စစ္သားတစ္ေယာက္ရဲ႕ရင္ထဲကခံစားခ်က္….

368

ကြ်န္ေတာ္စစ္သားပါ ……

သူပုန္ေသရင္ ဝမ္းနည္းေၾကာင္းသဝဏ္လႊာပို႔ျပီး စစ္တပ္ကရဲေဘာ္တိုက္ပြဲက်ေတာ့ “မ်က္ရည္မျခဴနဲ႕”လို႔ေျပာတဲ့ တိုင္းျပည္မွာ ကြ်န္ေတာ္ စစ္သားလုပ္ေနပါတယ္ ။

သူပုန္ကအင္အားနည္းတဲ့တပ္ စခန္းေတြဝင္ျပီးသတ္ျဖတ္ေတာ့ စစ္ပြဲရဲ႕သဘာဝလို႔ေျပာျပီး တပ္ကသူပုန္ကိုရွင္းေတာ့ “စစ္ပြဲရပ္” ဆိုင္းဘုတ္ကိုင္ လမ္းေပၚထြက္မတ္တတ္ရပ္ျပၾကတဲ့ တိုင္းျပည္မွာကြ်န္ေတာ္ စစ္သားလုပ္ေနပါတယ္ ။

သူပုန္ကေသနတ္ဝင္လုေတာ့ ေက်ာင္းသားေလးေတြမို႔ပါ လို႔ေျပာျပီး ကိုယ့္ေသနတ္ကိုဝင္လုလို႔ ေသနတ္နဲ႕ျပန္ပစ္ေတာ့ တရားစြဲေထာင္ခ်ခံရတဲ့တိုင္းျပည္မွာ ကြ်န္ေတာ္စစ္သားလုပ္ေနပါတယ္ ။

“လက္ပါးေစ”ေမြးခ်င္သူေတြကေပးတဲ့ ေဒါက္တာဆိုတာနဲ႕ ဘဝင္ေလဟပ္ေနၾကသူေတြက စစ္သားဆိုတာ ၃ ေယာက္ေပါင္း ခုႏွစ္တန္းမေအာင္ဘူးလို႔ အပုတ္ခ်တဲ့ ႏိုင္ငံေရးသမားေတြရွိတဲ့တိုင္းျပည္မွာ ကြ်န္ေတာ္ စစ္သားလုပ္ေနပါတယ္ ။

ကိုယ္တိုင္းရင္းသားေတြ ရက္ရက္စက္စက္သတ္ခံရလို႔ အၾကမ္းဖက္အျဖစ္သတ္မွတ္ဖို႔အဆို တင္ေတာ့ မဲ ရံႈးျပီး တိုင္းရင္းသားေတြကာကြယ္တဲ့ တပ္မေတာ္ကို ႏိုင္ငံျခားသားေတြနဲ႕ေကာ္မရွင္ဖြဲ႕ အစစ္ခံရတဲ့တိုင္းျပည္မွာ ကြ်န္ေတာ္စစ္သားလုပ္ေနပါတယ္ ။

တိုင္းရင္းသားေတြ ရာခ်ီအသတ္ခံရ မ်ိဳးႏြယ္မတူတဲ့ ဟႏၵဴ ၅၀ ေက်ာ္ အစုလိုက္အျပံဳလိုက္ အသတ္ခံရတဲ့ အၾကမ္းဖက္မႈကို ဖံုးကြယ္ထားျပီးကိုယ့္တိုင္းရင္းသားေတြကာကြယ္တဲ့…..

စစ္ဆင္ေရးမွာ အၾကမ္းဖက္နဲ႕ ပတ္သက္သူ ၁၀ ဦး ေသဆံုးရမႈကို ႏိုင္ငံတကာသိေအာင္ဖြယ္ဖြယ္ရာရာ ေရးတတ္တဲ့သတင္းေထာက္ေတြရွိတဲ့ တိုင္းျပည္မွာ ကြ်န္ေတာ္စစ္သားလုပ္ေနပါတယ္ ။

စစ္ပြဲဆိုတာ ဒႆဂီရိနဲ႕ ရာမတို႔ေလးတင္ခန္းလို႔ နားလည္ျပီး “ျငိမ္းခ်မ္းေရးရဖို႔ စစ္တပ္ကတစ္ဖက္ သပ္အပစ္ရပ္လိုက္ရင္ျပီးတာပဲ” ေျပာတဲ့စာေရးဆရာေတြရွိတဲ့တိုင္းျပည္မွာကြ်န္ေတာ္စစ္သားလုပ္ေနပါတယ္ ။

တပ္မေတာ္အေၾကာင္း ေနာက္ေၾကာင္းျပန္ရင္ ၁၉၆၂ ခုႏွစ္ အာဏာသိမ္းတဲ့အထိသာ ေနာက္ေၾကာင္းျပန္တတ္ၾကျပီး ၁၉၄၁ ခုႏွစ္ တပ္မေတာ္စဖြဲ႕ျပီး လြတ္လပ္ေရးကိုတိုက္ယူေပးခဲ့တဲ့အထိေနာက္ေၾကာင္းမျပန္ရဲတဲ့ သမိုင္းဆရာေတြရွိတဲ့ တိုင္းျပည္မွာ ကြ်န္ေတာ္စစ္သားလုပ္ေနပါတယ္ ။

တိုင္းျပည္ေခါင္းေဆာင္လုပ္ဖို႔ “စစ္ေရးအေတြ႕အၾကံဳမလိုပါဘူး” ေျပာျပီးတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ေနရာကိုေတာ့အရပ္သားထားခ်င္တဲ့ သူေတြရွိတဲ့တိုင္းျပည္မွာ ကြ်န္ေတာ္စစ္သားလုပ္ေနပါတယ္ ။

စစ္သား ဆိုတာ ယူနီေဖာင္းအစိမ္းဝတ္ထားတာပဲထင္ျပီး”ဒီကေန႔စစ္ထဲဝင္ရင္ မနက္ဖန္စစ္သားျဖစ္တယ္” ဆိုတဲ့ ပညာရွင္ေတြရွိတဲ့တိုင္းျပည္မွာ ကြ်န္ေတာ္စစ္သားလုပ္ေနပါတယ္ ။

တပ္မေတာ္ေခါင္းေဆာင္ေတြ ခင္းတဲ့လမ္း၊တပ္မေတာ္ေခါင္းေဆာင္ေတြ ေဆာက္ထားတဲ့တံတားေပၚ ျဖတ္တပ္မေတာ္ေခါင္းေဆာင္ေတြထူ ေထာင္ခဲ့တဲ့စက္မႈဇံုမွာ လုပ္စားေနျပီး…..

တပ္မေတာ္ေခါင္းေဆာင္ေတြကို ICCလာဖမ္းပါလို႔ လူပံုအလယ္မွာ ထြက္ေအာ္ရဲၾကတဲ့ ျမန္မာစစ္စစ္ေတြရွိတဲ့တိုင္းျပည္မွာ ကြ်န္ေတာ္စစ္သားလုပ္ေနပါတယ္ ။

ကိုယ္ရပ္ကြက္မီးကင္းေတာင္ မေစာင့္ဘူးသူေတြက တိုင္းျပည္နဲ႕လူမ်ိဳးကိုကာကြယ္ ေစာင့္ေရွာက္တဲ့အလုပ္ဟာ စစ္ေသြးၾကြေနသူေတြရဲ႕အလုပ္လို႔ ဝါဒျဖန္႔တဲ့လူေတြရွိတဲ့ တိုင္းျပည္မွာကြ်န္ေတာ္ စစ္သားလုပ္ေနပါတယ္ ။

သူတို႔အတြက္ လူ႔အခြင့္အေရးဆိုတာအငမ္းမရ ေတာင္းဆိုေနၾကေပမယ့္ စစ္သားေတြ ေသေၾကက်ဆံုးေနတာ ေျခလက္အဂၤါေတြပ်က္စီးေနတာကို လူ႔အခြင့္အေရးထဲထည့္မတြက္တဲ့ လူအတၱေတြေနတဲ့တိုင္းျပည္မွာ ကြ်န္ေတာ္စစ္သားလုပ္ေနပါတယ္ ။

သူတို႔ကိုယ္သူတို႔ ျပည္သူ ျပည္သူ လို႔ ျပည္သူဆိုတဲ့စကားေစ်းေပါေပါသံုးျပီး စစ္သားျမင္ရင္ “စစ္ေခြး”လို႔ သံေယာင္လိုက္ေတြရွိတဲ့တိုင္းျပည္မွာ ကြ်န္ေတာ္စစ္သားလုပ္ေနပါတယ္ ။

အခုကြ်န္ေတာ္ စစ္ဆင္ေရးေရာက္ေနပါတယ္ ။ ဘယ္သူ႔အတြက္ ဘာအတြက္ အသက္စြန္႔လုပ္ရမယ္ဆိုတာ ကြဲကြဲျပားျပားမသိေတာ့တဲ့ တိုင္းျပည္မွာ ကြ်န္ေတာ္စစ္သားလုပ္ေနပါတယ္ ။Chaw Su Su

unicode

ကျွန်တော်စစ်သားပါ ……

သူပုန်သေရင် ဝမ်းနည်းကြောင်းသဝဏ်လွှာပို့ပြီး စစ်တပ်ကရဲဘော်တိုက်ပွဲကျတော့ “မျက်ရည်မခြူနဲ့”လို့ပြောတဲ့ တိုင်းပြည်မှာ ကျွန်တော် စစ်သားလုပ်နေပါတယ် ။

သူပုန်ကအင်အားနည်းတဲ့တပ် စခန်းတွေဝင်ပြီးသတ်ဖြတ်တော့ စစ်ပွဲရဲ့သဘာဝလို့ပြောပြီး တပ်ကသူပုန်ကိုရှင်းတော့ “စစ်ပွဲရပ်” ဆိုင်းဘုတ်ကိုင် လမ်းပေါ်ထွက်မတ်တတ်ရပ်ပြကြတဲ့ တိုင်းပြည်မှာကျွန်တော် စစ်သားလုပ်နေပါတယ် ။

သူပုန်ကသေနတ်ဝင်လုတော့ ကျောင်းသားလေးတွေမို့ပါ လို့ပြောပြီး ကိုယ့်သေနတ်ကိုဝင်လုလို့ သေနတ်နဲ့ပြန်ပစ်တော့ တရားစွဲထောင်ချခံရတဲ့တိုင်းပြည်မှာ ကျွန်တော်စစ်သားလုပ်နေပါတယ် ။

“လက်ပါးစေ”မွေးချင်သူတွေကပေးတဲ့ ဒေါက်တာဆိုတာနဲ့ ဘဝင်လေဟပ်နေကြသူတွေက စစ်သားဆိုတာ ၃ ယောက်ပေါင်း ခုနှစ်တန်းမအောင်ဘူးလို့ အပုတ်ချတဲ့ နိုင်ငံရေးသမားတွေရှိတဲ့တိုင်းပြည်မှာ ကျွန်တော် စစ်သားလုပ်နေပါတယ် ။

ကိုယ်တိုင်းရင်းသားတွေ ရက်ရက်စက်စက်သတ်ခံရလို့ အကြမ်းဖက်အဖြစ်သတ်မှတ်ဖို့အဆို တင်တော့ မဲ ရှုံးပြီး တိုင်းရင်းသားတွေကာကွယ်တဲ့ တပ်မတော်ကို နိုင်ငံခြားသားတွေနဲ့ကော်မရှင်ဖွဲ့ အစစ်ခံရတဲ့တိုင်းပြည်မှာ ကျွန်တော်စစ်သားလုပ်နေပါတယ် ။

တိုင်းရင်းသားတွေ ရာချီအသတ်ခံရ မျိုးနွယ်မတူတဲ့ ဟန္ဒူ ၅၀ ကျော် အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ အကြမ်းဖက်မှုကို ဖုံးကွယ်ထားပြီးကိုယ့်တိုင်းရင်းသားတွေကာကွယ်တဲ့…..

စစ်ဆင်ရေးမှာ အကြမ်းဖက်နဲ့ ပတ်သက်သူ ၁၀ ဦး သေဆုံးရမှုကို နိုင်ငံတကာသိအောင်ဖွယ်ဖွယ်ရာရာ ရေးတတ်တဲ့သတင်းထောက်တွေရှိတဲ့ တိုင်းပြည်မှာ ကျွန်တော်စစ်သားလုပ်နေပါတယ် ။

စစ်ပွဲဆိုတာ ဒဿဂီရိနဲ့ ရာမတို့လေးတင်ခန်းလို့ နားလည်ပြီး “ငြိမ်းချမ်းရေးရဖို့ စစ်တပ်ကတစ်ဖက် သပ်အပစ်ရပ်လိုက်ရင်ပြီးတာပဲ” ပြောတဲ့စာရေးဆရာတွေရှိတဲ့တိုင်းပြည်မှာကျွန်တော်စစ်သားလုပ်နေပါတယ် ။

တပ်မတော်အကြောင်း နောက်ကြောင်းပြန်ရင် ၁၉၆၂ ခုနှစ် အာဏာသိမ်းတဲ့အထိသာ နောက်ကြောင်းပြန်တတ်ကြပြီး ၁၉၄၁ ခုနှစ် တပ်မတော်စဖွဲ့ပြီး လွတ်လပ်ရေးကိုတိုက်ယူပေးခဲ့တဲ့အထိနောက်ကြောင်းမပြန်ရဲတဲ့ သမိုင်းဆရာတွေရှိတဲ့ တိုင်းပြည်မှာ ကျွန်တော်စစ်သားလုပ်နေပါတယ် ။

တိုင်းပြည်ခေါင်းဆောင်လုပ်ဖို့ “စစ်ရေးအတွေ့အကြုံမလိုပါဘူး” ပြောပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကိုတော့အရပ်သားထားချင်တဲ့ သူတွေရှိတဲ့တိုင်းပြည်မှာ ကျွန်တော်စစ်သားလုပ်နေပါတယ် ။

စစ်သား ဆိုတာ ယူနီဖောင်းအစိမ်းဝတ်ထားတာပဲထင်ပြီး”ဒီကနေ့စစ်ထဲဝင်ရင် မနက်ဖန်စစ်သားဖြစ်တယ်” ဆိုတဲ့ ပညာရှင်တွေရှိတဲ့တိုင်းပြည်မှာ ကျွန်တော်စစ်သားလုပ်နေပါတယ် ။

တပ်မတော်ခေါင်းဆောင်တွေ ခင်းတဲ့လမ်း၊တပ်မတော်ခေါင်းဆောင်တွေ ဆောက်ထားတဲ့တံတားပေါ် ဖြတ်တပ်မတော်ခေါင်းဆောင်တွေထူ ထောင်ခဲ့တဲ့စက်မှုဇုံမှာ လုပ်စားနေပြီး…..

တပ်မတော်ခေါင်းဆောင်တွေကို ICCလာဖမ်းပါလို့ လူပုံအလယ်မှာ ထွက်အော်ရဲကြတဲ့ မြန်မာစစ်စစ်တွေရှိတဲ့တိုင်းပြည်မှာ ကျွန်တော်စစ်သားလုပ်နေပါတယ် ။

ကိုယ်ရပ်ကွက်မီးကင်းတောင် မစောင့်ဘူးသူတွေက တိုင်းပြည်နဲ့လူမျိုးကိုကာကွယ် စောင့်ရှောက်တဲ့အလုပ်ဟာ စစ်သွေးကြွနေသူတွေရဲ့အလုပ်လို့ ဝါဒဖြန့်တဲ့လူတွေရှိတဲ့ တိုင်းပြည်မှာကျွန်တော် စစ်သားလုပ်နေပါတယ် ။

သူတို့အတွက် လူ့အခွင့်အရေးဆိုတာအငမ်းမရ တောင်းဆိုနေကြပေမယ့် စစ်သားတွေ သေကြေကျဆုံးနေတာ ခြေလက်အင်္ဂါတွေပျက်စီးနေတာကို လူ့အခွင့်အရေးထဲထည့်မတွက်တဲ့ လူအတ္တတွေနေတဲ့တိုင်းပြည်မှာ ကျွန်တော်စစ်သားလုပ်နေပါတယ် ။

သူတို့ကိုယ်သူတို့ ပြည်သူ ပြည်သူ လို့ ပြည်သူဆိုတဲ့စကားစျေးပေါပေါသုံးပြီး စစ်သားမြင်ရင် “စစ်ခွေး”လို့ သံယောင်လိုက်တွေရှိတဲ့တိုင်းပြည်မှာ ကျွန်တော်စစ်သားလုပ်နေပါတယ် ။

အခုကျွန်တော် စစ်ဆင်ရေးရောက်နေပါတယ် ။ ဘယ်သူ့အတွက် ဘာအတွက် အသက်စွန့်လုပ်ရမယ်ဆိုတာ ကွဲကွဲပြားပြားမသိတော့တဲ့ တိုင်းပြည်မှာ ကျွန်တော်စစ်သားလုပ်နေပါတယ် ။Chaw Su Su