နောင်ချို မူးယစ်ဂိတ်နှင့်ကားများအား မီးရှို့ပစ်ပြီး အဆောက်အဦအတွင်းမှ ဝန်ထမ်းများကို ဖမ်းဆီးခေါ်ဆောင်သွားသည့် VDO ဖိုင် ထွက်ပေါ်
6892
နောင်ချို မူးယစ်ဂိတ်နှင့်ကားများအား မီးရှို့ပစ်ပြီး အဆောက်အဦအတွင်းမှ ဝန်ထမ်းများကို ဖမ်းဆီးခေါ်ဆောင်သွားသည့် VDO ဖိုင် ထွက်ပေါ်
နောင်ချို မူးယစ်ဂိတ်နှင့်ကားများအား မီးရှို့ပစ်ပြီး အဆောက်အဦအတွင်းမှ ဝန်ထမ်းများကို ဖမ်းဆီးခေါ်ဆောင်သွားသည့် VDO ဖိုင် ထွက်ပေါ်
unicode
BREAKING NEWS ၂၀၁၉ ခုနှစ် သြဂုတ် ၁၅ ရက်…..ပြင်ဦးလွင်မြို့တပ်မတော်နည်းပညာတက္ကသိုလ်အား TNLA သောင်းကျန်းသူအဖွဲ့မှ လက်နက်ကြီးဖြင့် အဝေးမှပစ်ခတ်တိုက်ခိုက်ခြင်းခံရ ၊ အရပ်သား ၁ ဦးသေဆုံး ၊ အရာရှိ၁ ဦးနှင့် အရပ်သား ၂ ဦးဒဏ်ရာရ
၂၀၁၉ ခုနှစ် သြဂုတ်လ ၁၅၀၅၃၀ ချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရှိ တပ်မတော်နည်းပညာတက္ကသိုလ် ( DSTA ေ) ကျာင်းသို့ သောင်းကျန်းသူအဖွဲ့(စိစစ်ဆဲ)မှ အဝေးမှလက်နက်ကြီးဖြင့်(၆)ကြိမ် နှောက်ယှက်ပစ်ခတ်ခဲ့ရာ ….
DSTA စားရိပ်သာအနီးကျည်တချို့ကျရောက်ပေါက်ကွဲခဲ့သဖြင့် စားရိပ်သာ ဝိတ်တာဝန်ထမ်း(အရပ်သားထမင်းချက် ) တစ်ဦးနှင့် အရာရှိတစ်ဦး ၊ အမျိုးသမီး တစ်ဦးတို့ အား လနက ကျည်စတချို့ထိမှန်ဒဏ်ရာရရှိခဲ့ပြီး …..
အရပ်သားဝန်ထမ်း(တစ်ဦး)သေဆုံးသွားကြောင်း စစ်ဘက်အရာရှိကြီးတစ်ဦး၏အတည်ပြုပြောကြားချက်အရ သိရှိရ ။လာရောက်နှောက်ယှက် ပစ်ခတ်ရာသောင်းကျန်းသူအဖွဲ့နောက်သို့ တပ်မတော်စစ်ကြောင်းများမှလိုက်လံရှင်းလင်းလျက်ရှိကြောင်း…..
အလားတူ နောင်ချို ၊ ဂုတ်တွင်း toll gate အနီးမူးယစ်စစ်ဆေးရေဂိတ်တွင် ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် အရပ်ကားတစ်စီးထိမှန်ခဲ့ကြောင်းကနဦးသတင်းများအရသိရှိရသည် ။
အထူးသတိပေးချက် 15.8.2019 6am
ယနေ့နံနက်ပိုင်းအချိန်ကဂုတ်တွင်း၌၎င်း ကျောက်ကြမ်း ရွာအနီး၌၎င်းတိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်မှုများပင်ပါဝင်ကြောင်းကြားသိရပါသည်။ဂုတ်တွင်း၌အခြေအနေဆိုးသည်ဟုသိရပါသည်။
နောင်ချိုတိုးဂိတ် ဘန့်ဘေးတိုးဂိတ်တို့တွင်ကားများကိုခေတ္တတားထားပါသည်။အခြေအနေပြန်တင်ပေးပါမည်။ယာဉ်မောင်းများခရီးသွားများအထူးသတိရှိပါ။
နောက်ဆုံးရရှိသောသတင်းများအရနောင်ချိုအောက်ရှိ မူးယစ်စစ်ဆေးသည့်နေရာမီးရှိုခံရပြီးလက်နက်ကိုင်အဖွဲ့ များနောင်ချိုတိုးဂိတ်ကိုဝိုင်းထားသည့်အတွက်ဝန်ထမ်း တွေပိတ်မိနေပါတယ်။
နောင်ပိန်ဇီးပင်နားမှာလည်းသေနတ်သံတွေကြားရပြီး ကားတွေပိတ်မိနေပါတယ်။Ko Nay Ko Nay