274
unicode
ကျောက်မဲ မီတာစာရေးတွေတော်လိုက်တာ…မီတာစာရေးတွေ မီတာဖတ်တာတော်ချက်ကတော့ တသက်နဲ့တကိုယ် တစ်ခါမှ မကြားဖူးဘူး….။
ဒီတစ်ခါပဲ တွေ့ဘူး ၊ မြင်ဘူးတယ်……ဘယ်လိုများ မီတာဖတ်လိုက်ပါလိမ့်နော် ….နတ်မျက်စိနဲ့ဖတ်လိုက်တာလားပဲ….
မီတာဘောင်တောင် မရှိဘဲ ၁၅၁၇၀ ကျပ် ကျတာတဲ့….မီတာအသုံးပြုခ မီတာဆောင်ဖို့မီတာစာရွက် ထွက်လာတာတဲ့….ကျောက်မဲမှာပါ….
မီတာရဖို့အတွက် ပိုက်ဆံ ၁သိန်း၆သောင်းသွင်းထားတာ ၄လလောက်တောင်ရှိနေပြီ…..ခုထိမီတာ လာပြီးတပ်ဆင်ခြင်းမရှိသေးပါဘူး…။
ဘယ်လိုလုပ်ပြီး မီတာဖတ် …မီတာပြေစာရွက်ထွက်လာပါလိမ့် …ပညာရှင်ကြီးများသိရင် ပြောပေးကြပါဗျာ….
ကမ္ဘာ့အံ့ဖွယ် မီတာဘောင်မရှိဘဲ ၁၅၁၇၀ ကျပ်ဆောင်ရတဲ့ မီတာစာရွက်ထွက်လာတဲ့ ကျောက်မဲလို့တောင် နာမည်ပေးလိုက်ချင်တယ်….။
မီတာနားမလည်တဲ့ အခြားအိမ်တွေမှာကော ဒီအတိုင်းဖတ်တာလား မီတာဖတ်တဲ့ အကိုလေးတို့ရယ်….။ကိုယ်တော်လေး