ျပင္ဦးလြင္နဲ႔ေနာင္ခ်ိဳက မိသားစုေတြ ေဘးအႏၱရာယ္ကင္းျကပါေစ…

575

ျပင္ဦးလြင္မွာ သတိ႐ွိၾကပါ။ ေနာင္ခ်ိဳဂိတ္နားေတြမွာ တိုက္ပြဲျဖစ္ေနတာပါ….

ေနာင္ခ်ိဳတပ္ေတြေကာ ဝင္ခ်ေနလို႔ တိုက္ပြဲဖစ္ေနပါတယ္။ဂုတ္တြင္း တပ္စခန္းကိုလဲ ဝင္ခ်ေနလို႔ တိုက္ပြဲျဖစ္ေနပါတယ္။

ျပင္ဦးလြင္ DSTA ကို လက္နက္ႀကီးနဲ႔ လွမ္းပစ္ပါတယ္။ ဗိုလ္ေလာင္းေတြ ထိခိုက္မႈမရိွပါ အရပ္သားတစ္ဦးထိတယ္လို႔ေတာ့ သိရပါတယ္။

ဝင္ခ်တဲ့အဖြဲ႔က ေျမာက္ပိုင္းမာဟာမိတ္ေလးဖြဲ႔က TNLA(ပေလာင္)နဲ႔ SSPP SSA (ေျမာက္ပိုင္း ႐ွမ္း)အဖြဲ႔ေတြ ျဖစ္ပါတယ္။

သူတို႔မဟာမိတ္ AA(ရခိုင္အၾကမ္းဖက္အဖြဲ႔)အေျခအေန မေကာင္းလို႔ ဒီဘက္မွာ စစ္မ်က္ႏွာဖြင့္တဲ့သေဘာပါ။

ျပင္ဦးလြင္က မိသားစုေတြ အသြားအလာ ဆင္ျခင္ႏိုင္ဖို႔ပါ။

တပ္မေတာ္က ၿငိမ္းခ်မ္းေရး တစ္ကယ္လိုခ်င္လို႔ တစ္ဖက္သတ္ အပစ္ရပ္ေပးထားတာ အားလံုးအသိျဖစ္ပါတယ္ ။

ခုလိုအခ်ိန္မွာ ဘယ္သူမွ စိတ္မဝင္စားပါဘူး ….ျပင္ဦးလြင္ၿမိဳ႕ကို ဝင္ခ်လဲ ဘာသံမွ ထြက္မွာ မဟုတ္ပါဘူး။

အဲ တပ္မေတာ္က ထိုးစစ္ဆင္ၿပီ ဆိုရင္ေတာ့ အခ်ိန္ကိုက္ စစ္ပြဲေနေတြရပ္တို႔ ဘာတို႔ညာတို႔ အခ်ိန္ကိုက္ေပၚလာပါလိမ့္မယ္။

ၿငိမ္းခ်မ္းေရးဆုေတာင္းပြဲေတြ ၿငိမ္းခ်မ္းေရးဂီတပြဲေတြေပၚလာပါလိမ့္မယ္။ သတိထားၿပီး ေစာင့္ၾကည့္ေနၾကည့္ပါ။

ျပင္ဦးလြင္နဲ႔ေနာင္ခ်ိဳက မိသားစုေတြ ေဘးအႏၱရာယ္ကင္းျကပါေစ…..။Cd_Aung ko san min

#ျပင္ဦးလြင္ၿမိဳ႕ေရွာင္လမ္းအနီးက ေတာင္ကုန္းတစ္ခုမွာ ေသာင္းက်န္းသူေတြ ၿမိဳ႕ထဲကုိပစ္ခတ္ဖို႕ စီစဥ္ထားတဲ႕ ဘတၳရီေရွာ့တုိက္ဒုံးေတြပါ တပ္မေတာ္ကသာ အခ်ိန္မီနယ္ေျမရွင္းလင္းေရးသာမလုပ္ခဲ႕မိရင္ မေတြးဝံ႔စရာပါ။

#မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ျပင္ဦးလြင္ၿမိဳ႕ရွိ တပ္မေတာ္နည္းပညာတကၠသိုလ္၊ ေနာင္ခ်ိဳၿမိဳ႕သို႔အထြက္ ျပင္ဦးလြင္တိုးဂိတ္၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ဂုတ္တြင္း ရဲစခန္း၊ ေက်ာက္မဲၿမိဳ႕သို႔အထြက္ ေနာင္ခ်ိဳတိုးဂိတ္၊ မူးယစ္ေဆးဝါးစစ္ေဆးေရးဂိတ္ႏွင့္ နယ္ေျမခံ တပ္ရင္းဌာနခ်ဳပ္တစ္ခုတို႔အား ….

ယေန႔နံနက္ ၅ နာရီခြဲခန္႔တြင္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက လက္နက္ႀကီး/လက္နက္ငယ္မ်ားျဖင့္ လာေရာက္ေႏွာင့္ယွက္ ပစ္ခတ္တိုက္ခိုက္ခဲ့သျဖင့္ တပ္မေတာ္သား ၁ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး အျပစ္မဲ့အရပ္သားဝန္ထမ္း ၁ ဦး ေသဆံုးခဲ့ေၾကာင္းသတင္းရရွိပါသည္။

ျဖစ္စဥ္မွာ ျပင္ဦးလြင္ၿမိဳ႕ရွိ တပ္မေတာ္နည္းပညာတကၠသိုလ္အား အဆိုပါေက်ာင္း၏ အေရွ႕ဘက္ ျပင္ဦးလြင္-လားရိႈးကားလမ္း၏ အေရွ႕ဘက္ျခမ္းမွ ၁၀၇ မမ ေရွာ့တိုက္ဒံုးသီးမ်ားျဖင့္လည္းေကာင္း၊ ေအးရွားေဝါလ္တိုးဂိတ္ႏွင့္ အဆိုပါတိုးဂိတ္ရွိ မူးယစ္ေဆးဝါးစစ္ေဆးေရးဂိတ္တို႔အား ေမာ္ေတာ္ယာဥ္ ၁ စီးေပၚမွ အရပ္ဝတ္ ဝတ္ဆင္ထားသူ ၂ ဦးမွ အာရ္ပီဂ်ီျဖင့္လည္းေကာင္း၊

ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ဂုတ္တြင္းရဲကင္းစခန္း၊ ေက်ာက္မဲသို႔အထြက္ ေနာင္ခ်ိဳတိုးဂိတ္ႏွင့္ နယ္ေျမခံတပ္ရင္းဌာနခ်ဳပ္အား နံနက္ ၅ နာရီခြဲခန္႔တြင္ တစ္ခ်ိန္တည္းတၿပိဳင္တည္း အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ေႏွာင့္ယွက္ ပစ္ခတ္ခဲ့သျဖင့္ မိမိဘက္မွ ျပန္လည္ပစ္ခတ္တိုက္ခိုက္ခဲ့သည္။

ျဖစ္စဥ္ျဖစ္ပြားလွ်င္ ျဖစ္ခ်င္း တပ္မေတာ္စစ္ေၾကာင္းမ်ားက ဂုတ္တြင္းရဲကင္းစခန္း၊ ေနာင္ခ်ိဳတိုးဂိတ္ ႏွင့္ ေအးရွားေဝါလ္တိုးဂိတ္တို႔အား စစ္ကူမ်ားသြားေရာက္ ပူးေပါင္းခဲ့ၿပီး ဆက္လက္နယ္ေျမ ရွင္းလင္းစဥ္ တပ္မေတာ္နည္းပညာတကၠသိုလ္၏ အေရွ႕ဘက္ ျပင္ဦးလြင္-လားရိႈးကားလမ္း၏ အေရွ႕ဘက္ျခမ္းရွိ ေတာင္ကုန္းေပၚမွ ……

ဘတၳရီအိုး၊ ဝါယာႀကိဳးမ်ားႏွင့္ ခ်ိတ္ဆက္ထားသည့္ Type 63 ၁၀၇ မီလီမီတာ အမ်ိဳးအစားဒံုးသီး ၆ လံုး၊ေရွာ့တိုက္ဒံုးမ်ား ပစ္ခတ္ရန္ အသင့္ျပဳလုပ္ထားသည့္ ေနရာမ်ားႏွင့္ ဘတၳရီအိုး ၁ လံုးတို႔အား ေတြ႕ရွိရသည္။

ေနာင္ခ်ိဳမူးယစ္ေဆးဝါးစစ္ေဆးေရးဂိတ္ႏွင့္ ဂုတ္တြင္းရဲကင္းစခန္းေနရာမ်ားတြင္ မိမိ တပ္မေတာ္ စစ္ေၾကာင္းမ်ားႏွင့္ ထိေတြ႔တိုက္ခိုက္မႈမ်ား ျဖစ္ပြားလ်က္ရိွၿပီး အေသးစိတ္သတင္းမ်ား ရရိွပါက ဆက္လက္၍ သတင္းထုတ္ျပန္သြားမည္ျဖစ္သည္။

တပ္မေတာ္အေနျဖင့္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည့္ ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးႏွင့္ထာဝရၿငိမ္းခ်မ္းေရးအတြက္ ထုတ္ျပန္ခ်က္စာပိုဒ္(၇)၌ “ ႏိုင္ငံေတာ္ အစိုးရ၏ အုပ္ခ်ဳပ္မႈယႏၱရားအဆင့္တြင္လည္းေကာင္း၊

လမ္းပန္းဆက္သြယ္မႈလံုၿခံဳ ေခ်ာေမြ႕ေစေရးတြင္ လည္းေကာင္း၊ ျပည္သူလူထု၏အသက္အိုးအိမ္စည္းစိမ္းႏွင့္ အက်ိဳးစီးပြားမ်ားကိုလည္းေကာင္း ထိခိုက္မႈမျဖစ္ေစရန္အတြက္ တာဝန္ယူရမည္ ” ျဖစ္ေၾကာင္းႏွင့္ ေဖာက္ဖ်က္လာပါက တပ္မေတာ္ အေနျဖင့္ လိုအပ္သလို တားဆီးေဆာင္ရြက္သြားမည္ဟု ထုတ္ျပန္ခဲ့ၿပီးျဖစ္ရာ လိုအပ္သည္မ်ား ဆက္လက္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သတင္းရရိွသည္။ျပင္ဦးလြင္သတင္း

unicode

ပြင်ဦးလွင်မှာ သတိရှိကြပါ။ နောင်ချိုဂိတ်နားတွေမှာ တိုက်ပွဲဖြစ်နေတာပါ….

နောင်ချိုတပ်တွေကော ဝင်ချနေလို့ တိုက်ပွဲဖစ်နေပါတယ်။ဂုတ်တွင်း တပ်စခန်းကိုလဲ ဝင်ချနေလို့ တိုက်ပွဲဖြစ်နေပါတယ်။

ပြင်ဦးလွင် DSTA ကို လက်နက်ကြီးနဲ့ လှမ်းပစ်ပါတယ်။ ဗိုလ်လောင်းတွေ ထိခိုက်မှုမရှိပါ အရပ်သားတစ်ဦးထိတယ်လို့တော့ သိရပါတယ်။

ဝင်ချတဲ့အဖွဲ့က မြောက်ပိုင်းမာဟာမိတ်လေးဖွဲ့က TNLA(ပလောင်)နဲ့ SSPP SSA (မြောက်ပိုင်း ရှမ်း)အဖွဲ့တွေ ဖြစ်ပါတယ်။

သူတို့မဟာမိတ် AA(ရခိုင်အကြမ်းဖက်အဖွဲ့)အခြေအနေ မကောင်းလို့ ဒီဘက်မှာ စစ်မျက်နှာဖွင့်တဲ့သဘောပါ။

ပြင်ဦးလွင်က မိသားစုတွေ အသွားအလာ ဆင်ခြင်နိုင်ဖို့ပါ။

တပ်မတော်က ငြိမ်းချမ်းရေး တစ်ကယ်လိုချင်လို့ တစ်ဖက်သတ် အပစ်ရပ်ပေးထားတာ အားလုံးအသိဖြစ်ပါတယ် ။

ခုလိုအချိန်မှာ ဘယ်သူမှ စိတ်မဝင်စားပါဘူး ….ပြင်ဦးလွင်မြို့ကို ဝင်ချလဲ ဘာသံမှ ထွက်မှာ မဟုတ်ပါဘူး။

အဲ တပ်မတော်က ထိုးစစ်ဆင်ပြီ ဆိုရင်တော့ အချိန်ကိုက် စစ်ပွဲနေတွေရပ်တို့ ဘာတို့ညာတို့ အချိန်ကိုက်ပေါ်လာပါလိမ့်မယ်။

ငြိမ်းချမ်းရေးဆုတောင်းပွဲတွေ ငြိမ်းချမ်းရေးဂီတပွဲတွေပေါ်လာပါလိမ့်မယ်။ သတိထားပြီး စောင့်ကြည့်နေကြည့်ပါ။

ပြင်ဦးလွင်နဲ့နောင်ချိုက မိသားစုတွေ ဘေးအန္တရာယ်ကင်းကြပါစေ။Cd_Aung ko san min

#ပြင်ဦးလွင်မြို့ရှောင်လမ်းအနီးက တောင်ကုန်းတစ်ခုမှာ သောင်းကျန်းသူတွေ မြို့ထဲကိုပစ်ခတ်ဖို့ စီစဉ်ထားတဲ့ ဘတ္ထရီရှော့တိုက်ဒုံးတွေပါ တပ်မတော်ကသာ အချိန်မီနယ်မြေရှင်းလင်းရေးသာမလုပ်ခဲ့မိရင် မတွေးဝံ့စရာပါ။

#မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်၊ နောင်ချိုမြို့သို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့သို့အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်တစ်ခုတို့အား ….

ယနေ့နံနက် ၅ နာရီခွဲခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အပြစ်မဲ့အရပ်သားဝန်ထမ်း ၁ ဦး သေဆုံးခဲ့ကြောင်းသတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အား အဆိုပါကျောင်း၏ အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းမှ ၁၀၇ မမ ရှော့တိုက်ဒုံးသီးများဖြင့်လည်းကောင်း၊ အေးရှားဝေါလ်တိုးဂိတ်နှင့် အဆိုပါတိုးဂိတ်ရှိ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်တို့အား မော်တော်ယာဉ် ၁ စီးပေါ်မှ အရပ်ဝတ် ဝတ်ဆင်ထားသူ ၂ ဦးမှ အာရ်ပီဂျီဖြင့်လည်းကောင်း၊

နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းရဲကင်းစခန်း၊ ကျောက်မဲသို့အထွက် နောင်ချိုတိုးဂိတ်နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်အား နံနက် ၅ နာရီခွဲခန့်တွင် တစ်ချိန်တည်းတပြိုင်တည်း အကြမ်းဖက်သောင်းကျန်းသူများက နှောင့်ယှက် ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားလျှင် ဖြစ်ချင်း တပ်မတော်စစ်ကြောင်းများက ဂုတ်တွင်းရဲကင်းစခန်း၊ နောင်ချိုတိုးဂိတ် နှင့် အေးရှားဝေါလ်တိုးဂိတ်တို့အား စစ်ကူများသွားရောက် ပူးပေါင်းခဲ့ပြီး ဆက်လက်နယ်မြေ ရှင်းလင်းစဉ် တပ်မတော်နည်းပညာတက္ကသိုလ်၏ အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းပေါ်မှ ……

ဘတ္ထရီအိုး၊ ဝါယာကြိုးများနှင့် ချိတ်ဆက်ထားသည့် Type 63 ၁၀၇ မီလီမီတာ အမျိုးအစားဒုံးသီး ၆ လုံး၊ရှော့တိုက်ဒုံးများ ပစ်ခတ်ရန် အသင့်ပြုလုပ်ထားသည့် နေရာများနှင့် ဘတ္ထရီအိုး ၁ လုံးတို့အား တွေ့ရှိရသည်။

နောင်ချိုမူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် ဂုတ်တွင်းရဲကင်းစခန်းနေရာများတွင် မိမိ တပ်မတော် စစ်ကြောင်းများနှင့် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိပြီး အသေးစိတ်သတင်းများ ရရှိပါက ဆက်လက်၍ သတင်းထုတ်ပြန်သွားမည်ဖြစ်သည်။

တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်စာပိုဒ်(၇)၌ “ နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်မှုယန္တရားအဆင့်တွင်လည်းကောင်း၊

လမ်းပန်းဆက်သွယ်မှုလုံခြုံ ချောမွေ့စေရေးတွင် လည်းကောင်း၊ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်းနှင့် အကျိုးစီးပွားများကိုလည်းကောင်း ထိခိုက်မှုမဖြစ်စေရန်အတွက် တာဝန်ယူရမည် ” ဖြစ်ကြောင်းနှင့် ဖောက်ဖျက်လာပါက တပ်မတော် အနေဖြင့် လိုအပ်သလို တားဆီးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ပြင်ဦးလွင်သတင်း