ေရမေဆးတစ္ေယာက္ဆီက ၁၀ သိန္းေခၚတဲ႕ ေက်ာက္ကို ၅၀၀၀ ပဲေပးလိုက္တဲ႔ ေလာပန္း

787

ဖားကန္႕ေမွာ္တစ္ခုမွာ ေလာပန္းတစ္ေယာက္အိမ္ အလည္ေရာက္ စကားေျပာေနတုန္း …..

ေရမေဆးတစ္ေယာက္ အတန္သင့္ႀကီးတဲ႕ ေက်ာက္တံုးတစ္တံုး ထမ္းျပီး ဝင္လာတယ္…..

ေရမေဆး – ေလာပန္း ေက်ာက္ၾကည့္ပါ…..

ေလာပန္း – ေအး ဘယ္လာက္လဲ….

ေရမေဆး – ၁၀ သိန္းရရင္ ေရာင္းမယ္ေလာပန္း…..

ေလာပန္း – ၅ ေထာင္ေပးမယ္….

ေရမေဆး – ဟာဗ်ာ ဆိုျပီး သူ႕ေက်ာက္ကို ျပန္ထမ္းျပီး ထြက္သြားပါေရာ…

ျခံေပါက္ဝ ေရာက္ေတာ့ ျပန္လွည့္လာျပီး ေက်ာက္ကိုပစ္ခ်ျပီး ေလာပန္း ၅ေထာင္ပဲ ေပးေတာ့ဗ်ာ ဆိုျပီး ေစ်းတည့္ ေငြ ၅၀၀၀ ယူျပီး ထြက္သြားေရာ…..

ကိုယ္ေတြက ေက်ာက္အေၾကာင္းလဲ သိပ္နားမလည္ေသးခင္ ….သူတို႕ ေခၚတဲ႕ေစ်းနဲ႕ ေပးတဲ႕ေစ်းကို အံၾသမိျပီး ေလာပန္းကိုေမးမိတယ္…..

ခင္ဗ်ားဗ်ာ ၁၀ သိန္းေခၚတဲ႕ ေက်ာက္ကို ၅၀၀၀ ပဲေပးတာ မိုက္လွခ်ည့္လားဆိုေတာ့….

သူ႕ဟာက ေက်ာက္ မွ မဟုတ္တာဗ်ာ ….ပလြမ္ ႀကီးဗ် …..တကယ္ဆို တစ္ျပားမွ မတန္ဘူးဗ် ….ဒီေကာင္လဲသိပါတယ္ ရမလားလို႕ ဂ်င္းလာထည့္တာ…

အံ႕ျသျပီးရင္းအံ႕ျသမိတယ္….ဒါဆို ခင္ဗ်ားက ဘာလို႕ ၅၀၀၀ ေပးလိုက္တာလဲဆိုေတာ့….

ကိုယ့္ဆရာကလဲဗ်ာ ….က်ေနာ့္အတြက္ ေငြ ၅၀၀၀ က ပဲေလွာ္တစ္ေစ့စာပဲရွိတာ ……

သူတို႕အတြက္ေတာ့ တန္ဖိုးရွိတယ္ဗ် ….ဒီလို ရင္းထားမွ ေက်ာက္ရတိုင္း က်ေနာ္ဆီလာျပမွာေပါ့တဲ႕…..

သင္ခန္းစာနွစ္ခုရလိုက္တယ္…..

ဘဝမွာ လူတိုင္းလူတိုင္း ကိုယ့္ကိုယ္ကို ေၾကးတင္ဂုဏ္ေမာက္ေနေပမယ့္ မရိုးသားတဲ႕ သူဟာ ေနာက္ဆံုးေတာ့ ေပးတဲ႕ေစ်းနဲ႕ ေရာင္းလိုက္ရတဲ႕အေျခအေနပဲ ပိုင္ဆိုင္ရမွာ….

ေနာက္တစ္ခုကေတာ့ မင္းအလကားရတယ္လို႕ ထင္ထားတဲ႕ အဖိုးအခ တစ္ခုဟာ မင္းကိုမသိမသာ ခ်ည္ေနွာင္လိုက္တဲ့ ႀကိဳးတစ္ေခ်ာင္းလဲ ျဖစ္ေနနိုင္ပါေသးတယ္….Credit to original writer

unicode

ဖားကန့်မှော်တစ်ခုမှာ လောပန်းတစ်ယောက်အိမ် အလည်ရောက် စကားပြောနေတုန်း …..

ရေမဆေးတစ်ယောက် အတန်သင့်ကြီးတဲ့ ကျောက်တုံးတစ်တုံး ထမ်းပြီး ဝင်လာတယ်…..

ရေမဆေး – လောပန်း ကျောက်ကြည့်ပါ…..

လောပန်း – အေး ဘယ်လာက်လဲ….

ရေမဆေး – ၁၀ သိန်းရရင် ရောင်းမယ်လောပန်း…..

လောပန်း – ၅ ထောင်ပေးမယ်….

ရေမဆေး – ဟာဗျာ ဆိုပြီး သူ့ကျောက်ကို ပြန်ထမ်းပြီး ထွက်သွားပါရော…

ခြံပေါက်ဝ ရောက်တော့ ပြန်လှည့်လာပြီး ကျောက်ကိုပစ်ချပြီး လောပန်း ၅ထောင်ပဲ ပေးတော့ဗျာ ဆိုပြီး စျေးတည့် ငွေ ၅၀၀၀ ယူပြီး ထွက်သွားရော…..

ကိုယ်တွေက ကျောက်အကြောင်းလဲ သိပ်နားမလည်သေးခင် ….သူတို့ ခေါ်တဲ့စျေးနဲ့ ပေးတဲ့စျေးကို အံသြမိပြီး လောပန်းကိုမေးမိတယ်…..

ခင်ဗျားဗျာ ၁၀ သိန်းခေါ်တဲ့ ကျောက်ကို ၅၀၀၀ ပဲပေးတာ မိုက်လှချည့်လားဆိုတော့….

သူ့ဟာက ကျောက် မှ မဟုတ်တာဗျာ ….ပလွမ် ကြီးဗျ …..တကယ်ဆို တစ်ပြားမှ မတန်ဘူးဗျ ….ဒီကောင်လဲသိပါတယ် ရမလားလို့ ဂျင်းလာထည့်တာ…

အံ့သြပြီးရင်းအံ့သြမိတယ်….ဒါဆို ခင်ဗျားက ဘာလို့ ၅၀၀၀ ပေးလိုက်တာလဲဆိုတော့….

ကိုယ့်ဆရာကလဲဗျာ ….ကျနော့်အတွက် ငွေ ၅၀၀၀ က ပဲလှော်တစ်စေ့စာပဲရှိတာ ……

သူတို့အတွက်တော့ တန်ဖိုးရှိတယ်ဗျ ….ဒီလို ရင်းထားမှ ကျောက်ရတိုင်း ကျနော်ဆီလာပြမှာပေါ့တဲ့…..

သင်ခန်းစာနှစ်ခုရလိုက်တယ်…..

ဘဝမှာ လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကို ကြေးတင်ဂုဏ်မောက်နေပေမယ့် မရိုးသားတဲ့ သူဟာ နောက်ဆုံးတော့ ပေးတဲ့စျေးနဲ့ ရောင်းလိုက်ရတဲ့အခြေအနေပဲ ပိုင်ဆိုင်ရမှာ….

နောက်တစ်ခုကတော့ မင်းအလကားရတယ်လို့ ထင်ထားတဲ့ အဖိုးအခ တစ်ခုဟာ မင်းကိုမသိမသာ ချည်နှောင်လိုက်တဲ့ ကြိုးတစ်ချောင်းလဲ ဖြစ်နေနိုင်ပါသေးတယ်….Credit to original writer