ကမ္းနားလမ္းညေဈးတန္းမ်ားအတြက္ သတင္းေကာင္း

186

ကမ္းနားလမ္းညေဈးတန္းအား ႏိုင္ငံတကာအဆင့္မီ ေဈးျဖစ္ရန္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ႏွင့္ ပုဂၢလိကကုမၸဏီတို႔ ပူးေပါင္းေဆာင္႐ြက္မည္

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီကြပ္ကြဲမႈေအာက္ရွိ ကမ္းနားလမ္း ညေဈး တန္းကို Yangon Night Market Project အျဖစ္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္း လုပ္ငန္းအတြက္ A 25 Myanmar Development Co.,Ltd မွ ရွင္းလင္းတင္ျပျခင္း အခမ္းအနားကို ဇန္နဝါရီ ၂၅ ရက္ မြန္းလြဲ ၂ နာရီတြင္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမရွိ အစည္း အေဝးခန္းမ(၄)၌ က်င္းပခဲ့သည္။

ရည္႐ြယ္

ရန္ကုန္ၿမိဳ႕၏ ၿမိဳ႕တြင္းလမ္းမႀကီးမ်ားတြင္ရွိေသာ လမ္းေဘး ေဈးသည္မ်ားအား ကမ္းနားလမ္းတြင္ေရာင္း ခ်ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ အေရွ႕အေနာက္သြားသည့္လမ္းမႀကီးမ်ား၌ ယာဥ္ေၾကာက်ပ္တည္းမႈျပႆနာမ်ားႏွင့္ လမ္း ေလွ်ာက္သြားလာသူမ်ား အဆင္ေျပစြာသြား လာႏိုင္ေရးေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ ယင္းသို႔ ေဆာင္႐ြက္ရာတြင္ အတန္အသင့္ေအာင္ျမင္ မႈမ်ားရရွိခဲ့ၿပီး လိုအပ္သည့္ဝန္ေဆာင္မႈမ်ား ကိုလည္း ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ ႏိုင္ငံ တကာအဆင့္မီေဈးျဖစ္ေစရန္အတြက္ ယခု ကဲ့သို႔ ပုဂၢလိက ကုမၸဏီႏွင့္ ပူးေပါင္းေဆာင္ ႐ြက္ျခင္းပင္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာ ယာေရးေကာ္မတီ အတြင္းေရးမႉး ေဒၚလႈိင္ေမာ္ဦးက အဖြင့္အမွာစကား ေျပာဆိုစဥ္ ထည့္သြင္းေျပာဆို ခဲ့သည္။

ရွင္းလင္းတင္ျပ

ဆက္လက္၍ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီ ေဈးမ်ားဌာန ဌာနမႉး ဦးသန္းထိုက္က လက္ရွိဖြင့္လွစ္ထားရွိေသာ ညေဈးတန္းအေျခအေနႏွင့္ အဆင့္ျမႇင့္တင္ ေဆာင္႐ြက္မည့္ လုပ္ငန္းပိုင္းဆိုင္ရာ တို႔ကို အက်ယ္တဝင့္ ရွင္းလင္းေျပာၾကားသည္။

ခန္႔မွန္းရင္းႏွီးျမႇဳပ္ႏွံ

ထို႔ေနာက္ A 25 Myanmar Development Co.,Ltd မွ ဒါ႐ိုက္တာ ေဒၚစုခိုင္သိန္း က ကမ္းနားလမ္းညေဈးတန္းကို ဇုန္ခုနစ္ခု သတ္မွတ္၍ အဆင့္ျမႇင့္လုပ္ေဆာင္ရန္အခ်က္ အလက္မ်ား၊ ဆိုင္ခန္းခမ်ား သက္သာေစရန္ စီစဥ္ေဆာင္႐ြက္ထားရွိမႈမ်ား၊ အမႈိက္စြန္႔ပစ္ ျခင္းႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရး၊ မီးေဘး လုံၿခဳံေရးစနစ္၊ က်န္းမာေရးစင္တာ၊ ေဖ်ာ္ေျဖ ေရးအစီအစဥ္စသည့္ ေခတ္မီသန္႔ရွင္းလွပေစ ေသာ ကမ္းနားလမ္းညေဈးတန္းျဖစ္ေပၚလာ ေရးအတြက္ ႀကိဳတင္ေဆာင္႐ြက္ထားရွိမႈမ်ား ႏွင့္ခန္႔မွန္းရင္းႏွီးျမႇဳပ္ႏွံမႈေငြက်ပ္ ၂ ဒသမ ၆ ဘီလီယံသုံးစြဲသြားမည့္အေျခအေနတို႔ကို အေသး စိတ္ရွင္းလင္းေျပာၾကားခဲ့ၾကသည္။The Myanmar Times Daily Newspaper – Myanmar Version

Unicode

ကမ်းနားလမ်းညဈေးတန်းအား နိုင်ငံတကာအဆင့်မီ ဈေးဖြစ်ရန် ရန်ကုန်မြို့တော်စည်ပင်နှင့် ပုဂ္ဂလိကကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကွပ်ကွဲမှုအောက်ရှိ ကမ်းနားလမ်း ညဈေး တန်းကို Yangon Night Market Project အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း လုပ်ငန်းအတွက် A 25 Myanmar Development Co.,Ltd မှ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှိ အစည်း အဝေးခန်းမ(၄)၌ ကျင်းပခဲ့သည်။

ရည်ရွယ်

ရန်ကုန်မြို့၏ မြို့တွင်းလမ်းမကြီးများတွင်ရှိသော လမ်းဘေး ဈေးသည်များအား ကမ်းနားလမ်းတွင်ရောင်း ချနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ အရှေ့အနောက်သွားသည့်လမ်းမကြီးများ၌ ယာဉ်ကြောကျပ်တည်းမှုပြဿနာများနှင့် လမ်း လျှောက်သွားလာသူများ အဆင်ပြေစွာသွား လာနိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် အတန်အသင့်အောင်မြင် မှုများရရှိခဲ့ပြီး လိုအပ်သည့်ဝန်ဆောင်မှုများ ကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံ တကာအဆင့်မီဈေးဖြစ်စေရန်အတွက် ယခု ကဲ့သို့ ပုဂ္ဂလိက ကုမ္ပဏီနှင့် ပူးပေါင်းဆောင် ရွက်ခြင်းပင်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက အဖွင့်အမှာစကား ပြောဆိုစဉ် ထည့်သွင်းပြောဆို ခဲ့သည်။

ရှင်းလင်းတင်ပြ

ဆက်လက်၍ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဈေးများဌာန ဌာနမှူး ဦးသန်းထိုက်က လက်ရှိဖွင့်လှစ်ထားရှိသော ညဈေးတန်းအခြေအနေနှင့် အဆင့်မြှင့်တင် ဆောင်ရွက်မည့် လုပ်ငန်းပိုင်းဆိုင်ရာ တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ခန့်မှန်းရင်းနှီးမြှုပ်နှံ

ထို့နောက် A 25 Myanmar Development Co.,Ltd မှ ဒါရိုက်တာ ဒေါ်စုခိုင်သိန်း က ကမ်းနားလမ်းညဈေးတန်းကို ဇုန်ခုနစ်ခု သတ်မှတ်၍ အဆင့်မြှင့်လုပ်ဆောင်ရန်အချက် အလက်များ၊ ဆိုင်ခန်းခများ သက်သာစေရန် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ အမှိုက်စွန့်ပစ် ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မီးဘေး လုံခြုံရေးစနစ်၊ ကျန်းမာရေးစင်တာ၊ ဖျော်ဖြေ ရေးအစီအစဉ်စသည့် ခေတ်မီသန့်ရှင်းလှပစေ သော ကမ်းနားလမ်းညဈေးတန်းဖြစ်ပေါ်လာ ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုများ နှင့်ခန့်မှန်းရင်းနှီးမြှုပ်နှံမှုငွေကျပ် ၂ ဒသမ ၆ ဘီလီယံသုံးစွဲသွားမည့်အခြေအနေတို့ကို အသေး စိတ်ရှင်းလင်းပြောကြားခဲ့ကြသည်။The Myanmar Times Daily Newspaper – Myanmar Version