Oh my God…. မုန္႔ဟင္းခါး တစ္ပြဲ တစ္ေသာင္းခြဲ တဲ့ ….

440

အြန္လိုင္းမွာ နာမည္ႀကီးေနတဲ့ သာမာန္ျပည္သူတစ္ေယာက္ မစားႏိူင္ေလာက္တဲ့ ျမန္မာႏိူင္ငံရဲ႕ ေစ်းအႀကီးဆုံးမုန္႔ဟင္းခါး

စားသုံးသူတစ္ေယာက္ရဲ႕ ေရးသားမႈကို ျပန္လည္ကူးယူေဖာ္ျပတာပါ ။ Adminကေတာ့ ဝယ္မစားႏိူင္ပါဘူး 😔

ေဒၚႏွင္းဆီမုန္႔ဟင္းခါး တစ္ပြဲ တစ္ေသာင္းခြဲ တဲ့ ….Oh my God🙄

ကိုယ္လည္း စူးစမ္းခ်င္လို႔သြားစားၾကည့္တာ😬မယံုလို႔…..

အယ္..တကယ္ႀကီးေတာ့္😬 …..

ကိုယ္ၾကားဖူးတာနဲ႔စာဖူးတာ က ေထာင့္ငါးရာတန္ေလာက္က အမ်ားဆံုးကိုး…

နီနီက ခဏခဏ ေျပာျပတယ္..အဲ့ဒီမုန္႔ဟင္းခါးက ဘယ္လို ေကာင္းေၾကာင္းေပါ့….

သူသြားစားတိုင္းပံုလွမ္းလွမ္းပို႔ရတာ အေမာ……

အဲ့လိုအခ်ိန္ဆိုရင္ ဒါဒါ သူ႔ကိုေျပာတယ္…..

နင့္ မုန္႔ဟင္းခါးက ဘာမလို႔လဲ တစ္ေသာင္းခြဲေပးရေအာင္…ငါသာဆို စားမေနဘူး မတန္မရာေတြ…..

အံ့ျသတယ္ ဘာျဖစ္တယ္ ညာျဖစ္တယ္ေပါ့…..

နီနီကျပန္ေျပာတယ္ နင္ ရန္ကုန္ေရာက္မွ စားၾကည့္လိုက္ ျပီးမွဆက္ေျပာတဲ့….😊Ok ေပါ့…

ဒီေန႔ …ဒီမုန္႔ဟင္းခါးကိုစားဖို႔ မနက္ငါးနာရီထရပါတယ္…..

(ငတ္ႀကီးက်တယ္ဘဲေျပာေျပာ တစ္ေသာင္းခြဲဆိုေသာ မုန္႔ဟင္းခါးကို စိတ္ဝင္စားလို႔ အေစာထျခင္းပါ)

ဖုန္းဆက္ၿပီး ဘယ္ႏွေယာက္စာ ဆိုတာႀကိဳတင္မွာရပါ ေသးတယ္…..

(ႀကီးႀကီးက်ယ္က်ယ္ ဖုန္းဆက္မွာရေသးတယ္လို႔ ထင္ေကာင္းထင္ႏိုင္ပါတယ္)

ႀကိဳက္သလိုထင္ပါ…သူက မနက္ရွစ္နာရီေက်ာ္ေလာက္ဆို ကုန္တတ္လို႔ပါတဲ့…😊

ဆိုင္အျပင္အဆင္ကလည္းပံုမွာျမင္တဲ့အတိုင္းပါဘဲ…..

႐ိုးရွင္းပါတယ္…လာစားတဲ့ ကားေတြကလည္း က်ိတ္က်ိတ္တိုးအျပည့္ဘဲမလို႔ ….

ႀကိဳမမွာထားရင္ တန္းစီေစာင့္ရပါတယ္… Feeling amazing ေပါ့ေနာ္😊

အဲ့တာနဲ႔ မုန္႔ဟင္းခါး ပန္းကန္လာခ်ေတာ့ ပန္းကန္က အလံုးမဟုတ္ဘူး…..

ပန္းကန္ျပားနဲ႔…စၿပီးသတိထားမိတာက ငါးဥေတြနဲ႔ ငါးဖယ္ေတြနဲ႔ စံုပလံု ေနတာဘဲ☺️

တစ္ဇြန္းစ စားၾကည့္တယ္ ….အင္း သူတို႔ေျပာတာမွန္တယ္ ဆိုၿပီးျဖစ္သြားေရာ….

ေတာ္ေတာ္ေလး အရသာရွိပါတယ္…..

သာမန္မုန္႔ဟင္းခါးေတြနဲ႔ အေတာ္ေလးလည္းကြဲထြက္ၿပီး…

ဘာကိုေကာင္းတာလဲလို႔ေမးရင္ ေကာင္းလို႔ ကို ေကာင္းတာပါလို႔ဘဲ ျပန္ေျဖခ်င္ပါတယ္🥰

“တန္ရာတန္ေၾကးေပးရင္ ေပးရတာနဲ႔တန္ေအာင္ ျပန္ရမွ လူေတြက ေက်နပ္ၾကတာ သဘာဝကိုး…”

ေအာ္…ဒီမုန္႔ဟင္းခါးကို ကိုယ္တိုင္လာမစားၾကည့္ခင္ ကေတာ့ အျပစ္ျမင္ခဲ့ဖူးပါရဲ႕…

အခုက်ေတာ့ ကိုယ္အပါအဝင္ လူေတြမ်ားစြာစားပြဲေပါင္းမ်ားစြာ…

ထိုင္ခံုေပါင္း မ်ားစြာဝိုင္းေတြက အျပည့္နဲ႔ေလ…..ေပ်ာ္စရာႀကီးပါ….

မဆီမဆိုင္ သူ႔ဝင္ေငြေတာင္ ကိုယ္က ထိုင္တြက္ခန္႔မွန္းခဲ့ေသး…….😊

သူ႔ကိုႀကိဳက္ႏွစ္သက္လို႔လာေရာက္အားေပးၾကတာေလ…..

ေဝးကလည္းေဝးေသး..ေတာ္ရံုဆိုဘယ္လာၾကမလဲ….

သူ႔ရဲ႕ေကာင္းကြက္ေလးေတြကို ခ်စ္ခင္ႏွစ္သက္စိတ္နဲ႔ လက္ခံလို႔ေပါ့…..

အဲ့လိုဘဲ…အျခားတစ္ဖက္မွာ သူ႔ကိုလက္မခံခ်င္တဲ့ မတန္မရာ ဘာညာ သာရကာ ဆိုတဲ့ လူေတြလည္းရွိေကာင္းရွိမွာဘဲ….😊

သူက တစ္ေသာင္းခြဲနဲ႔ေရာင္းေနေပမယ့္ တစ္ေသာင္းခြဲေပးၿပီး ေက်ေက်နပ္နပ္နဲ႔ ဝယ္စားတဲ့လူေတြရွိမွရတာကိုး….

သူ႔ကိုလက္ခံႏိုင္တဲ့ သူရွိသလို လက္မခံခ်င္တဲ့သူလည္း ရွိမွာဘဲ…

သူကေတာ့ ဘာကိုမွဂ႐ုမစိုက္အားပါဘူး…ေရာင္းေကာင္းတာလက္မလည္လို႔ပါ….

ေအာ္…..အဲ့တာေျပာတာေပါ့….ေနရာတိုင္းမွာ သူ႔အေနအထားနဲ႔သူ သူ႔တန္ဖိုးနဲ႔သူ…❤️

စိတ္ဝင္စားရင္ သြားစားလို႔ရေအာင္ လိပ္စာေလး ေရးေပးခဲ့မယ္…..

ေရႊေတာင္ၾကားလမ္း အလက(၆)ေက်ာင္းဝင္းအတြင္း

မုန္႔ဟင္းခါးစားရင္း ရလိုက္တဲ့ မုန္႔ဟင္းခါး Messages 🥰👍👏👏👏Credir -Myo Thar Htwe

unicode

အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ သာမာန်ပြည်သူတစ်ယောက် မစားနိူင်လောက်တဲ့ မြန်မာနိူင်ငံရဲ့ စျေးအကြီးဆုံးမုန့်ဟင်းခါး

စားသုံးသူတစ်ယောက်ရဲ့ ရေးသားမှုကို ပြန်လည်ကူးယူဖော်ပြတာပါ ။ Adminကတော့ ဝယ်မစားနိူင်ပါဘူး 😔

ဒေါ်နှင်းဆီမုန့်ဟင်းခါး တစ်ပွဲ တစ်သောင်းခွဲ တဲ့ ….Oh my God🙄

ကိုယ်လည်း စူးစမ်းချင်လို့သွားစားကြည့်တာ😬မယုံလို့…..

အယ်..တကယ်ကြီးတော့်😬 …..

ကိုယ်ကြားဖူးတာနဲ့စာဖူးတာ က ထောင့်ငါးရာတန်လောက်က အများဆုံးကိုး…

နီနီက ခဏခဏ ပြောပြတယ်..အဲ့ဒီမုန့်ဟင်းခါးက ဘယ်လို ကောင်းကြောင်းပေါ့….

သူသွားစားတိုင်းပုံလှမ်းလှမ်းပို့ရတာ အမော……

အဲ့လိုအချိန်ဆိုရင် ဒါဒါ သူ့ကိုပြောတယ်…..

နင့် မုန့်ဟင်းခါးက ဘာမလို့လဲ တစ်သောင်းခွဲပေးရအောင်…ငါသာဆို စားမနေဘူး မတန်မရာတွေ…..

အံ့သြတယ် ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့…..

နီနီကပြန်ပြောတယ် နင် ရန်ကုန်ရောက်မှ စားကြည့်လိုက် ပြီးမှဆက်ပြောတဲ့….😊Ok ပေါ့…

ဒီနေ့ …ဒီမုန့်ဟင်းခါးကိုစားဖို့ မနက်ငါးနာရီထရပါတယ်…..

(ငတ်ကြီးကျတယ်ဘဲပြောပြော တစ်သောင်းခွဲဆိုသော မုန့်ဟင်းခါးကို စိတ်ဝင်စားလို့ အစောထခြင်းပါ)

ဖုန်းဆက်ပြီး ဘယ်နှယောက်စာ ဆိုတာကြိုတင်မှာရပါ သေးတယ်…..

(ကြီးကြီးကျယ်ကျယ် ဖုန်းဆက်မှာရသေးတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်)

ကြိုက်သလိုထင်ပါ…သူက မနက်ရှစ်နာရီကျော်လောက်ဆို ကုန်တတ်လို့ပါတဲ့…😊

ဆိုင်အပြင်အဆင်ကလည်းပုံမှာမြင်တဲ့အတိုင်းပါဘဲ…..

ရိုးရှင်းပါတယ်…လာစားတဲ့ ကားတွေကလည်း ကျိတ်ကျိတ်တိုးအပြည့်ဘဲမလို့ ….

ကြိုမမှာထားရင် တန်းစီစောင့်ရပါတယ်… Feeling amazing ပေါ့နော်😊

အဲ့တာနဲ့ မုန့်ဟင်းခါး ပန်းကန်လာချတော့ ပန်းကန်က အလုံးမဟုတ်ဘူး…..

ပန်းကန်ပြားနဲ့…စပြီးသတိထားမိတာက ငါးဥတွေနဲ့ ငါးဖယ်တွေနဲ့ စုံပလုံ နေတာဘဲ☺️

တစ်ဇွန်းစ စားကြည့်တယ် ….အင်း သူတို့ပြောတာမှန်တယ် ဆိုပြီးဖြစ်သွားရော….

တော်တော်လေး အရသာရှိပါတယ်…..

သာမန်မုန့်ဟင်းခါးတွေနဲ့ အတော်လေးလည်းကွဲထွက်ပြီး…

ဘာကိုကောင်းတာလဲလို့မေးရင် ကောင်းလို့ ကို ကောင်းတာပါလို့ဘဲ ပြန်ဖြေချင်ပါတယ်🥰

“တန်ရာတန်ကြေးပေးရင် ပေးရတာနဲ့တန်အောင် ပြန်ရမှ လူတွေက ကျေနပ်ကြတာ သဘာဝကိုး…”

အော်…ဒီမုန့်ဟင်းခါးကို ကိုယ်တိုင်လာမစားကြည့်ခင် ကတော့ အပြစ်မြင်ခဲ့ဖူးပါရဲ့…

အခုကျတော့ ကိုယ်အပါအဝင် လူတွေများစွာစားပွဲပေါင်းများစွာ…

ထိုင်ခုံပေါင်း များစွာဝိုင်းတွေက အပြည့်နဲ့လေ…..ပျော်စရာကြီးပါ….

မဆီမဆိုင် သူ့ဝင်ငွေတောင် ကိုယ်က ထိုင်တွက်ခန့်မှန်းခဲ့သေး…….😊

သူ့ကိုကြိုက်နှစ်သက်လို့လာရောက်အားပေးကြတာလေ…..

ဝေးကလည်းဝေးသေး..တော်ရုံဆိုဘယ်လာကြမလဲ….

သူ့ရဲ့ကောင်းကွက်လေးတွေကို ချစ်ခင်နှစ်သက်စိတ်နဲ့ လက်ခံလို့ပေါ့…..

အဲ့လိုဘဲ…အခြားတစ်ဖက်မှာ သူ့ကိုလက်မခံချင်တဲ့ မတန်မရာ ဘာညာ သာရကာ ဆိုတဲ့ လူတွေလည်းရှိကောင်းရှိမှာဘဲ….😊

သူက တစ်သောင်းခွဲနဲ့ရောင်းနေပေမယ့် တစ်သောင်းခွဲပေးပြီး ကျေကျေနပ်နပ်နဲ့ ဝယ်စားတဲ့လူတွေရှိမှရတာကိုး….

သူ့ကိုလက်ခံနိုင်တဲ့ သူရှိသလို လက်မခံချင်တဲ့သူလည်း ရှိမှာဘဲ…

သူကတော့ ဘာကိုမှဂရုမစိုက်အားပါဘူး…ရောင်းကောင်းတာလက်မလည်လို့ပါ….

အော်…..အဲ့တာပြောတာပေါ့….နေရာတိုင်းမှာ သူ့အနေအထားနဲ့သူ သူ့တန်ဖိုးနဲ့သူ…❤️

စိတ်ဝင်စားရင် သွားစားလို့ရအောင် လိပ်စာလေး ရေးပေးခဲ့မယ်…..

ရွှေတောင်ကြားလမ်း အလက(၆)ကျောင်းဝင်းအတွင်း

မုန့်ဟင်းခါးစားရင်း ရလိုက်တဲ့ မုန့်ဟင်းခါး Messages 🥰👍👏👏👏Credir -Myo Thar Htwe