႐ုပ္ခ်င္းတူလုိ႔ အႀကီးအငယ္ မခြဲတတ္ဘူးဆုိၿပီး၊ အျမႊာညီအစ္မကုိ အျမတ္ထုတ္

1490

အျမႊာညီအစ္မႏွစ္ေယာက္အနက္ အႀကီးမနဲ႔ ေမတၱာမွ်ေနတဲ့ အမ်ိဳးသားတစ္ေယာက္ဟာ သူတုိ႔ႏွစ္ေယာက္ကို ဘယ္သူက အႀကီးဘယ္သူက အငယ္ဆုိၿပီး မခြဲျခားႏုိင္ဘူးဆုိတဲ့ အေၾကာင္းျပခ်က္နဲ႔ လိင္ပုိင္းဆုိင္ရာ အျမတ္ထုတ္မႈေတြ ရွိခဲ့တယ္လုိ႔ ဆုိပါတယ္။

ဒီအေၾကာင္းကို အျမႊာညီအစ္မအနက္၊ အႀကီးမျဖစ္သူက ထုိင္ဝမ္ရဲဲ႕ လူသိမ်ားတဲ့ ဖုိရမ္တစ္ခုျဖစ္တဲ့ Dcard မွာ ျပန္လည္ မွ်ေဝခဲ့တာပါ။ သူမရဲ႕ခ်စ္သူဟာ အငယ္မနဲ႔ အိပ္စက္ေနတာကို လက္ပူးလက္ၾကပ္ မိခ်ိန္မွာ၊ ခ်စ္သူအမ်ိဳးသားက အထက္ပါ အေၾကာင္းျပခ်က္ကုိ ေပးခဲ့တာပါ။

အႀကီးမျဖစ္သူရဲ႕ အဆုိအရ သူတုိ႔ အျမႊာညီအစ္မေတြဟာ ငယ္ငယ္ကေတာ့ အဝတ္အစားတူ၊ အစားအစာအတူတူ၊ ဖိနပ္အတူတူ၊ အားကစားအတူတူ လုပ္ခဲ့ၾကေပမယ့္၊ ႀကီးလာေတာ့ မတူကြဲျပားမႈေတြ ျဖစ္လာခဲ့ေၾကာင္း၊ ညီမျဖစ္သူက အေဖာ္အေပါင္းအသင္း မက္ၿပီး-

သူမကေတာ့ လူထူထူမွာ မေနတတ္ဘဲ၊ တစ္ေယာက္တည္း ႀကိတ္ေတြး၊ တစ္ေယာက္တည္း လြတ္လြတ္လပ္လပ္ေနရတာကို သေဘာက်ေၾကာင္း ဆုိပါတယ္။ သူမမွာ ခ်စ္သူရွိၿပီး၊ ေနာက္ေတာ့ အငယ္မနဲ႔လည္း ရင္းနီးလာတယ္လုိ႔ ဆုိပါတယ္။

အငယ္မက ဆုိရွယ္ပုိက်ေတာ့ ခ်စ္သူအမ်ိဳးသားက သူ႕ဘက္ကို ပုိပုိသာသာ ျဖစ္သြားပါတယ္။ဒါေပမယ့္ အႀကီးမက အငယ္မအေနနဲ႔ သူမအေပၚကို မလွိမ့္တစ္ပတ္ေတာ့ လုပ္လိမ့္မယ္လုိ႔ ထင္မထားခဲ့ပါဘူး။ တစ္ေန႔မွာေတာ့ ဒီအထင္ဟာ တက္တက္စင္ေအာင္ လြဲသြားပါတယ္။

အဲဒီေန႔က သူမတုိ႔ေမြးေန႔မုိ႔ ညီမက ကလပ္သြား ေပ်ာ္ပါးရေအာင္ ေခၚပါသတဲ့။ေစာေစာကေျပာခဲ့သလုိ သူမက လူရႈပ္ရႈပ္နဲ႔သိပ္အဆင္မေျပေတာ့ ေသာက္စရာရွိတာ ထုိင္ေသာက္ေနခဲ့တာပါ။ ၾကာေတာ့ ညည္းေငြ႕လာလုိ႔ သူမရဲ႕ခ်စ္သူကုိ အိမ္ျပန္ခ်င္ေၾကာင္းေျပာခဲ့ရာ၊ သူက ဒီလုိ ေစာေစာျပန္တာ မယဥ္ေက်းေၾကာင္း ေျဖာင္းဖ်ခဲ့ပါသတဲ့။

ဒါေပမယ့္ အဲဒီအခ်ိန္မွာ သူမရဲ႕ညီမ ေပ်ာက္ေနပါတယ္။သူငယ္ခ်င္းေတြကုိေမးေတာ့ တစ္ျခားစားပြဲဝုိင္းမွာထုိင္ေနပုံရတယ္လုိ႔ ေျပာခဲ့ပါတယ္။ ဖုန္းဆက္ေတာ့လည္း မကုိင္ပါဘူး။ ေနာက္ေတာ့ သူမ အိမ္ျပန္ဖုိ႔ ဆုံးျဖတ္လုိက္ပါတယ္။ ေရခ်ိဳးမယ္ဆုိၿပီး ဝင္လာေတာ့ ေရခ်ိဳးခန္းမွာ ေရေတြ ေလာေလာလက္လက္ စုိေနပါသတဲ့။

ညီမႏွစ္ေယာက္သာ ေနတဲ့အိမ္မုိ႔ သူမရဲ႕ညီမ အိမ္ကို အရင္ျပန္ေရာက္လာပုံရတယ္ဆုိၿပီး ေတြးခဲ့ပါတယ္။ ဒီလုိနဲ႔ ညီမအခန္းကုိ ဝင္တဲ့အခ်ိန္မွာ သူမရဲ႕ခ်စ္သူနဲ႔ ညီမျဖစ္သူတုိ႔ ႏွစ္ေယာက္သား ခ်စ္တင္းေႏွာေနတာကို ပက္ပင္းတုိးခဲ့တာပါ။ အစ္မျဖစ္သူေရာက္မွာ ႏွစ္ေယာက္သား ျပာျပာသလဲ အဝတ္ေတြ ေျပးဝတ္ၾကပါတယ္။

သူမရဲ႕ခ်စ္သူ အမ်ိဳးသားက အခန္းထဲကို ဝင္လာၿပီး ႐ုပ္ခ်င္းဆင္တူေနလုိ႔၊ သူ႕အေနနဲ႔လည္း ဘယ္ဟာက အႀကီး ဘယ္ဟာက အငယ္ဆုိတာ မခြဲျခားႏုိင္ဘူးလုိ႔ အေၾကာင္းျပပါသတဲ့။ ဒါေပမယ့္ အစ္မျဖစ္သူက လုံးဝခြင့္မလႊတ္ဘဲ၊ ခ်စ္သူကို ဇာတ္လမ္းျဖတ္လိုက္သလုိ၊ ညီမနဲ႔လည္း အတူတူ မေနေတာ့ဘူးလုိ႔ သိရပါတယ္။ေနသူရိန္ (D Nae Thit & D Nae Khit)

unicode

အမြွှာညီအစ်မနှစ်ယောက်အနက် အကြီးမနဲ့ မေတ္တာမျှနေတဲ့ အမျိုးသားတစ်ယောက်ဟာ သူတို့နှစ်ယောက်ကို ဘယ်သူက အကြီးဘယ်သူက အငယ်ဆိုပြီး မခွဲခြားနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအကြောင်းကို အမြွှာညီအစ်မအနက်၊ အကြီးမဖြစ်သူက ထိုင်ဝမ်ရဲဲ့ လူသိများတဲ့ ဖိုရမ်တစ်ခုဖြစ်တဲ့ Dcard မှာ ပြန်လည် မျှဝေခဲ့တာပါ။ သူမရဲ့ချစ်သူဟာ အငယ်မနဲ့ အိပ်စက်နေတာကို လက်ပူးလက်ကြပ် မိချိန်မှာ၊ ချစ်သူအမျိုးသားက အထက်ပါ အကြောင်းပြချက်ကို ပေးခဲ့တာပါ။

အကြီးမဖြစ်သူရဲ့ အဆိုအရ သူတို့ အမြွှာညီအစ်မတွေဟာ ငယ်ငယ်ကတော့ အဝတ်အစားတူ၊ အစားအစာအတူတူ၊ ဖိနပ်အတူတူ၊ အားကစားအတူတူ လုပ်ခဲ့ကြပေမယ့်၊ ကြီးလာတော့ မတူကွဲပြားမှုတွေ ဖြစ်လာခဲ့ကြောင်း၊ ညီမဖြစ်သူက အဖော်အပေါင်းအသင်း မက်ပြီး-

သူမကတော့ လူထူထူမှာ မနေတတ်ဘဲ၊ တစ်ယောက်တည်း ကြိတ်တွေး၊ တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေရတာကို သဘောကျကြောင်း ဆိုပါတယ်။ သူမမှာ ချစ်သူရှိပြီး၊ နောက်တော့ အငယ်မနဲ့လည်း ရင်းနီးလာတယ်လို့ ဆိုပါတယ်။

အငယ်မက ဆိုရှယ်ပိုကျတော့ ချစ်သူအမျိုးသားက သူ့ဘက်ကို ပိုပိုသာသာ ဖြစ်သွားပါတယ်။ဒါပေမယ့် အကြီးမက အငယ်မအနေနဲ့ သူမအပေါ်ကို မလှိမ့်တစ်ပတ်တော့ လုပ်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ တစ်နေ့မှာတော့ ဒီအထင်ဟာ တက်တက်စင်အောင် လွဲသွားပါတယ်။

အဲဒီနေ့က သူမတို့မွေးနေ့မို့ ညီမက ကလပ်သွား ပျော်ပါးရအောင် ခေါ်ပါသတဲ့။စောစောကပြောခဲ့သလို သူမက လူရှုပ်ရှုပ်နဲ့သိပ်အဆင်မပြေတော့ သောက်စရာရှိတာ ထိုင်သောက်နေခဲ့တာပါ။ ကြာတော့ ညည်းငွေ့လာလို့ သူမရဲ့ချစ်သူကို အိမ်ပြန်ချင်ကြောင်းပြောခဲ့ရာ၊ သူက ဒီလို စောစောပြန်တာ မယဉ်ကျေးကြောင်း ဖြောင်းဖျခဲ့ပါသတဲ့။

ဒါပေမယ့် အဲဒီအချိန်မှာ သူမရဲ့ညီမ ပျောက်နေပါတယ်။သူငယ်ချင်းတွေကိုမေးတော့ တစ်ခြားစားပွဲဝိုင်းမှာထိုင်နေပုံရတယ်လို့ ပြောခဲ့ပါတယ်။ ဖုန်းဆက်တော့လည်း မကိုင်ပါဘူး။ နောက်တော့ သူမ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရေချိုးမယ်ဆိုပြီး ဝင်လာတော့ ရေချိုးခန်းမှာ ရေတွေ လောလောလက်လက် စိုနေပါသတဲ့။

ညီမနှစ်ယောက်သာ နေတဲ့အိမ်မို့ သူမရဲ့ညီမ အိမ်ကို အရင်ပြန်ရောက်လာပုံရတယ်ဆိုပြီး တွေးခဲ့ပါတယ်။ ဒီလိုနဲ့ ညီမအခန်းကို ဝင်တဲ့အချိန်မှာ သူမရဲ့ချစ်သူနဲ့ ညီမဖြစ်သူတို့ နှစ်ယောက်သား ချစ်တင်းနှောနေတာကို ပက်ပင်းတိုးခဲ့တာပါ။ အစ်မဖြစ်သူရောက်မှာ နှစ်ယောက်သား ပြာပြာသလဲ အဝတ်တွေ ပြေးဝတ်ကြပါတယ်။

သူမရဲ့ချစ်သူ အမျိုးသားက အခန်းထဲကို ဝင်လာပြီး ရုပ်ချင်းဆင်တူနေလို့၊ သူ့အနေနဲ့လည်း ဘယ်ဟာက အကြီး ဘယ်ဟာက အငယ်ဆိုတာ မခွဲခြားနိုင်ဘူးလို့ အကြောင်းပြပါသတဲ့။ ဒါပေမယ့် အစ်မဖြစ်သူက လုံးဝခွင့်မလွှတ်ဘဲ၊ ချစ်သူကို ဇာတ်လမ်းဖြတ်လိုက်သလို၊ ညီမနဲ့လည်း အတူတူ မနေတော့ဘူးလို့ သိရပါတယ်။နေသူရိန် (D Nae Thit & D Nae Khit)