ယေန႔ႀကံဳေတြခဲ့ရေသာျမင္ကြင္းက စိတ္မခိုင္လ်ွင္ မ်က္ရည္က်မိမည္

495

ကြၽန္ေတာ္တာဝန္က်ရာေက်ာင္းသည္ တပ္မိသားစုဝင္မ်ား၏ကေလးေတြအမ်ားစုတက္ေသာေက်ာင္းျဖစ္ပါသည္။ယေန႔ႀကံဳေတြခဲ့ရေသာျမင္ကြင္းက စိတ္မခိုင္လ်ွင္ မ်က္ရည္က်မိမည္။

ဖခင္မ်ားမွာေရွ႕တန္းစစ္ေျမျပင္ထြက္ခြာမည္ျဖစ္ေသာေၾကာင့္ ေက်ာင္းသို႔သူတို႔၏ သားသမီးကေလးမ်ားအား လာေရာက္နႈတ္ဆက္ၾကရာ ကြၽန္ေတာ့္၏ G3ကေလး မိဘ ၃ /၄ဦးခန္႔လာၾကသည္။

“သမီးစာႀကိဳးစားေနာ္/သားစာႀကိဳးစားေနာ္/လိမ္လိမ္မာမာေနေနာ္/ဆရာ႕စကား/ဆရာမစကားနားေထာင္ေနာ္/ေဖႀကီးျပန္လာမွာတဲ့”

သားျဖစ္သူသမီးျဖစ္သူေလးမ်ားမွေရွ႕တန္းထြက္ စစ္ယူနီေဖာင္းအျပည့္အစုံနဲ႔ သူတို႔၏ဖခင္ကိုဖက္၍ ငိုၾကသည္။ကြၽန္ေတာ္G3အတန္းပိုင္ဆရာဒီျမင္ကြင္းကိုၾကည့္ရင္း မ်က္ရည္ဝဲဆို႔နစ္ေႂကြကြဲရပါဘီေလ။

ဆရာဆိုေတာ့ဟန္လုပ္ရင္း “သားတို႔သမီးတို႔ရယ္ဆရာတစ္ေယာက္လုံးရွိေသးတာ ဘာအားငယ္စရာလိုလဲ။သားတို႔သမီးတို႔ရဲ႕ေဖႀကီးျပန္လာရင္ ဆရာပါလိုက္ႀကိဳေပးမွာ။

ဆရာတစ္ေယာက္လုံးရွိေသးတယ္ဘာမွအားမငယ္နဲ႔သမီးေလးသားေလးတို႔ရယ္။”လို႔အားေပးမိခဲ့ပါတယ္ဗ်ာ….။KG/G1/G2/G3/G-5ကေလးမ်ားသည္ အသိအျမင္ရွိေနၾကဘီေလ။

ေရွ႕တန္းစစ္ေျမျပင္ ထြက္ရမယ္ဆိုေတာ့ ျပန္လာမယ္ေျပာၿပီးျပန္မလာေတာ့တဲ့ သူတို႔သူငယ္ခ်င္းေတြရဲ႕ေဖေဖေတြအေၾကာင္းကိုလည္းျမင္ေတြ႕ၾကားသိေနရေတာ့။

ေက်ာင္းေပါက္ဝကေန ျပန္ထြက္သြားေနတဲ့ သူတို႔ဖခင္ေတြကိုလွမ္းေျပာလိုက္ပုံက”ေဖေဖေရေရွ႕တန္းက ျမန္ျမန္ျပန္လာခဲ့ေနာ္တဲ့”

ကြၽန္ေတာ္လဲကေလးေတြ ဟိုတဖက္အကြယ္ကိုလွည့္ၿပီးကြၽန္ေတာ့္မ်က္ဝန္းကို ကေလးေတြမသိေအာင္သုတ္ေနမိေလရဲ႕😢😢😢

ကြၽန္ေတာ့္ရဲ႕G3ကေလးေတြခံစားခ်က္ကို ကြၽန္ေတာ္ထပ္တူထပ္မ်ွ ခံစားရမိပါတယ္။မည္သည့္ကေလးမွ သူတို႔ရဲ႕ဖခင္ေရွ႕တန္းထြက္မွာကို မလိုလားၾကေတာ့။ျပန္မလာမွာကို မလိုလားၾကေတာ့ပါ။

အင္းးးးးးးးစစ္ပြဲေတြေအးၿငိမ္းပါေစ။ျမန္မာျပည္ႀကီးၿငိမ္းခ်မ္းပါေစ။ ေအးခ်မ္းသာယာပါေစ။မိသားစုေတြေပ်ာ္ရႊင္ခ်မ္းေျမ့ၾကပါေစ။W.Y.M.H

unicode

ကျွန်တော်တာဝန်ကျရာကျောင်းသည် တပ်မိသားစုဝင်များ၏ကလေးတွေအများစုတက်သောကျောင်းဖြစ်ပါသည်။ယနေ့ကြုံတွေခဲ့ရသောမြင်ကွင်းက စိတ်မခိုင်လျှင် မျက်ရည်ကျမိမည်။

ဖခင်များမှာရှေ့တန်းစစ်မြေပြင်ထွက်ခွာမည်ဖြစ်သောကြောင့် ကျောင်းသို့သူတို့၏ သားသမီးကလေးများအား လာရောက်နှုတ်ဆက်ကြရာ ကျွန်တော့်၏ G3ကလေး မိဘ ၃ /၄ဦးခန့်လာကြသည်။

“သမီးစာကြိုးစားနော်/သားစာကြိုးစားနော်/လိမ်လိမ်မာမာနေနော်/ဆရာ့စကား/ဆရာမစကားနားထောင်နော်/ဖေကြီးပြန်လာမှာတဲ့”

သားဖြစ်သူသမီးဖြစ်သူလေးများမှရှေ့တန်းထွက် စစ်ယူနီဖောင်းအပြည့်အစုံနဲ့ သူတို့၏ဖခင်ကိုဖက်၍ ငိုကြသည်။ကျွန်တော်G3အတန်းပိုင်ဆရာဒီမြင်ကွင်းကိုကြည့်ရင်း မျက်ရည်ဝဲဆို့နစ်ကြွေကွဲရပါဘီလေ။

ဆရာဆိုတော့ဟန်လုပ်ရင်း “သားတို့သမီးတို့ရယ်ဆရာတစ်ယောက်လုံးရှိသေးတာ ဘာအားငယ်စရာလိုလဲ။သားတို့သမီးတို့ရဲ့ဖေကြီးပြန်လာရင် ဆရာပါလိုက်ကြိုပေးမှာ။

ဆရာတစ်ယောက်လုံးရှိသေးတယ်ဘာမှအားမငယ်နဲ့သမီးလေးသားလေးတို့ရယ်။”လို့အားပေးမိခဲ့ပါတယ်ဗျာ….။KG/G1/G2/G3/G-5ကလေးများသည် အသိအမြင်ရှိနေကြဘီလေ။

ရှေ့တန်းစစ်မြေပြင် ထွက်ရမယ်ဆိုတော့ ပြန်လာမယ်ပြောပြီးပြန်မလာတော့တဲ့ သူတို့သူငယ်ချင်းတွေရဲ့ဖေဖေတွေအကြောင်းကိုလည်းမြင်တွေ့ကြားသိနေရတော့။

ကျောင်းပေါက်ဝကနေ ပြန်ထွက်သွားနေတဲ့ သူတို့ဖခင်တွေကိုလှမ်းပြောလိုက်ပုံက”ဖေဖေရေရှေ့တန်းက မြန်မြန်ပြန်လာခဲ့နော်တဲ့”

ကျွန်တော်လဲကလေးတွေ ဟိုတဖက်အကွယ်ကိုလှည့်ပြီးကျွန်တော့်မျက်ဝန်းကို ကလေးတွေမသိအောင်သုတ်နေမိလေရဲ့😢😢😢

ကျွန်တော့်ရဲ့G3ကလေးတွေခံစားချက်ကို ကျွန်တော်ထပ်တူထပ်မျှ ခံစားရမိပါတယ်။မည်သည့်ကလေးမှ သူတို့ရဲ့ဖခင်ရှေ့တန်းထွက်မှာကို မလိုလားကြတော့။ပြန်မလာမှာကို မလိုလားကြတော့ပါ။

အင်းးးးးးးးစစ်ပွဲတွေအေးငြိမ်းပါစေ။မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ။ အေးချမ်းသာယာပါစေ။မိသားစုတွေပျော်ရွှင်ချမ်းမြေ့ကြပါစေ။W.Y.M.H