ဖခင္ျဖစ္သူကုိ ဇနီးအပါအဝင္သားသမီးမ်ားက သတ္ျဖတ္လုိက္တဲ႔ ျဖစ္ရပ္

428

ကဝ ၾသဂုတ္ ၁၂ သတင္​းအျပည္​့အစံုပါ………ဖခင္ျဖစ္သူကုိ ဇနီးအပါအဝင္သားသမီးမ်ားက သတ္ျဖတ္လုိက္တဲ႔ က၀ၿမိဳ႕နယ္ကျဖစ္ရပ္

ၿပီးခဲ့သည္​့ ဩဂုတ္​ ၄ရက္​က က၀ၿမိဳ႕နယ္၊ ကမ္းေျမာင္ေက်းရြာအနီး ဆည္မေခ်ာင္းကမ္းစပ္ သမန္းခ်ံဳပင္မ်ားအၾကား ေရထဲတြင္ အမ်ိဳးသားအေလာင္​း​ေတြ႕႐ွိမႈမွ က်ဴးလြန္​သူမ်ားမွာ ​ေသဆံုးသူ၏ ဇနီးႏွင္​့သမီးအပါအဝင္​ ​ေလးဦးျဖစ္​​ေၾကာင္​း ပဲခူးတိုင္​း​ေဒသႀကီးရဲတပ္​ဖြဲ႔က ယ​ေန႔ (ဩဂုတ္ ၁၂ရက္​)တြင္​ သတင္​းထုတ္​ျပန္​သည္​။

ျဖစ္​စဥ္​မွာ ဩဂုတ္​ ၄ရက္​ မြန္​းလြဲ ၁၂နာရီခြဲ အခ်ိန္ခန္႔က က၀ၿမိဳ႕နယ္၊ ကမ္းေျမာင္ေက်းရြာအနီး ဆည္မေခ်ာင္းကမ္းစပ္ သမန္းခ်ံဳပင္မ်ားအၾကား ေရထဲတြင္ အမ်ိဳးသားအေလာင္း (၁)ေလာင္းအား ႀကိဳးျဖင့္ လက္ႏွစ္ဖက္အား ခ်ည္ကာ က်န္ႀကိဳးစတစ္ဖက္ကို ၿခံဳႏွင့္ခ်ည္ထားလ်က္ …..

ဦးေခါင္း ငယ္ထိပ္ႏွင့္ ေနာက္ေစ့ တုိ႔တြင္ ေပါက္ၿပဲဒဏ္ရာတို႔ျဖင့္ ေတြ႕ရွိရမႈႏွင့္ ပတ္သက္၍ က၀ၿမိဳ႕မ ရဲစခန္းတြင္ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ကာ ပဲခူးတုိင္းေဒသႀကီးရဲတပ္ဖြဲ႔မွ အထူး အမႈစစ္အဖြဲ႕ ဖြဲ႕စည္းေဆာင္ရြက္ခဲ့သည္။

စံုစမ္​းမႈအရ ေသဆံုးသူမွာ က၀ၿမိဳ႕နယ္၊ အထံုေက်းရြာေန ဦးခင္ေမာင္ၾကည္ (၄၆)ႏွစ္ျဖစ္ေၾကာင္း၊ ေသဆံုးသူ၏ အခင္းျဖစ္စဥ္ စီးနင္းခဲ့ေသာဆုိင္ကယ္အား အ​ေ​လာင္း​ေတြ႔သည္​့ ဩဂုတ္​ ၄ရက္​တြင္​ ရန္ကုန္တိုင္းေဒသႀကီး၊ ခရမ္းၿမိဳ႕၊ အမွတ္ (၆)ရပ္ကြက္၌ ၄င္​း၏ သမီးျဖစ္သူ မသက္မာခိုင္မွ ​ေရာင္းခ်ခဲ့ေၾကာင္း ရဲတပ္​ဖြဲ႔က သိရွိခဲ့သည္​။

ထို႔​ေၾကာင္​့ ဩဂုတ္​ ၁၀ရက္​တြင္​ အမႈစစ္အဖြဲ႔ျဖစ္သည့္ က၀ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး ခိုင္သန္း ႏွင့္ အဖြဲ႔မွ မသက္မာခုိင္ႏွင့္ ခင္ပြန္းျဖစ္သူ ရန္ႏိုင္ေအာင္တုိ႔အား အဖြဲ႔မ်ားခြဲ၍ ဆက္​လက္​ စစ္ေဆးခဲ့သည္​။

စစ္​​ေဆးခ်က္​အရ ဩဂုတ္​ ၃ရက္​ ညေန ၄နာရီခန္​႔တြင္ ၄င္းတုိ႔ထံသုိ႔ မိခင္ျဖစ္သူ ေဒၚအမာၾကည္ ေရာက္ရွိလာၿပီး ခင္ပြန္းျဖစ္သူ ဦးခင္ေမာင္ၾကည္မွ ၄င္းအား အရွက္ခြဲ အႏိုင္က်င့္ျခင္း၊ ညွင္းပန္းႏွိပ္စက္မႈမ်ားေၾကာင့္ဟုဆိုကာ မိခင္ ျဖစ္သူ၏ အကူအညီ ေတာင္းခံခဲ့​ေၾကာင္​း၊

ထို႔​ေၾကာင္​့ ဆိုင္ကယ္ျဖင့္လာေသာ ဦးခင္ေမာင္ၾကည္အား ခရုဘုရားႏွင့္ ကံဘဲ့ေက်းရြာအၾကားရွိ ၾကက္ရိုးေရခ်မ္းစင္ အနီးတြင္ ေဒၚအမာၾကည္၊ ရန္ႏုိင္ေအာင္၊ သမက္ျဖစ္သူ ၀က္ႀကီး တုိ႔မွ ေပါက္တူး၊ ၀ါးစိမ္းတုတ္၊ သစ္သားတုတ္ တုိ႔ျဖင့္ ၀ုိင္း၀န္း ရိုက္ႏွက္ခဲ့၍ ဦးခင္ေမာင္ၾကည္ မွာ ေသဆံုးသြားခဲ့ေၾကာင္း သိရသည္​။

ထို႔​ေနာက္​ ရန္ႏိုင္ေအာင္ႏွင့္ သက္မာခိုင္ တုိ႔မွ စက္ေလွ အား သြားေရာက္ဌားရမ္းခဲ့ၿပီး ေဒၚအမာၾကည္၊ ၀က္ႀကီးတုိ႔ႏွင့္ ပူးေပါင္း၍ အေလာင္းအား စက္ေလွတြင္ ႀကိဳးျဖင့္ ခ်ည္ေႏွာင္ကာ ဆည္မေခ်ာင္းအတိုင္း ကမ္းေျမာင္ေက်းရြာဘက္သို႔ ေမာင္းႏွင္လာခဲ့ၿပီး ……

ဆည္မေခ်ာင္းကမ္းစပ္၊ သမန္းခ်ံဳပင္မ်ားအၾကား ေရထဲတြင္ ႏုိင္လြန္ႀကိဳးျဖင့္ခ်ည္၍ အေလာင္းအား စြန္႔ပစ္ေဖ်ာက္ဖ်က္ခဲ့သည္​။ေသဆံုးသူ စီးနင္းခဲ့သည့္ ဆုိင္ကယ္အား သက္မာခိုင္ႏွင့္ ရန္ႏိုင္ေအာင္တို႔မွ အမွတ္(၆)ရပ္ကြက္တြင္ ျပန္လည္ေရာင္းခ်ခဲ့ေၾကာင္းလည္​း ရဲတပ္ဖြဲ႔၏ စစ္ေဆးခ်က္​အရ ေပၚေပါက္ခဲ့သည္။

ထိုသို႔ အမႈမွ က်ဴးလြန္​သူ ေဒၚအမာၾကည္၊ ရန္ႏုိင္ေအာင္၊ သက္မာခုိင္ ႏွင့္ ၀က္ႀကီး တုိ႔ (၄)ဦးအား ဩဂုတ္​ ၁၀ရက္တြင္ ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ၿပီး ဥပ​ေဒႏွင့္အညီ အျမန္ တရားစြဲ တင္ပို႔ႏိုင္ေရး ေဆာင္ရြက္​ေန​ေၾကာင္​း သတင္​းထုတ္​ျပန္​ထားသည္​။ဓာတ္​ပံု-ပဲခူးတိုင္​း​ေဒသႀကီးရဲတပ္​ဖြဲ႔

unicode

ကဝ သြဂုတ် ၁၂ သတင်​းအပြည်​့အစုံပါ………ဖခင်ဖြစ်သူကို ဇနီးအပါအဝင်သားသမီးများက သတ်ဖြတ်လိုက်တဲ့ ကဝမြို့နယ်ကဖြစ်ရပ်

ပြီးခဲ့သည်​့ ဩဂုတ်​ ၄ရက်​က ကဝမြို့နယ်၊ ကမ်းမြောင်ကျေးရွာအနီး ဆည်မချောင်းကမ်းစပ် သမန်းချုံပင်များအကြား ရေထဲတွင် အမျိုးသားအလောင်​း​တွေ့ရှိမှုမှ ကျူးလွန်​သူများမှာ ​သေဆုံးသူ၏ ဇနီးနှင်​့သမီးအပါအဝင်​ ​လေးဦးဖြစ်​​ကြောင်​း ပဲခူးတိုင်​း​ဒေသကြီးရဲတပ်​ဖွဲ့က ယ​နေ့ (ဩဂုတ် ၁၂ရက်​)တွင်​ သတင်​းထုတ်​ပြန်​သည်​။

ဖြစ်​စဉ်​မှာ ဩဂုတ်​ ၄ရက်​ မွန်​းလွဲ ၁၂နာရီခွဲ အချိန်ခန့်က ကဝမြို့နယ်၊ ကမ်းမြောင်ကျေးရွာအနီး ဆည်မချောင်းကမ်းစပ် သမန်းချုံပင်များအကြား ရေထဲတွင် အမျိုးသားအလောင်း (၁)လောင်းအား ကြိုးဖြင့် လက်နှစ်ဖက်အား ချည်ကာ ကျန်ကြိုးစတစ်ဖက်ကို ခြုံနှင့်ချည်ထားလျက် …..

ဦးခေါင်း ငယ်ထိပ်နှင့် နောက်စေ့ တို့တွင် ပေါက်ပြဲဒဏ်ရာတို့ဖြင့် တွေ့ရှိရမှုနှင့် ပတ်သက်၍ ကဝမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အထူး အမှုစစ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

စုံစမ်​းမှုအရ သေဆုံးသူမှာ ကဝမြို့နယ်၊ အထုံကျေးရွာနေ ဦးခင်မောင်ကြည် (၄၆)နှစ်ဖြစ်ကြောင်း၊ သေဆုံးသူ၏ အခင်းဖြစ်စဉ် စီးနင်းခဲ့သောဆိုင်ကယ်အား အ​ေ​လာင်း​တွေ့သည်​့ ဩဂုတ်​ ၄ရက်​တွင်​ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့၊ အမှတ် (၆)ရပ်ကွက်၌ ၄င်​း၏ သမီးဖြစ်သူ မသက်မာခိုင်မှ ​ရောင်းချခဲ့ကြောင်း ရဲတပ်​ဖွဲ့က သိရှိခဲ့သည်​။

ထို့​ကြောင်​့ ဩဂုတ်​ ၁ဝရက်​တွင်​ အမှုစစ်အဖွဲ့ဖြစ်သည့် ကဝမြို့မရဲစခန်းမှူး ဒုရဲမှူး ခိုင်သန်း နှင့် အဖွဲ့မှ မသက်မာခိုင်နှင့် ခင်ပွန်းဖြစ်သူ ရန်နိုင်အောင်တို့အား အဖွဲ့များခွဲ၍ ဆက်​လက်​ စစ်ဆေးခဲ့သည်​။

စစ်​​ဆေးချက်​အရ ဩဂုတ်​ ၃ရက်​ ညနေ ၄နာရီခန်​့တွင် ၄င်းတို့ထံသို့ မိခင်ဖြစ်သူ ဒေါ်အမာကြည် ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူ ဦးခင်မောင်ကြည်မှ ၄င်းအား အရှက်ခွဲ အနိုင်ကျင့်ခြင်း၊ ညှင်းပန်းနှိပ်စက်မှုများကြောင့်ဟုဆိုကာ မိခင် ဖြစ်သူ၏ အကူအညီ တောင်းခံခဲ့​ကြောင်​း၊

ထို့​ကြောင်​့ ဆိုင်ကယ်ဖြင့်လာသော ဦးခင်မောင်ကြည်အား ခရုဘုရားနှင့် ကံဘဲ့ကျေးရွာအကြားရှိ ကြက်ရိုးရေချမ်းစင် အနီးတွင် ဒေါ်အမာကြည်၊ ရန်နိုင်အောင်၊ သမက်ဖြစ်သူ ဝက်ကြီး တို့မှ ပေါက်တူး၊ ၀ါးစိမ်းတုတ်၊ သစ်သားတုတ် တို့ဖြင့် ဝိုင်းဝန်း ရိုက်နှက်ခဲ့၍ ဦးခင်မောင်ကြည် မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်​။

ထို့​နောက်​ ရန်နိုင်အောင်နှင့် သက်မာခိုင် တို့မှ စက်လှေ အား သွားရောက်ဌားရမ်းခဲ့ပြီး ဒေါ်အမာကြည်၊ ဝက်ကြီးတို့နှင့် ပူးပေါင်း၍ အလောင်းအား စက်လှေတွင် ကြိုးဖြင့် ချည်နှောင်ကာ ဆည်မချောင်းအတိုင်း ကမ်းမြောင်ကျေးရွာဘက်သို့ မောင်းနှင်လာခဲ့ပြီး ……

ဆည်မချောင်းကမ်းစပ်၊ သမန်းချုံပင်များအကြား ရေထဲတွင် နိုင်လွန်ကြိုးဖြင့်ချည်၍ အလောင်းအား စွန့်ပစ်ဖျောက်ဖျက်ခဲ့သည်​။သေဆုံးသူ စီးနင်းခဲ့သည့် ဆိုင်ကယ်အား သက်မာခိုင်နှင့် ရန်နိုင်အောင်တို့မှ အမှတ်(၆)ရပ်ကွက်တွင် ပြန်လည်ရောင်းချခဲ့ကြောင်းလည်​း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်​အရ ပေါ်ပေါက်ခဲ့သည်။

ထိုသို့ အမှုမှ ကျူးလွန်​သူ ဒေါ်အမာကြည်၊ ရန်နိုင်အောင်၊ သက်မာခိုင် နှင့် ဝက်ကြီး တို့ (၄)ဦးအား ဩဂုတ်​ ၁ဝရက်တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပ​ဒေနှင့်အညီ အမြန် တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်​နေ​ကြောင်​း သတင်​းထုတ်​ပြန်​ထားသည်​။ဓာတ်​ပုံ-ပဲခူးတိုင်​း​ဒေသကြီးရဲတပ်​ဖွဲ့