ဇာတ္ေတာ္လာစူဠလိပ္အား ေရနစ္သတ္ရန္ အၾကံေပးေသာပုဏၰား

965

ရဲွရွဲနီပါ ျမန္မာတို႔ရြာနံေဘးက ကားလမ္းမွာကုန္စိမ္းကားတစ္စီး ဘီးေပါက္လို႔ကားဆရာကားေအာက္၀င္ နတ္ျဖဳတ္ေနတုန္းျဖတ္သြားျဖတ္လာ လူတစ္ေယာက္ကကားဆရာအလစ္မွာ နတ္တစ္လံုးကိုေကာက္ယူလို႔သံတိုသံစ၀ယ္တဲ့ဆိုင္ သြားေရာင္းတာ ၁၅၀ ေတာင္ရသတဲ့။

သူ႔အတြက္ေတာ့ကြမ္းယာေဆးလိပ္ တစ္ေန႔စာ ဖူလံုသြားေပမဲ့ပံုစံတူနတ္ရွာမရလို႔ ကုန္စိမ္းကားကေတာ့အဲဒီေနရာမွာ ၂ ညေတာင္အိပ္လိုက္ရသတဲ့။ကုန္စိမ္းေတြလည္း အခ်ိန္မွီ ေစ်းမေရာက္ေတာ့ပုပ္ကုန္ျပီးအမွိဳက္ပံု ေရာက္သြားၾကတယ္။ကုန္စိမ္းသည္ေတြလည္း ရွံဳးလိုက္တာ ခြက္ခြက္လန္ဘဲ။

တို႔ရြာနားက လယ္ကြင္းမွာဘိုဒူဇာတစ္စီး ေျမတူးရင္းမိုးက်လာလို႔ေနာက္ႏွစ္အတြက္ မျပန္ေတာ့ဘဲနီးရာလယ္သမား တစ္ေယာက္ကို အပ္ခဲ့သတဲ့။ရြာမွာ ဇရွိတဲ့လူေတြကဘိုဒူဇာအတြင္း ကလီဇာကို ျဖဳတ္ဖ်က္ျပီးသံရည္ၾကိဳတဲ့ ဆိုင္သြားေရာင္းတာ ၂ေသာင္းခြဲေတာင္ရသတဲ့။

ဘိုဒူဇာျပင္ဘို႔ ကုမၼဏီကစကၤာပူကိုပစၥည္းမွာတာ သိန္း၃၀၀ဘိုးက်သတဲ့။သူခိုး ႏြားေကာင္းမသိရ ဆိုတာဒါမ်ိဳးနဲ႔တူပါရဲ႕။မုတၱမေကြ႔က ေရနံနဲ႔ သဘာ၀ဓာတ္ေငြ႔ကိုယိုးဒယားကိုေရာင္းတာတစ္စည္ကို ၁၇ ေဒၚလာၾကီးမ်ားေတာင္ ရသတဲ့။ယိုးဒယားကလာတဲ့ ဓာတ္ဆီကတစ္ဂါလံမွ ၅၅၀၀ိ တည္းရယ္။

မနက္မိုးလင္းတိုင္းမွာထိုင္းျပည္သူေတြကဆာ၀ါသီခပ္ ျမန္မာျပည္ဆိုျပီးေန႔တိုင္းနွဳတ္ခြန္းဆက္ေနေလရဲ႕။ေရႊလီျမစ္ေပၚကေရအားလွ်ပ္စစ္ရဲ႕ေက်းဇူးေၾကာင့္တရုပ္ျပည္ ယူနန္ျပည္နယ္မွာတႏွစ္ကိုေက်ာက္မီးေသြးတန္ခ်ိန္ ၂ ေသာင္းေတာင္သက္သာသြားေလရဲ႕။

လွ်ပ္စစ္အေရာင္းအ၀ယ္ ဘယ္လိုဆိုတာက်ဳပ္တို႔ျပည္သူေတြမသိရေပမဲ့ယူနန္ျပည္သူအေပါင္းကေတာ့ညေနမိုးခ်ဳပ္ေလတိုင္းေထာင္ေသာင္းမက ရွဲရွဲနီပါရဲ႕ျမန္မာျပည္ ဆိုျပီးအိပ္ယာ၀င္တိုင္းေက်းဇူးတင္ေလရဲ႕။

က်ဳပ္တို႕ျမန္မာျပည္မွာေတာ့…..မီးအားမမွန္လို႔ ၀ါယာေရွာ့ျဖစ္ျပီးမဂၤလာေစ်းၾကီးမီးေလာင္တာ သိန္း……ေထာင္ဘိုး…….

သကၤန္းကၽြန္းေစ်း……………..

ပခုကၠဴေစ်း………………..

မံုရြာေစ်း……………….

ေမာ္လျမိဳင္ေစ်း…………….

ေစ်းေတြ…………..ေစ်းေတြ……………မီးေတြေလာင္တာ သိန္းရာေထာင္ေသာင္းေပါင္းမ်ားစြာလွ်ပ္စစ္မလံုေလာက္ေတာ့ ထင္းမီးနဲ႔ခ်က္လို႕ေလာင္တဲ့မီးက မေရမတြက္နိဳင္တဲ့ အၾကိမ္ေပါင္းမ်ားစြာ…….

အိုးမဲ့ အိမ္မဲ့ ေထာင္ေသာင္းေပါင္းမ်ားစြာပူအိုက္တဲ့ရာသီမွာ မီးမလာလို႕မီဖစက္နဲ႕ အဲယားကြန္းတြဲဖြင့္ျပီးအိပ္တာအိမ္ထဲရွိရွိသမွ် လူအားလံုးကေလး လူၾကီးေခြးေၾကာင္ပါမက်န္ကာဗြန္အဆိပ္သင့္ျပီးမာလက စ်န္ၾကြ သြားရတာေတြလည္းရွိရဲ႕။

ဒီအခ်ိန္မွာ မီးပ်က္ေနက်မီးပ်က္တုန္း ၀ါယာျပင္လိုက္ဦးမွဆိုျပီးလက္နဲ႔အကိုင္ သူနဲ႕က်မွတိုက္တိုက္ဆိုင္ဆိုင္ဆိုသလို ဓာတ္လိုက္ျပီးေသတာလည္း ရွိရဲ႕။

တျမိဳ႕လံုးညံေနတဲ့မီးစက္သံနဲ႕ ထြက္လာတဲ့ကာဗြန္ဓာတ္ေငြ႕ေတြေၾကာင့္ေထာင္ေသာင္းမကေသာအဆုတ္ေရာဂါသည္ေတြဟာ တရုပ္ကလာတဲ့ ေစ်းေပါေပါေဆးကိုကြမ္းယာသည္ကုလားေဒါက္တာအပ္ပနားရဲ႕လမ္းညႊန္မွဳနဲ႔ ၀ယ္ေသာက္ေနၾကရတယ္။၅၀တန္တဲ့ေဆးကို ၁၅၀ ေရာင္းျပီး အႏုတ္မရွိတဲ့ အေၾကာင္းျပခ်က္နဲ႕သၾကားလံုးက အဆစ္ပါလာေသးတယ္။

ေခ်ာင္းဆိုးရင္ ေရႊေတာင္ၾကီးရင္ၾကပ္ေတာ့ ထက္လင္းေသြးတိုး ေလငန္း ႏွလံုးစတာေတြက ေအးျငိမ္းသီတာဒီထက္ပိုလာရင္ေတာ့ ျဖဴနီျပာ၀ါ ေရာင္မ်ိဳးစံုျပီးဘာမွန္းမသိတဲ့ ေဆးေတြနဲ႕၂ပါးသြားေနလိုက္ၾကတာကြမ္းယာသည္ ကုလားအတြက္ေတာ့ဟီးေနတဲ့တိုက္အိမ္ၾကီးကိုအျပီးတိုင္ေစခဲ့တယ္။

ေဆးထိုးအပ္ကိုင္ျပီး စတိုင္အျပည့္နဲ႔ ရမ္းကုေတြကလည္းျမိဳ႔ျပနဲ႕အလွမ္းေ၀းတဲ့ေဒသေတြမွာမွိဳလိုေပါလာခဲ့တယ္။ေငြေၾကးတက္နိဳင္တဲ့ သူေတြကေတာ့ကိုယ့္တိုင္းျပည္က ေဆးရံုကိုဘာေၾကာင့္ရယ္မသိ ေက်ာ္ခြလို႔ယိုးဒယားသြား ေဆးကုဘို႔အတြက္သံရံုးမွာ ဗီဇာတန္းစီေနေလရဲ႕။

တရုပ္နဲ႔ ထိုင္းကလာတဲ့လွ်ပ္စစ္နဲ႔ ပတ္သက္သမွ်ေသာတီဗီေအာက္စက္ ေရခဲေသတၱာအစရွိေသာလူသံုးကုန္ပစၥည္း အေပါင္းတို႔သည္လည္းမမွန္ေလေသာ လွ်ပ္စစ္မီးေၾကာင့္ပ်က္အစဥ္ ျပင္ခဏ ဆိုေသာစကားကဲ့သို႕ျပင္လွ်င္ခဏသာေကာင္းျပီး အျမဲပ်က္ေနေသာေၾကာင့္ျပင္ခမတတ္နိဳင္ရကားအမိွဳက္ပံုသို႔ သာျမန္းရေလသတည္း။

လွ်ပ္စစ္မီး မလံုေလာက္ေသာေၾကာင့္ ေသာ္လည္းေကာင္းလွ်ပ္စစ္မီးမရ ေလေသာေၾကာင့္ ေသာ္လည္းေကာင္းဘတၳရီအိုး ၀ယ္သံုးေလေသာေၾကာင့္အက္စစ္ႏွင့္ခဲ ဓာတ္ျပဳကာ ထြက္လာေသာအနံ႔ကို ရွဴမိေသာေၾကာင့္ခဲဆိပ္သင့္ရေသာ ခေလးငယ္တို႔ကား မေရတြက္နိဳင္ကုန္။

နံနက္လင္းတိုင္းရွဲရွဲျမည္ျပီးမွ စီးတတ္ေလထေသာ အရည္ေၾကာင္းမွ အစျပဳ၍ျမန္မာျပည္တ၀ွမ္းရွိရွိသမွ် ေျမာင္းေခ်ာင္းျမစ္အေပါင္းတို႕၏အေၾကာင္းခ်င္းရာအစံုလင္ကိုႏွံ႔စပ္သိျမင္ေသာအရာ၌ငါ့ေလာက္သိသူ ဤျမန္ျပည္၌ ငါသည္ပင္လွ်င္မရွိဟူ၍မိမိကိုယ္ကို မိမိဘာသာအမြန္းတင္လြန္းေသာျမစ္ေခ်ာင္းေျမာင္းတကာအရာ၌ ပါရဂူဆည္အရာ၌ …….

ဧတဒဂ္ရေတာ္မူေသာႏြားႏွင့္ပင္လွ်င္လွ်ပ္စစ္ထုတ္ရန္ၾကိဳးပမ္းဘို႔ရာ လမ္းညႊန္တတ္ေသာ၀န္ၾကီးအဖြဲ႕၌သူလည္းတပါးအပါ၀င္ျဖစ္ေသာဟို၀န္ၾကီးေျပာစကားအရလွ်ပ္စစ္ဟူသည္ ပါကင္ထုပ္၍မရျမန္မာျပည္၌ ပိုလွ်ံလြန္းေသာေၾကာင့္အိမ္နီးခ်င္းတိုင္းျပည္ကိုအလကားနီးပါးေစ်းႏွင့္ၾကိဳးသြယ္၍ေရာင္းရသည္။

ထိုစကားကို ကၽြန္ဳပ္တို႕ျမန္မာျပည္သူအေပါင္းသည္ေဒါနေတာင္တန္းသို႔တိုင္ ရုိက္ခတ္၍လာေသာရေနာင္း မဲေဆာက္ ဘန္ေကာက္ အနိွပ္ခန္းတို႕မွလံုမပ်ိဳတို႕၏ရွိဳက္သံကဲ့သို႔ ေသာ္လည္းေကာင္းရွမ္းကုန္းေျမျမင့္ကိုပင္ တုန္ခါေစခဲ့ေသာၾကယ္ေခါင္ ကာရာအိုေကခန္းမွပေလာင္ပ်ိဳျဖဴငယ္တို႔၏ငိုညည္းသံကဲ့သို႔ေသာ္လည္းေကာင္း……

ဧရာ၀တီျမစ္ကိုပင္ လွိဳင္းတံပိုးထေစအပ္ေသာကိုယ့္တိုင္းျပည္မွာ အလုပ္မရွိေလေသာေၾကာင့္တိုင္းတပါး၌ ရရာအလုပ္ကိုေအာက္က်ခံကာ လုပ္ကိုင္ေနၾကရေသာျမန္မာတို႔၏ ေတာက္ေခါက္သံ ကဲ့သို႔ေသာ္လည္းေကာင္းအံၾကိတ္ကာ ဟန္လုပ္ျပီး လက္ခုပ္တီး၍ေထာက္ခံအပ္၏။

တိမ္သလႅာဖုံးအုပ္ေသာလကြယ္ည၏သန္းေကာင္ယံအခါကာလ၌ေတာအုပ္အလယ္တြင္ ေရာက္ေနေသာ သူကဲ့သို႕အေမွာင္တြင္းမွ ကၽြန္ဳပ္တို႕ျမန္မာျပည္သူအေပါင္းသည္ကားညအိပ္ယာ၀င္ေလတိုင္းယိုးဒယားဘက္သို႕လည္း ရွိခိုးရ၏။

တရုပ္ဘက္သို႔လည္း လက္အုပ္ခ်ီရေလသည္။အႏၵိယျပည္ဘက္သို႔လည္း ေမတၱာအစစ္ပို႔လႊတ္ရေသး၏။စက္မွဳစြမ္းအား ေခတ္ေက်ာ္လႊားေခတ္မီဖြံ႕ျဖိဳးတိုးတက္ေသာ စက္မွဳနိဳင္ငံေတာ္ၾကီးတည္ေဆာက္အံ့အစရွိေသာေဆာင္ပုဒ္တို႔ျဖင့္ ေၾကြးေၾကာ္ကာစက္မွဳစြမ္းအားအတြက္ ……

မရွိမျဖစ္လိုအပ္ေသာလွ်ပ္စစ္ဓာတ္အားကိုေစ်းေပါေပါျဖင့္ ေရာင္းစား၀ံ့ေသာကၽြန္ဳပ္တို႔၏ ေခါင္းေဆာင္အေပါင္းတို႔သည္ကားဘူရိဒတ္ ဇာတ္ေတာ္လာစူဠလိပ္အား ေရနစ္သတ္ရန္ အၾကံေပးေသာပုဏၰားႏွင့္သာ တူေခ်ေတာ့သည္။

နံနက္လင္းေသာ္ယိုးဒယားျပည္ဘက္မွ ဆာ၀ါသီခတ္ ဟူ၍လည္းေကာင္း..

ညေနမိုးခ်ဳပ္ေသာ္..တရုပ္ျပည္ဘက္မွ ရွဲရွဲနီ ဟူ၍ေသာ္လည္းေကာင္း..

ျမန္မာျပည္ဘက္သို႔ လွည့္ကာ. ႏွစ္ေပါင္းသံုးဆယ္ မျပည့္မခ်င္း.. မဂၤလာႏွဳတ္ခြန္း ဆက္ေလေတာ့သတည္း။(ေနရဲနီ)သီတာအေကာင့္မွကူးယူပါသည္

unicode

ရှဲရှဲနီပါ မြန်မာတို့ရွာနံဘေးက ကားလမ်းမှာကုန်စိမ်းကားတစ်စီး ဘီးပေါက်လို့ကားဆရာကားအောက်ဝင် နတ်ဖြုတ်နေတုန်းဖြတ်သွားဖြတ်လာ လူတစ်ယောက်ကကားဆရာအလစ်မှာ နတ်တစ်လုံးကိုကောက်ယူလို့သံတိုသံစဝယ်တဲ့ဆိုင် သွားရောင်းတာ ၁၅၀ တောင်ရသတဲ့။

သူ့အတွက်တော့ကွမ်းယာဆေးလိပ် တစ်နေ့စာ ဖူလုံသွားပေမဲ့ပုံစံတူနတ်ရှာမရလို့ ကုန်စိမ်းကားကတော့အဲဒီနေရာမှာ ၂ ညတောင်အိပ်လိုက်ရသတဲ့။ကုန်စိမ်းတွေလည်း အချိန်မှီ စျေးမရောက်တော့ပုပ်ကုန်ပြီးအမှိုက်ပုံ ရောက်သွားကြတယ်။ကုန်စိမ်းသည်တွေလည်း ရှုံးလိုက်တာ ခွက်ခွက်လန်ဘဲ။

တို့ရွာနားက လယ်ကွင်းမှာဘိုဒူဇာတစ်စီး မြေတူးရင်းမိုးကျလာလို့နောက်နှစ်အတွက် မပြန်တော့ဘဲနီးရာလယ်သမား တစ်ယောက်ကို အပ်ခဲ့သတဲ့။ရွာမှာ ဇရှိတဲ့လူတွေကဘိုဒူဇာအတွင်း ကလီဇာကို ဖြုတ်ဖျက်ပြီးသံရည်ကြိုတဲ့ ဆိုင်သွားရောင်းတာ ၂သောင်းခွဲတောင်ရသတဲ့။

ဘိုဒူဇာပြင်ဘို့ ကုမ္မဏီကစင်္ကာပူကိုပစ္စည်းမှာတာ သိန်း၃ဝဝဘိုးကျသတဲ့။သူခိုး နွားကောင်းမသိရ ဆိုတာဒါမျိုးနဲ့တူပါရဲ့။မုတ္တမကွေ့က ရေနံနဲ့ သဘာဝဓာတ်ငွေ့ကိုယိုးဒယားကိုရောင်းတာတစ်စည်ကို ၁၇ ဒေါ်လာကြီးများတောင် ရသတဲ့။ယိုးဒယားကလာတဲ့ ဓာတ်ဆီကတစ်ဂါလံမှ ၅၅၀၀ိ တည်းရယ်။

မနက်မိုးလင်းတိုင်းမှာထိုင်းပြည်သူတွေကဆာဝါသီခပ် မြန်မာပြည်ဆိုပြီးနေ့တိုင်းနှုတ်ခွန်းဆက်နေလေရဲ့။ရွှေလီမြစ်ပေါ်ကရေအားလျှပ်စစ်ရဲ့ကျေးဇူးကြောင့်တရုပ်ပြည် ယူနန်ပြည်နယ်မှာတနှစ်ကိုကျောက်မီးသွေးတန်ချိန် ၂ သောင်းတောင်သက်သာသွားလေရဲ့။

လျှပ်စစ်အရောင်းအဝယ် ဘယ်လိုဆိုတာကျုပ်တို့ပြည်သူတွေမသိရပေမဲ့ယူနန်ပြည်သူအပေါင်းကတော့ညနေမိုးချုပ်လေတိုင်းထောင်သောင်းမက ရှဲရှဲနီပါရဲ့မြန်မာပြည် ဆိုပြီးအိပ်ယာဝင်တိုင်းကျေးဇူးတင်လေရဲ့။

ကျုပ်တို့မြန်မာပြည်မှာတော့…..မီးအားမမှန်လို့ ၀ါယာရှော့ဖြစ်ပြီးမင်္ဂလာစျေးကြီးမီးလောင်တာ သိန်း……ထောင်ဘိုး…….

သင်္ကန်းကျွန်းစျေး……………..

ပခုက္ကူစျေး………………..

မုံရွာစျေး……………….

မော်လမြိုင်စျေး…………….

စျေးတွေ…………..စျေးတွေ……………မီးတွေလောင်တာ သိန်းရာထောင်သောင်းပေါင်းများစွာလျှပ်စစ်မလုံလောက်တော့ ထင်းမီးနဲ့ချက်လို့လောင်တဲ့မီးက မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ…….

အိုးမဲ့ အိမ်မဲ့ ထောင်သောင်းပေါင်းများစွာပူအိုက်တဲ့ရာသီမှာ မီးမလာလို့မီဖစက်နဲ့ အဲယားကွန်းတွဲဖွင့်ပြီးအိပ်တာအိမ်ထဲရှိရှိသမျှ လူအားလုံးကလေး လူကြီးခွေးကြောင်ပါမကျန်ကာဗွန်အဆိပ်သင့်ပြီးမာလက စျန်ကြွ သွားရတာတွေလည်းရှိရဲ့။

ဒီအချိန်မှာ မီးပျက်နေကျမီးပျက်တုန်း ၀ါယာပြင်လိုက်ဦးမှဆိုပြီးလက်နဲ့အကိုင် သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ဓာတ်လိုက်ပြီးသေတာလည်း ရှိရဲ့။

တမြို့လုံးညံနေတဲ့မီးစက်သံနဲ့ ထွက်လာတဲ့ကာဗွန်ဓာတ်ငွေ့တွေကြောင့်ထောင်သောင်းမကသောအဆုတ်ရောဂါသည်တွေဟာ တရုပ်ကလာတဲ့ စျေးပေါပေါဆေးကိုကွမ်းယာသည်ကုလားဒေါက်တာအပ်ပနားရဲ့လမ်းညွှန်မှုနဲ့ ဝယ်သောက်နေကြရတယ်။၅ဝတန်တဲ့ဆေးကို ၁၅၀ ရောင်းပြီး အနုတ်မရှိတဲ့ အကြောင်းပြချက်နဲ့သကြားလုံးက အဆစ်ပါလာသေးတယ်။

ချောင်းဆိုးရင် ရွှေတောင်ကြီးရင်ကြပ်တော့ ထက်လင်းသွေးတိုး လေငန်း နှလုံးစတာတွေက အေးငြိမ်းသီတာဒီထက်ပိုလာရင်တော့ ဖြူနီပြာဝါ ရောင်မျိုးစုံပြီးဘာမှန်းမသိတဲ့ ဆေးတွေနဲ့၂ပါးသွားနေလိုက်ကြတာကွမ်းယာသည် ကုလားအတွက်တော့ဟီးနေတဲ့တိုက်အိမ်ကြီးကိုအပြီးတိုင်စေခဲ့တယ်။

ဆေးထိုးအပ်ကိုင်ပြီး စတိုင်အပြည့်နဲ့ ရမ်းကုတွေကလည်းမြို့ပြနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာမှိုလိုပေါလာခဲ့တယ်။ငွေကြေးတက်နိုင်တဲ့ သူတွေကတော့ကိုယ့်တိုင်းပြည်က ဆေးရုံကိုဘာကြောင့်ရယ်မသိ ကျော်ခွလို့ယိုးဒယားသွား ဆေးကုဘို့အတွက်သံရုံးမှာ ဗီဇာတန်းစီနေလေရဲ့။

တရုပ်နဲ့ ထိုင်းကလာတဲ့လျှပ်စစ်နဲ့ ပတ်သက်သမျှသောတီဗီအောက်စက် ရေခဲသေတ္တာအစရှိသောလူသုံးကုန်ပစ္စည်း အပေါင်းတို့သည်လည်းမမှန်လေသော လျှပ်စစ်မီးကြောင့်ပျက်အစဉ် ပြင်ခဏ ဆိုသောစကားကဲ့သို့ပြင်လျှင်ခဏသာကောင်းပြီး အမြဲပျက်နေသောကြောင့်ပြင်ခမတတ်နိုင်ရကားအမှိုက်ပုံသို့ သာမြန်းရလေသတည်း။

လျှပ်စစ်မီး မလုံလောက်သောကြောင့် သော်လည်းကောင်းလျှပ်စစ်မီးမရ လေသောကြောင့် သော်လည်းကောင်းဘတ္ထရီအိုး ဝယ်သုံးလေသောကြောင့်အက်စစ်နှင့်ခဲ ဓာတ်ပြုကာ ထွက်လာသောအနံ့ကို ရှူမိသောကြောင့်ခဲဆိပ်သင့်ရသော ခလေးငယ်တို့ကား မရေတွက်နိုင်ကုန်။

နံနက်လင်းတိုင်းရှဲရှဲမြည်ပြီးမှ စီးတတ်လေထသော အရည်ကြောင်းမှ အစပြု၍မြန်မာပြည်တဝှမ်းရှိရှိသမျှ မြောင်းချောင်းမြစ်အပေါင်းတို့၏အကြောင်းချင်းရာအစုံလင်ကိုနှံ့စပ်သိမြင်သောအရာ၌ငါ့လောက်သိသူ ဤမြန်ပြည်၌ ငါသည်ပင်လျှင်မရှိဟူ၍မိမိကိုယ်ကို မိမိဘာသာအမွန်းတင်လွန်းသောမြစ်ချောင်းမြောင်းတကာအရာ၌ ပါရဂူဆည်အရာ၌ …….

ဧတဒဂ်ရတော်မူသောနွားနှင့်ပင်လျှင်လျှပ်စစ်ထုတ်ရန်ကြိုးပမ်းဘို့ရာ လမ်းညွှန်တတ်သောဝန်ကြီးအဖွဲ့၌သူလည်းတပါးအပါဝင်ဖြစ်သောဟိုဝန်ကြီးပြောစကားအရလျှပ်စစ်ဟူသည် ပါကင်ထုပ်၍မရမြန်မာပြည်၌ ပိုလျှံလွန်းသောကြောင့်အိမ်နီးချင်းတိုင်းပြည်ကိုအလကားနီးပါးစျေးနှင့်ကြိုးသွယ်၍ရောင်းရသည်။

ထိုစကားကို ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်ဒေါနတောင်တန်းသို့တိုင် ရိုက်ခတ်၍လာသောရနောင်း မဲဆောက် ဘန်ကောက် အနှိပ်ခန်းတို့မှလုံမပျိုတို့၏ရှိုက်သံကဲ့သို့ သော်လည်းကောင်းရှမ်းကုန်းမြေမြင့်ကိုပင် တုန်ခါစေခဲ့သောကြယ်ခေါင် ကာရာအိုကေခန်းမှပလောင်ပျိုဖြူငယ်တို့၏ငိုညည်းသံကဲ့သို့သော်လည်းကောင်း……

ဧရာဝတီမြစ်ကိုပင် လှိုင်းတံပိုးထစေအပ်သောကိုယ့်တိုင်းပြည်မှာ အလုပ်မရှိလေသောကြောင့်တိုင်းတပါး၌ ရရာအလုပ်ကိုအောက်ကျခံကာ လုပ်ကိုင်နေကြရသောမြန်မာတို့၏ တောက်ခေါက်သံ ကဲ့သို့သော်လည်းကောင်းအံကြိတ်ကာ ဟန်လုပ်ပြီး လက်ခုပ်တီး၍ထောက်ခံအပ်၏။

တိမ်သလ္လာဖုံးအုပ်သောလကွယ်ည၏သန်းကောင်ယံအခါကာလ၌တောအုပ်အလယ်တွင် ရောက်နေသော သူကဲ့သို့အမှောင်တွင်းမှ ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်ကားညအိပ်ယာဝင်လေတိုင်းယိုးဒယားဘက်သို့လည်း ရှိခိုးရ၏။

တရုပ်ဘက်သို့လည်း လက်အုပ်ချီရလေသည်။အန္ဒိယပြည်ဘက်သို့လည်း မေတ္တာအစစ်ပို့လွှတ်ရသေး၏။စက်မှုစွမ်းအား ခေတ်ကျော်လွှားခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံတော်ကြီးတည်ဆောက်အံ့အစရှိသောဆောင်ပုဒ်တို့ဖြင့် ကြွေးကြော်ကာစက်မှုစွမ်းအားအတွက် ……

မရှိမဖြစ်လိုအပ်သောလျှပ်စစ်ဓာတ်အားကိုစျေးပေါပေါဖြင့် ရောင်းစားဝံ့သောကျွန်ုပ်တို့၏ ခေါင်းဆောင်အပေါင်းတို့သည်ကားဘူရိဒတ် ဇာတ်တော်လာစူဠလိပ်အား ရေနစ်သတ်ရန် အကြံပေးသောပုဏ္ဏားနှင့်သာ တူချေတော့သည်။

နံနက်လင်းသော်ယိုးဒယားပြည်ဘက်မှ ဆာဝါသီခတ် ဟူ၍လည်းကောင်း..

ညနေမိုးချုပ်သော်..တရုပ်ပြည်ဘက်မှ ရှဲရှဲနီ ဟူ၍သော်လည်းကောင်း..

မြန်မာပြည်ဘက်သို့ လှည့်ကာ. နှစ်ပေါင်းသုံးဆယ် မပြည့်မချင်း.. မင်္ဂလာနှုတ်ခွန်း ဆက်လေတော့သတည်း။(နေရဲနီ)သီတာအကောင့်မှကူးယူပါသည်