၇ ယောက်နဲ့ ရာချီအုပ်ကြီးကို ၃ နာရီလောက် ခံပစ်သွားတာတဲ့ ဂုတ်တွင်းထဲက ကောင်လေးကို လေးစားတယ်

3449





ရဲရင့်စွာပေါ့ …








unicode

၇ ယောက်နဲ့ ရာချီအုပ်ကြီးကို ၃ နာရီလောက် ခံပစ်သွားတာတဲ့

ဒီနေ့ ၁၀၁ က 2IC အကိုကြီးနဲ့ စကားပြောဖြစ်တော့ …

“ငါ ဂုတ်တွင်းထဲက ကောင်လေးကို လေးစားတယ်ကွာ .. ၇ ယောက်နဲ့ ရာချီအုပ်ကြီးကို ၃ နာရီလောက် ခံပစ်သွားတာ .. ” တဲ့

ဟုတ်တယ် …သူတို့အားလုံး ကျဆုံးကုန်ကြတယ် …

ရဲရင့်စွာပေါ့ …

လူခုနှစ်ယောက်နဲ့လူနှစ်ရာလက်သီးခြင်းယှဉ်ထိုးရင်တောင်လူအင်အားနဲသူကရှုံးမှာသေချာတယ်။

ဒါပေမဲ့…မနက်ကတော့လူ(7)ယာက်ကသုံးနာရီကျော်ခံချသွားတယ်။

သူတို့အကုန်ကျသွားမှတံတားကိုမိုင်းခွဲလို့ရသွားတယ်…

အင်အားခြင်းမမျှ-ပစ်အားခြင်းမမျှတာသိနေတယ်…..

ဆုတ်ခွါမယ်ဆို ဆုတ်လို့ရပေမဲ့မဆုတ်ဘဲ အသေခံချသွားတဲ့စိတ်ဓါတ်လေးစားစရာပါ။

စစ်သည်တယောက်ဆိုကျဆုံးသွားပေမဲ့ လက်တဖက်မှာ လက်ပစ်ဗုံးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားဆဲ

စစ်သည်အဆင့်အတန်းအားလုံးကိုလေးစားစွာအလေးပြုလိုက်ပါတယ်။Tha Dee Kha / Lin Htin Maung Maung