ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္ ေရစီးဆင္းမႈ ပံုမွန္အတိုင္း ျပန္ျဖစ္ၿပီ

846

ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္ ေရစီးဆင္းမႈ ပံုမွန္အတိုင္း ျပန္ျဖစ္ၿပီ

ျပင္ဦးလြင္ၿမိဳ႕ အနီးစခန္းရွိ ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္ ေရစီးဆင္းမႈသည္ ၾသဂုတ္ ၁၁ ရက္ မြန္းလႊဲပိုင္းက ႐ုတ္တရက္ျပတ္ေတာက္သြားခဲ့သည့္အတြက္ …..

 

 

 

 

 

ေရတံခြန္မွ ေရျပန္လည္စီးဆင္းနိုင္ရန္ ပညာရွင္မ်ားႏွင့္ သက္ဆိုင္ရာအဖြဲ႔မ်ား ကြင္းဆင္းပူးေပါင္းေဆာင္႐ြက္ၾကရာ ……

ယေန႔(ၾသဂုတ္ ၁၂) နံနက္ ၁၁ နာရီခန္႔တြင္ ပံုမွန္အတိုင္း ေရတံခြန္မွ ေရျပန္လည္စီးဆင္းေနၿပီျဖစ္ေၾကာင္းကေနဦးသတင္းရရွိသည္။#TheMandalayNewsJournal

ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္ တြင္ေရ စီးဆင္းမႈ မရွိေတာ့….ျပင္ဦးလြင္ ၊ ၾသဂုတ္ ၁၁ သတင္း …..

မႏၱေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕နယ္ရွိ ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္တြင္ ေရ က်ဆင္းမႈမရွိေတာ့ေၾကာင္း ေရတံခြန္သုိ႕ေရာက္ရွိေနသည့္ မေရႊျပည့္က ယေန႕၊ ၾသဂုတ္လ ၁၁ ရက္၊ ေန႕လယ္ ၁း၃၀ တြင္ AHN သုိ႔ေျပာသည္။

“ ဒီမနက္ ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္ မေရာက္ဘူးလို႔ သားအမိတေတြ ၁နာရီေက်ာ္ေလာက္ လမ္းေလ်ာက္ၿပီး ဆင္းသြားတာပါ။ သမီးတုိ႔ေရာက္တဲ့ အခ်ိန္မွ ဝုန္းဆို အသံၾကားရၿပီး၊ ဘယ္လိုျဖစ္တယ္မသိဘူး….

ေရတံခြန္ကျမင္တဲ့အတိုင္းေရ မွ်င္ မွ်င္ေလးပဲ က်ေတာ့တယ္။ သူတို႔(ေဒသခံေတြ) ေျပာျပတာေတာ့ ႏွစ္ ၂၀ေတာင္ေက်ာ္ၿပီ။ တခါမွဒီလိုမျဖစ္ဖူးဘူးတဲ့ ။ေႏြရာသီေတာင္မွ ဒီေလာက္တခါမွ ေရမနဲဖူးပါဘူးတဲ့ ။

တာဝန္ရွိသူေတြလာစစ္ေဆးၾကည့္ၿပီးေျပာတာေတာ့ ေရတံခြန္အေပၚနားမွာ ေတာင္ၿပိဳၿပီးဂလိုင္ေပါက္သြားတယ္ဆိုလားပဲရွင့္၊ ေသခ်ာေတာ႔ မသိရေသးဘူး “ ဟု ၄င္းကေျပာသည္။

ေရစီးဆင္းျခင္းမရွိေတာ့သည္မွာ မွန္ကန္ေၾကာင္း ေရတံခြန္သုိ႔သြားေရာက္ၾကည့္ရွဳခဲ့သူတစ္ဦးျဖစ္ေသာ ကုိ၀င္းႏိုင္ေဇာ္ကေျပာသည္။

“ျပင္ဦးလြင္ အနီးစခန္း ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္ ယေန႔မနက္ပိုင္းအထိ ေရမ်ားတစ္သြင္သြင္စီးဆင္းေနရာမွ ယေန႔ေန႔လည္ပိုင္းမွစ၍ ေရမ်ားမစီးဆင္းေတာ့၍ သြားေရာက္ၾကည့္႐ႈ ေလ့လာခဲ့ပါတယ္။

အံ့ျသဖြယ္ စီးဆင္းျမဲေရမ် ား ဘယ္နားေပ်ာက္ေနသည္မသိ၍ လိုက္လံ႐ွာေဖြေနပါတယ္ “ဟု ၄င္းကဆုိသည္။စိုင္းမင္း (AHN= The Asia Heart News)

unicode

ဓာတ်တော်ချိုင့်ရေတံခွန် ရေစီးဆင်းမှု ပုံမှန်အတိုင်း ပြန်ဖြစ်ပြီ

ပြင်ဦးလွင်မြို့ အနီးစခန်းရှိ ဓာတ်တော်ချိုင့်ရေတံခွန် ရေစီးဆင်းမှုသည် သြဂုတ် ၁၁ ရက် မွန်းလွှဲပိုင်းက ရုတ်တရက်ပြတ်တောက်သွားခဲ့သည့်အတွက် …..

ရေတံခွန်မှ ရေပြန်လည်စီးဆင်းနိုင်ရန် ပညာရှင်များနှင့် သက်ဆိုင်ရာအဖွဲ့များ ကွင်းဆင်းပူးပေါင်းဆောင်ရွက်ကြရာ ……

ယနေ့(သြဂုတ် ၁၂) နံနက် ၁၁ နာရီခန့်တွင် ပုံမှန်အတိုင်း ရေတံခွန်မှ ရေပြန်လည်စီးဆင်းနေပြီဖြစ်ကြောင်းကနေဦးသတင်းရရှိသည်။#TheMandalayNewsJournal

ဓာတ်တော်ချိုင့်ရေတံခွန် တွင်ရေ စီးဆင်းမှု မရှိတော့….ပြင်ဦးလွင် ၊ သြဂုတ် ၁၁ သတင်း …..

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ ဓာတ်တော်ချိုင့်ရေတံခွန်တွင် ရေ ကျဆင်းမှုမရှိတော့ကြောင်း ရေတံခွန်သို့ရောက်ရှိနေသည့် မရွှေပြည့်က ယနေ့၊ သြဂုတ်လ ၁၁ ရက်၊ နေ့လယ် ၁း၃၀ တွင် AHN သို့ပြောသည်။

“ ဒီမနက် ဓာတ်တော်ချိုင့်ရေတံခွန် မရောက်ဘူးလို့ သားအမိတတွေ ၁နာရီကျော်လောက် လမ်းလျောက်ပြီး ဆင်းသွားတာပါ။ သမီးတို့ရောက်တဲ့ အချိန်မှ ဝုန်းဆို အသံကြားရပြီး၊ ဘယ်လိုဖြစ်တယ်မသိ ဘူး….

ရေတံခွန်ကမြင်တဲ့အတိုင်းရေ မျှင် မျှင်လေးပဲ ကျတော့တယ်။ သူတို့(ဒေသခံတွေ) ပြောပြတာတော့ နှစ် ၂ဝတောင်ကျော်ပြီ။ တခါမှဒီလိုမဖြစ်ဖူးဘူးတဲ့ ။နွေရာသီတောင်မှ ဒီလောက်တခါမှ ရေမနဲဖူးပါဘူးတဲ့ ။

တာဝန်ရှိသူတွေလာစစ်ဆေးကြည့်ပြီးပြောတာတော့ ရေတံခွန်အပေါ်နားမှာ တောင်ပြိုပြီးဂလိုင်ပေါက်သွားတယ်ဆိုလားပဲရှင့်၊ သေချာတော့ မသိရသေးဘူး “ ဟု ၄င်းကပြောသည်။

ရေစီးဆင်းခြင်းမရှိတော့သည်မှာ မှန်ကန်ကြောင်း ရေတံခွန်သို့သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးဖြစ်သော ကိုဝင်းနိုင်ဇော်ကပြောသည်။

“ပြင်ဦးလွင် အနီးစခန်း ဓာတ်တော်ချိုင့်ရေတံခွန် ယနေ့မနက်ပိုင်းအထိ ရေများတစ်သွင်သွင်စီးဆင်းနေရာမှ ယနေ့နေ့လည်ပိုင်းမှစ၍ ရေများမစီးဆင်းတော့၍ သွားရောက်ကြည့်ရှု လေ့လာခဲ့ပါတယ်။

အံ့သြဖွယ် စီးဆင်းမြဲရေမျ ား ဘယ်နားပျောက်နေသည်မသိ၍ လိုက်လံရှာဖွေနေပါတယ် “ဟု ၄င်းကဆိုသည်။စိုင်းမင်း (AHN= The Asia Heart News)