတ်လိုက်မလဲဆိုပြီး အသက်ဖက်နဲ့ထုပ်နေရတဲ့ အချိန်အကြောင်းမပြောသေးဘူး။ ”

“​သေတော့လဲ ပြီးတာပေါ့၊ ဆရာဝန်မလေးတွေသနားပါတယ်ဆိုပြီး တစ်ပတ်လောက် facebook ရဲ့ hot issue ဖြစ်၊ ဌာနဆိုင်ရာကပေးတဲ့ အလှူငွေတစ်သိန်းလောက်အိမ်ရောက်လာ၊ တန်ပါတယ်။ ”

​မြောက်​ဥက္ကလာပမြို့နယ်​ မီးသတ်​တပ်​ဖွဲ့ဟာ ​ဒီ​နေ့​နေ့လည်​ခင်​း ၁၂ နာရီမှာ မြောက်ဥက္ကပမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးပြီး မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး ၊ ပရဟိတအသင်းများရဲ့သူနာတင်ယာဉ်​များ၊

သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး နဲ့ ပရဟိတအသင်းအဖွဲ့သားများနဲ့အတူ ​ဆေးရုံအတွင်​း​ရေဝင်​​ရောက်​မှုအ​ပေါ် ​​ လိုအပ်သည်များကို ကူညီကယ်​ဆယ်​​ရေး လုပ်ဆောင်​​ပေးခဲ့တယ်​လို့ ​ကြေငြာသွားခဲ့ပါတယ်​။ Photo – Sein Moe Set / EFIL-AlinnMyay(အလင်းမြေ)